
Healthy people should try to take 500 mg of omega 3 fish oil a day, say experts
Photo: GETTY
Source Photo from http://www.telegraph.co.uk
Photo: GETTY
Source Photo from http://www.telegraph.co.uk
အဆီဓာတ်များသော ငါးစားခြင်းဖြင့် ဆီးကြိတ်ကင်ဆာ
ဖြစ်နိုင်ခြေလျော့ကျနိုင်
ဖြစ်နိုင်ခြေလျော့ကျနိုင်
အဆီဓာတ်များများပါသော ငါးများစားခြင်းသည် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ သုတေသန ပြုလုပ်မှု ရလဒ်များအရ Omega-3အမည်ရှိ အဆီအက်ဆစ်တစ်မျိုး ပါဝင်သော ငါးများစားပါက ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေကို (၆၀)ရာခိုင်နှုန်းနီးပါး လျော့နည်းစေသည်ဟု သိရှိရသည်။
ဆော်လမွန်ကဲ့သို့ ငါးများတွင် ပေါပေါများများ ပါရှိသည့် Omega-3သည် ဆီးကြိတ်ကင်ဆာ ဖြစ်လာစေနိုင်သော အကြိတ်များ ဖြစ်ပေါ်လာမှုအား တားဆီးပေးနိုင်သည်။ ဆန်ဖရန်ဆစ္စကိုရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှပညာရှင်
များသည် ဆီးကြိတ်ကင်ဆာ ရောဂါရှင် အမျိုးသား (၄၆၆)ဦးနှင့် ကျန်းမာသော အမျိုးသား (၄၇၈)ဦးတို့ကို အဆီပါ
သော ငါးများကျွေးပြီး စနစ်တကျ စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြသည်။
စစ်တမ်းများအရ ဆီးကြိတ်ကင်ဆာ ရောဂါရှင် အမျိုးသားများတွင် ရောဂါပြင်းအား (၃၆)ရာခိုင်နှုန်းမျှထိ လျော့ကျ
သွားပြီး ကျန်းမာသော အမျိုးသားများတွင် ဆီးကြိတ်ကင်ဆာ ဖြစ်လာနိုင်သည့် အလားအလာ (၅၇)ရာခိုင်နှုန်း ကျဆင်းသွားသည်ကို ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။ Omega-3သည် အခွံမာငါးများတွင်လည်း တွေ့ရှိရတတ်သည့် အဆီအက်ဆစ်တစ်မျိုးဟု သုတေသနအဖွဲ့ခေါင်းဆောင် ပါမောက္ခ ဂျွန်ဝစ်တ်က ပြောဆိုခဲ့သည်။
Omega-3သည် ဆီးကြိတ်ကင်ဆာကို ထိထိရောက်ရောက် တားဆီးနိုင်သည့် အစွမ်းသတ္တိရှိကြောင်း ဆေးပညာရှင်
များက ယုံကြည်နေကြသည်။ ဗြိတိန်နိုင်ငံတွင် နှစ်စဉ် ဆီးကြိတ်ကင်ဆာ ဖြစ်ပွားသည့် အမျိုးသားဦးရေ (၃၅၀၀၀)ခန့်ရှိပြီး ၎င်းတို့အနက်မှ (၁၀၀၀၀)ခန့် သေဆုံးလေ့ရှိကြောင်းလည်း သတင်းရရှိသည်။
Copy from http://www.planet.com.mm
ဆီးကြိတ် ကင်ဆာရောဂါ
By ကိုဝင်းမင်း
ဗုဒ္ဓဟူး, 08 ဖေဖော်ဝါရီ 2012
ဆီးကြိတ်ကင်ဆာဟာ အမျိုးသားတွေမှာ မကြာခဏဆိုသလို တွေ့ရှိရလေ့ရှိပြီး ကမ္ဘာပေါ်မှာ ဆီးကြိတ်ကင်ဆာဖြစ်နှုန်း တနှစ်ပြီးတနှစ် များလာနေတာမို့ လူထုလှုပ်ရှားမှု့တွေ နိုင်ငံတချို့မှာ စတင် လုပ်ဆောင်လာနေပါပြီ။
မြန်မာနိုင်ငံမှာလည်း ဆီးကြိတ်ကင်ဆာဟာ အဖြစ်အများဆုံး ကင်ဆာ (၁၀) ခုထဲမှာ ပါနေတယ်လို့ မြန်မာကင်ဆာ အထူးကုတွေက ဆိုကြပါတယ်။ ကင်ဆာရောဂါက စောစောကြိုသိရင် အများစုကို ပျောက်ကင်းအောင် ကုသပေးနိုင်တာမို့ ရောဂါလက္ခဏာတွေ ဖြစ်လာရင် ဆေးအမြန်စစ်ဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။
ဘယ်လို ရောဂါလက္ခဏာတွေ ပြတတ်ပြီး၊ ဘယ်လို ဆေးစစ်မှု့နဲ့ ကုသမှု့ အမျိုးအစားတွေ ရှိနေပါသလဲ။ ဒီအကြောင်းတွေကို VOA သတင်းထောက် June Soh နဲ့ Art Chimes တို့ သတင်းပို့ထားတာနဲ့ မြန်မာနိုင်ငံထဲက ကင်ဆာအထူးကု အငြိမ်းစား ဆေးတက္ကသိုလ် ပါမောက္ခ ဆရာဝန်ကြီး ဦးစိုးအောင်, အား မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်း တင်ပြထားပါတယ်။
သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/--02_08_12_my-news-burma----138923209.html




