ငန်းကယ့်သို့ စကားပြောပါ
(မင်းစိုးစံ)February 27, 2012
ငန်းဆိုတာမျိုးကတော့ သိတော်မူကြတဲ့အတိုင်းပါပဲ လည်ပင်းအင်မတန်ရှည်ပါတယ် ကျုပ်တို့ဗမာစကားပုံမှာ အစွယ်ကိုခြံခတ်ဆိုတဲ့အတိုင်း ကျုပ်တို့တတွေခွေးမွေးကြတယ်၊ ခွေးကခြံလုံတယ်လေ ခပ်လှမ်းလှမ်းက လူရိပ် တွေဘာတွေမြင်လျင် ဟောင်တတ်တယ်မဟုတ်လား၊ ဒီတော့လူအများစုက ခွေးမွေးတတ်ကြတယ်။။
ကျုပ်သူငယ်ချင်းကျတော့ ငန်းမွေးတယ်ဗျ၊ ငန်းလည်းခွေးလိုပဲ လူရိပ်မြင်လျင် သူ့အသံနဲ့သတိပေးတတ်သလို လိုက်ဆိပ်တတ်တယ်ပြောတယ်၊ ပြီးတော့ ကင်းခြေများ မြွေ လိုအကောင်မျိုးလောက်ဆို သူကအကုန်စားပစ် တာဆိုတော့ မြွေပါး ကင်းပါးလည်း ဝေးတာပေါ့။
နောက်တခုက ငန်းဆိုတဲ့အကောင်မျိုးက သတ်စားတဲ့အခါ ပြဿနာမရှိပေမယ့် ခွေးကျတော့ သိပ်မဖြစ်ဘူးလို့
ထင်တာပဲ၊ တချို့ပြောလိမ့်မယ် အံမယ်လေး ခွေးသားစားတာများ အဆန်းလုပ်လို့ ခွေးသားရှာမရလို့ ခက်နေတာ တရုတ်ဘက်ကိုခွေးတွေကို ၁၀ဘီး ကားတွေနဲ့ပို့နေတာများ လောက်တောင်မလောက်ဘူး။
ဟုတ်ပါတယ် ခုခေတ်လူတွေက သိပ်ပြီးတော့မရှောင်တော့ဘူး လူတွေအားလုံးကိုဆိုလိုတာတော့မဟုတ်ပါဘူး အချို့
လူတွေဆို ဘာဆိုဘာမျှမရှောင်တာ ကာမပိုင် လင်ယောက်ျားရှိသည်ဖြစ်စေ ကာမပိုင်ဇနီးမယားရှိသည်ဖြစ်စေ ဘာဆို ဘာမျှကိုမစောင့်ဆည်းတော့တာ။
ကျုပ်တို့ရှေးကရင်လူကြီးတွေကတော့ မှာထားခဲ့ဘူးတယ်၊ ခွေးသားကို ဆေးဝါးအဖြစ်နဲ့ စားလို့ရပါတယ်၊ ကာ လ
သားတွေ အပျော်တမ်းချက်စားလို့ရပါတယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေ ချင်ခြင်းတ,လို့ စားချင်လျင်ခွေးသားကိုစား လို့ရပါတယ်၊ ဒါပေမယ့် ထမင်းနဲ့ယှဉ်တွဲပြီးမစားကောင်းဘူးလို့ပြောပါတယ်။
ခွေးသားနဲ့ထမင်းကိုရောစားမိလျင် စပါးလိပ်ပြာလွင့်သွားပြီး နောင်တခေတ်မှာ ဆန်ရေစပါးတွေရှားပါးလိမ့်မယ် လို့ပြောပါတယ်၊ ဒီနေရာမှာ လိပ်ပြာဆိုတာက ကရင်လို တိုက်ရိုက်ဘာသာပြန်တာပါ အမှန်ဆိုလျင်တော့ စပါး ရဲ့
ဝိညာဉ်တွေ စပါးနဲ့အတူရှိမနေတာကို ဆိုလိုခြင်းဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ကျုပ်တို့ကရင်တွေ ကရင်နှစ်သစ်ကူးတိုင်း စပါးလိပ်ပြာကိုခေါ်နေကြတာဖြစ်လိမ့်မယ်လို့ ယုံ ကြည်ယူဆမိပါတယ်၊
ပြူး ပြူး ပြူးလာဟှယ့်ထါင် ဟှယ့်ထါင်ခႜါင်ၟဖိုင်္ဘူးဍေအါင် အှ်္ဘးလုံၟဆုဂ်လါင့်ဆုဂ်လ်ုဃှေဝ် အှ်္ဘးထုင်ဖိုင် ယူၟဖိုင် လ်ုဃှေဝ် ထေါဟ်ဆင့်ဏိင့်ဖိုင် အှ်္ဘးလိုင်ဃှေဝ် ဖီ့္ဘီးယ၀်ဟှေး တ်ုလူလင်ဖှေ်္ဘူးအ်ုဟှေဝ်
အဲဒီလိုတေးသီချင်းတွေ ဆိုပြီးရိုးရာကောက်သစ်စားပွဲကို ကျင်းပ,ကြတာ၊ ၀မ်းနည်းစရာကောင်းတာက ကရင်
အများစုဟာ ရိုးရာပွဲနဲ့ ပျော်ပွဲရွှင်ပွဲကို ခွဲခြားရကောင်းမှန်းမသိပဲ ရောထွေးပြီးကျင်းပ,ပစ်လိုက်ကြတာတခုက အင်မတန်ကိုရင်လေးဘို့ကောင်းပါတယ်။
ကျုပ်ပြောမှာက ငန်းကယ့်သို့စကားပြောပါ ဆိုတာကနေ ခွေးသားစားတဲ့အကြောင်းရောက်သွားတယ် ဗမာစ ကားပုံမှာရှိတယ်မဟုတ်လား ကြမ်းကျွံလျင် နှုတ်လို့ရတယ် စကားကျွံလျင် နှုတ်လို့မရဘူးဆိုတာလေ၊ အဲဒါကို
သတိထားဘို့ တရုတ်ရှေးလူကြီးတွေက ငန်းကယ့်သို့စကားပြောပါဆိုတဲ့ စကားပုံလေးထားခဲ့တာနဲ့တူပါတယ်။
ငန်းတွေကလည်ပင်းရှည်တော့ အသံထွက်ဘို့အတွက် သူတို့ရဲ့ရှည်လျားတဲ့လည်ပင်းကိုဖြတ်ရသလို ကျုပ်တို့ တ
တွေလည်း စကားပြောလျင် ချင့်ချင့်ချိန်ချိန်ပြောဘို့ လိုတာပေါ့နော၊ အထူးသဖြင့် နိုင်ငံ့ခေါင်းဆောင်တွေ အမျိုး သားခေါင်းဆောင်တွေ မှန်သမျှအားလုံး သတိထားပြောဆိုဘို့လိုတာပေါ့။
ဟိုတလောက ကျုပ်တို့ရဲ့ ကရင်ခေါင်းဆောင်ပြောသွားတဲ့စကားမျိုးကျတော့ တော်တော်ကို အဆင့်နိမ့်သွား
တယ်ဗျာ၊(အဲဒါ ကရင်အချင်းချင်းမို့ လျှော့ပေါ့ပြီးပြောတာ) ကျုပ်ဖြင့်ရှက်လိုက်တာဆိုတာ၊ ရှက်တာထက်ကိုယ့်
နားကို ကိုယ်မယုံချင်တာ။ စကားကို ဒီလိုလွယ်လွယ်ကူကူ ပြောလိမ့်မယ်လို့ မထင်ထားခဲ့လို့ပါ။
February 22 Thursday Evening
Source NEWS Audio from http://www.voanews.com/burmese
ထားလိုက်ပါတော့ အခုကျတော့ တမျိုးပြောပြန်ပြီ။
February 28 Tuesday Morning
Source NEWS Audio from http://www.burmese.dvb.no
အပြည့်အစုံနားဆင်နိုင်ပါသည်။
February 28 Tuesday Morning
Source NEWS Audio from http://www.burmese.dvb.no
ကရင်အမျိုးသားခေါင်းဆောင်တွေ စကားကိုပြောတော့မယ်ဆိုလျင် သတိထားပြီးပြောကြပါ၊ အထူးသဖြင့် Media တွေနဲ့ပြောတဲ့အခါမျိုးမှာ သတိထားနိုင်မှ တော်ကာကျပါလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့
တတွေဟာ ကရင်အမျိုးသားကို ကိုယ်စားပြုနေလို့ ဖြစ်ပါကြောင်း
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
အမှားပြင်ဆင်ချက်
ပြူး ပြူး ပြူးလာဖ၀့်ဟှေး ဟှယ့်ထါင်အင်း မေ၀်ထံင်မေ၀်သေ၀် အှ်္ဘးလုံၟဆုဂ်လါင့်ဆုဂ်လ်ုဃှေဝ် အှ်္ဘးထုင်ဖိုင် ယူၟဖိုင် လ်ုဃှေဝ် ထေါဟ်ဆင့်ဏိင့်ဖိုင် အှ်္ဘးလိုင်ဃှေဝ် ဖီ့္ဘီးယ၀်ဟှေး တ်ုလူလင်ဖှေ်္ဘူးအ်ုဟှေဝ်
ပြူး ပြူး ပြူးလာဟှယ့်ထါင် ဟှယ့်ထါင်ခႜါင်ၟဖိုင်္ဘူးဍေအါင် ခႜဟ်မူၟခႜါင်လဲါဃွှဦုထင်းဍုဂ်ပါင် ဟှယ့်ထါင်အှ် ဟှယ့်ထါင်အှ်
်အ်ုခူးအ်ုထါင်





