• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, February 27, 2012

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနားပဲ့တင်သံ ကြေညာချက်


ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်

မြစ်ကြီးနားပဲ့တင်သံ ကြေညာချက်


by Eleven Media Group
Monday, February 27, 2012 ·

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် မြစ်ကြီးနား ပဲ့တင်သံ ကြေညာချက်ကို ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၂၈ရက်) တွင် ထုတ်ပြန် လိုက်ပါသည်။ အဆိုပါ ကြေညာချက်တွင် အချက် လေးချက် ပါဝင်ပြီး ကချင် ပြည်နယ်တွင်းရှိ နိုင်ငံရေး ခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ လူမှုရေး လှုပ်ရှား သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ကချင်ပြည်နယ် တစ်ခုလုံးအား လွှမ်းခြုံသည့် ယခု ကြေညာချက်ကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ကိုမြအေးက Eleven Media Group သို့ ပြောကြား ခဲ့ပါသည်။ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။



ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် မြစ်ကြီးနား ပဲ့တင်သံ ကြေညာချက်



ရက်စွဲ- ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်။

မြစ်ကြီးနားမြို့



(၁) ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်သည်။



(၂) စစ်ဘေးဒဏ်သင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် လိုအပ်သော ထောက်ပံ့ ကူညီမှုများ အဆင်ပြေ ချောမွေ့စွာ ရောက်ရှိနိုင်စေရန် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေးကို ကျွန်ုပ်တို့မှ လိုလားသည်။



(၃) ယခု ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရန်နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ အနာဂတ် လူမှုဘ၀ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေး တို့သည် ကျွန်ုပ်တို့ တိုင်းပြည်တွင် လက်ငင်း ဆောင်ရွက်ရမည့် ပြဿနာများ ဖြစ်သည်။



(၄) ထို့ကြောင့် လွပ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း တို့ကို အာမခံချက် ရှိသည့် ပြည်ထောင်စု ဖြစ်ရန်နှင့် နိုင်ငံရေး ပဋိပက္ခ များကြောင့် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို ရပ်စဲနိုင်ရန် စစ်မှန်သော ငြိမ်းချမ်းရေးကို ရှေးရှုသည့် နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးမှုများ အမြန်ဆုံး ဖော်ဆောင်သွားရန် အလေးအနက် ဆန္ဒပြုပါသည်။



၈၈မျိုးဆက် ကျောင်းသားများ

Copy http://www.facebook.com/notes/eleven-media-group