• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, February 15, 2012

အီရန် စစ်ပွဲ လာမည့် နွေရာသီတွင် ဖြစ်နိုင်



အီရန် စစ်ပွဲမှာ လာမည့် နွေရာသီတွင် ဖြစ်နိုင်ကြောင်း

ရုရှား စစ်အကြီးအကဲ ပြော

15 Feb, 2012

ရုရှားနိုင်ငံရှိ အဆင့်အမြင့်ဆုံး စစ်ရာထူးဝင် အရာရှိ တစ်ဦးမှ ပြောရာ၌ အီရန်နိုင်ငံ၏ နှုကလိယ အရေးနှင့် ပတ်သက်ပြီး စစ်ရေးအရ တိုက်ခိုက် ခံရနိုင်သည့် ကာလမှာ လာမည့် နွေရာသီ လောက်တွင် ဖြစ်ပွား နိုင်ကြောင်းကို ခန့်မှန်း ပြောကြား လိုက်ပြီ ဖြစ်သည်။

ရုရှား စစ်တပ် အကြီးအကဲ တစ်ဦး ဖြစ်သူ ဗိုလ်ချုပ် Nikolai Makarov မှပြောရာ၌ ရုရှားနိုင်ငံ အနေဖြင့် အီရန် နိုင်ငံ၏ အရေးနှင့် ပတ်သက်ပြီး အနီးကပ် စောင့်ကြည့် နေကာ အီရန်နိုင်ငံ အပေါ် ပူးပေါင်း စစ်ဆင် နိုင်မည့် အခြေအနေမှာ နီးကပ် လာပြီ ဖြစ်ကြောင်း Russia Today သတင်းတွင် ပြောခဲ့သည်။

အီရန် နိုင်ငံ၏ အခြေအနေမှာ ပြဿနာ ကြီးထွားနေပြီ ဖြစ်ပြီး ယခုလို တိုက်ခိုက် နိုင်မည့် ကိစ္စကို လာမည့် နွေရာသီ ကာလတွင် ဖြစ်လာ နိုင်ကြောင်းလည်း အဆိုပါ ဗိုလ်ချုပ်မှ သတင်းသမား များသို့ အဂါင်္နေ့က ပြောကြား သွားခဲ့သည်။ ယခုလို ပြောကြားချက်မှာ အီရန်နိုင်ငံ၏ နှုကလိယ အရေးနှင့် ပတ်သက်ပြီး အီရန်အပေါ် စစ်မလိုလားသည့် အသိုင်းအဝိုင်း အတွင်း ထွက်ပေါ် လာခြင်းလည်း ဖြစ်ကြောင်း Press TV သတင်းတွင် ဖော်ပြခဲ့သည်။


source : presstv.ir

Credit http://www.mrtv4.net.mm