• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, February 15, 2012

ခီများလို့ အီယမ်း နော့ကျစွားပြီ ၀ါးလဲပါလယ်

မူဆယ် ၁၀၅ မိုင်ရှိ ကုန်ပစ္စည်း စစ်ဆေးရေး စခန်းအတွင်းအား ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းက
တွေ့မြင်ရစဉ်

#1 myrpp 2012-02-15 16:24

တရုတ်ကတော့ သူ့ အရည်အသွေးနိမ့် ပစ္စည်းတွေနဲ့  မြန်မာနိုင်ငံကို အချဉ်ဖမ်းနေတာကြာပါပြီ . . . ဒါကို ဖျောက်ဖျက်ပြစ်ဖို့ ထိထိရောက်ရောက်လုပ်ရမယ် . . . တို့ ကတော့ တရုတ်စ္စည်းဆို no မှ no ပါပဲ . . . ကိုယ့်အသက်နဲ့ ကျန်းမာရေးကို တန်ဖိုးထားရင် တရုတ်အစားအသောက်ကို ရှောင်ကြပါစို့  .

#2 Than Zaw 2012-02-15 17:47
လူမျိုးရေး မုန်းတီးမှုကိုတော့ အားမပေးပါဘူး။ ဒါပေမယ့် ပါးကိုက်ရင်တော့ နားပြန်ကိုက်။

#3 oonayoo 2012-02-15 19:04
ဆိုးရွာတာက တော်တော်များများသော ပစ္စည်းတွေက မြန်မာကုန်သည်တွေက တရုတ်မှာ ပိုက်ဆံချေပြီး ၀ယ်လာ ရတာများတယ်။ နိုင်ငံတကာလို အကြွေးစနစ်နဲ့ ရောင်းရတာဆို မဟုတ်တာလုပ်လာရင် ကိုယ့်ပစ္စည်းကို ပြန်ယူရတာပဲ အဲ့တော့ မှန်မှန်ကန်ကန်လုပ်ကြတယ်။

သုံးစွဲပုံ၊ ပါဝင်ပစ္စည်း စတာတွေကို မြန်မာ၊ အင်္ဂလိပ်၂ဘာသာနဲ့ ပြသင့်ပါတယ်။ မြန်မာစာက မြန်မာလူမျိုးတွေကို ရည်ညွှန်းတာဖြစ်ပြီး အင်္ဂလိပ်စာအညွှန်းက ခရီးသွားလုပ်ငန်းတိုးတက်လာရင် နိုင်ငံခြားသားတွေအတွက်လိုအပ်ပါတယ်။
labeling law က အမြန်ဆုံးရှိသင့်ပါပြီ။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ စားသုံးသူများ

နားလည်သည့် ဘာသာရပ်မဟုတ်သော အညွှန်းကိန်းများဖြင့်

ပစ္စည်းတင်သွင်းမှုများ ရှိနေသောကြောင့်

စနစ်တကျ စိစစ်နိုင်ရန် လိုအပ်နေ


Wednesday, 15 February 2012

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် ပစ္စည်းများတွင် လူအများ နားလည်လွယ်သည့် ဘာသာရပ်မဟုတ်သော အညွှန်းကိန်းများဖြင့် တင်သွင်းမှုများ ရှိနေကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကုန်စည်ထုတ်လုပ်မှု နှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

အထူးသဖြင့် စားသောက်ကုန်များ၌ ရက်လွန်မည့် expire date ကိုပင် ဖော်ပြထားခြင်း မရှိသောကြောင့် ပြည်တွင်းသို့ ၀င်ရောက်လာသော ပစ္စည်းများအား စိစစ်တင်သွင်းမှုများ ပြုလုပ်နိုင်ရန် Labeling Law ပြဋ္ဌာန်းရန် လိုအပ်နေကြောင်းလည်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။

လက်ရှိမှာ ကျွန်တော်တို့နိုင်ငံကို တရုတ်ကတင်သွင်းလာတဲ့ ပစ္စည်းတွေမှာ သုံးစွဲရမယ့် အညွှန်းတွေကို တရုတ်လိုပဲ
ရေးထားတယ်။
ကျွန်တော်တို့ နားမလည်ဘူး။ ကျွန်တော်တို့လည်း မဖတ်တတ်ဘူး။
စားသုံးသူ အများစုကလည်း နားလည်မှာ မဟုတ်ဘူး။ ဒါတွေကို စိစစ်တင်သွင်းနိုင်ဖို့ လိုအပ်နေပါတယ်

ဟုလည်း ဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက

"ရောင်းဝယ်ရေးမှာ အဓိက ကျန်းမာရေးအတွက် စားသောက်ကုန်နဲ့ ဆေးဝါးတင်သွင်းမှုက အရမ်း အရေးကြီးပါတယ်။ မကြာခင်မှာ စားသုံးသူကာကွယ်ရေး ဥပဒေ (Consumer Law) ပြဋ္ဌာန်းတော့မယ်။ စားသုံးသူအတွက် အကာအကွယ်
ပေးတဲ့ ဥပဒေဖြစ်ပါတယ်။
မူကြမ်း ရေးဆွဲပြီးနေပါပြီ။ ကျွန်တော် ထင်တယ်။
ဒီနှစ်ထဲမှာ ဥပဒေထွက်နိုင်မယ်လို့လေ။
ဒီဥပဒေထွက်လာရင် ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ရောင်းချသူလည်းရင်ဆိုင်ရမယ်။
စားသုံးသူ ဘက်ကလည်း လိုက်နာရမယ့် ကျင့်ဝတ်တွေရှိတယ်။
စားသုံးသူက မှန်မှန်ကန်ကန် သုံးစွဲဖို့လိုတယ်။ ပစ္စည်းမှာပါတဲ့ အညွှန်းအတိုင်း သေသေချာချာ ဖတ်ပြီးသုံးစွဲရမယ်။
တံဆိပ်တွေလည်း အရေးကြီးပါတယ်။
ဒီဥပဒေကို စီးပွားကူးသန်းက ဦးဆောင်ပြီးတော့ ပြည်သူတွေသိရှိအောင် ဆောင်ရွက်ရမယ်

ဟုလည်း ပြောကြားခဲ့သည်။

“ကုန်ပစ္စည်းတွေရဲ့ Packing က အရမ်းအရေးကြီးပါတယ်။
သူများ နိုင်ငံကို ကုန်ပစ္စည်း တင်သွင်းတော့ မယ်ဆိုရင် ကျွန်တော်တို့ကို တောင်းဆိုတာက တရုတ်ကိုပို့မယ်ဆိုရင် တရုတ်လိုဘာသာပြန်ပြီး ထုတ်ရတယ
ဂျပန်ကိုပို့ရင် ဂျပန်စာသားပါရမယ်။ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာန၊ စီးပွားကူးသန်း ၀န်ကြီးဌာန စသဖြင့် ၀န်ကြီးဌာန တွေအနေနဲ့ ညှိနှိုင်းပြီး labeling Law ပြဋ္ဌာန်းသင့်တယ်။ လက်ရှိမှာလည်း FDA က သူတို့ဆီ လာ
ရောက် စစ်ဆေးတဲ့ ဟာတွေမှာလည်း အညွှန်းတွေပါရမယ်ဆိုတာ ပါပြီးသားဖြစ်ပါတယ်”

ဟု RUMFCCI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Copy from http://www.news-eleven.com