• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, February 18, 2012

မွေးကင်းစကလေး၏ ချက်ကြိုးမှ သွေးကို သိုလှောင်ခြင်း

Source Photo from http://www.google.com/imagrs
More information http://healthylifecarenews.com

မိသားစုအနည်းငယ်မှ စတင်ဆောင်ရွက်မှု ရှိလာသည့်

မွေးကင်းစကလေး၏ ချက်ကြိုးမှ သွေးကို သိုလှောင်ခြင်း


February 18 2012

မွေးကင်းစကလေးရဲ့ ချက်ကြိုးမှသွေးကို သိုလှောင်ခြင်း အနာ Stem Cells ကို သွေးနဲ့ပတ်သက်တဲ့ ရောဂါ အမျိုးအစားပေါင်း ၇၀ကျော်မှာ မိသားစုအတွင်း ပြန်လည် ကုသရာမှာ သုံးနိုင်တဲ့အတွက် အဆိုပါ Stem Cells သိုလှောင်ခြင်းများကို မြန်မာနိုင်ငံရှိ မိသားစုအနည်းငယ်မှာ စတင်ဆောင်ရွက်မှု ရှိလာတယ်လို့ ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်တာဝါမှာ ဖွင့်လှစ်ထားတဲ့ Healthway Medical Solutions မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

Source Photo from http://www.google.com/imagrs
More information http://www.thaistemlife.co.th

အဆိုပါ Stem Cells များ သိုလှောင်ထားရှိမှုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Thai Stem Life မှ ၀န်ဆောင်မှုပေးလျက် ရှိတာဖြစ်ပါတယ်။ မြန်မာပြည်ကိုယ် စားလှယ်ရုံးခွဲတစ်ခုဖြစ်တဲ့ Healthway Medical Solutions မှာ Stem Cells သိုလှောင်ထားလိုသူ မိခင်များအနေနဲ့ ကလေးမမွေး ခင် နှစ်ပတ်ကြိုတင် စီစဉ် ဆောင်ရွက်ထားရမယ်လို့ သိရပါတယ်။ ကလေးမွေးဖွားပြီးပြီးချင်း ထိုင်းနိုင်ငံက သူနာပြုတစ်ဦးက လာရောက်ထုတ်ယူကာ ၂၄နာရီအတွင်း ထိုင်းနိုင်ငံ သိုလှောင်ရုံဆီ သွားရောက်ပေးပို့တာ ဖြစ်ပါတယ်။

ဒီလို ထုတ်ယူသွားတဲ့ Stem Cells များကို နှစ် ၂၀အထိ ထားရှိသိုလှောင်ပေးထားပြီး အဲ့ဒီလို သိုလှောင်ထားရှိမှု အတွက် မြန်မာငွေ ကျပ်သိန်း ၄၀ကုန်ကျတယ်လို့ သိရပါတယ်။ အဆိုပါ Stem Cells နဲ့ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက ယခုလို ရှင်းပြခဲ့ပါတယ်။ အဆိုပါ Stem Cells တွေကို နှစ် ၂၀ကြာ ထားရှိသိုလှောင်ထားပြီး ဆက်လက်ထားရှိ သိုလှောင်လိုပါက တစ်နှစ်လျင် မြန်မာငွေကျပ် သုံးထောင်နှုန်းနဲ့ ထားရှိနိုင်တယ်လို့ သတင်းရရှိပါတယ်။

Credit http://www.mrtv4.net.mm