ထမင်းကျန်ခဲ(ထမင်းကြမ်းခဲ)နဲ့ ၀ါးရင်းတုတ်(ဒုတ်) စေတနာ
(မင်းစိုးစံ)February 17, 2012
ခေါင်းစည်းစာတမ်းကတော့ မယဉ်ကျေးတာအမှန်ပါ၊ ယဉ်ကျေးနိုင်စရာအကြောင်းကလည်း မရှိလေတော့ အခု လို
ခပ်ရိုင်း ရိုင်းခေါင်းစဉ်ကိုပေးလိုက်တာပါ၊ ပြီးတော့ခပ်ရိုင်းရိုင်းပြောမှနာတတ်ကြတဲ့ ဗမာလူမျိုးတွေအတွက် အ ကောင်း ဆုံးဖြစ်မယ်ထင်လို့ပါ။
ဗမာစစ်အစိုးရလို့ပြောရ ရေးရတာလည်း ရေးရင်းရေးရင်းနဲ့ ကိုယ့်ကိုယ်ကိုတောင်ရှက်လာတယ်၊ ယိုသူမရှက်မြင် သူရှက် လို့ပြောရမလားမသိတော့ပါဘူး။
ဒီကနေ့ ဗမာစစ်အစိုးရရဲ့ လုပ်ရပ်တွေဟာ အင်မတန်ရိုးစင်းတဲ့လိမ်ညာ နည်းဟောင်းတွေကိုနည်းနည်းလေး ပြောင်း
လိုက်တာသာဖြစ် ပါတယ်။
ဦးနေ၀င်းခေတ် ၁၉၆၂ ကျောင်းသားတွေဆန္ဒပြပွဲကို နှိမ်နင်းတာနဲ့ ၁၉၈၈အရေးအခင်းကကျောင်း သားတွေဆန္ဒ ပြ တာကို နှိမ်နင်းတာ မတူပါဘူး၊ ၁၉၆၂ က ကျောင်းသားတွေ အခုရှိနေတဲ့နေရာကနေ ထွက်ပေး ကြပါ၊ မထွက်လျင် ပစ်ရပါလိမ့်မယ်၊ အဲဒီလိုပြောပြီး စိမ်ပြေနပြေပစ်တာ။ တယောက်ချင်းကို အမှည့်ချွေချွေတာ။
၁၉၈၈ကျတော့ ဘာသတိပေးချက်မျှမပေးပဲ ကားပေါ်ကဆင်းတာနဲ့ ဆင်းဆင်းခြင်း လူအုပ်ကြီးထဲကို ကျည်ဆံ တွေ ပလူပျံအောင်ပစ်သွင်းခဲ့တာပါ။ ကျည်ဆံမုန်တိုင်း ပေါ့လေ။
ပြောတဲ့အတိုင်းလုပ်တာကတော့ စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး မှန်အောင်ပစ်တယ် ဆိုတာလေးပါ။
ဒါပေမယ့် ပါတီစုံရွေးကောက်ပွဲကျင်းပပြုလုပ်ပြီး လူထုကထောက်ခံတဲ့ ပါတီကိုအာဏာလွှဲပေးပါ့မယ်ပြောပြီး စစ် အုပ်စု
ကို ဆန့်ကျင်မယ့်အထင်ကရ လူတွေကိုဆန်ကာတင်လိုက်ပါတယ်၊ ပြီးတော့ အားလုံးကိုဆွဲစိလိုက်ပါတယ်။
အခုတခါကျတော့ ကျည်ဆံအကုန်မခံတော့ပါဘူး၊ ကျည်ဆံတွေကို တိုင်းရင်းသားတွေအတွက် သုံးဘို့လုပ်လိုက် ပါတယ်၊ ဗမာအချင်းချင်းပြန်သတ်နေရတာ စိတ်မကောင်းဖြစ်လို့မဟုတ်ပါဘူး နိုင်ငံခြားက၀ယ်ဘို့လိုအပ်တဲ့ လက်နက်တွေ အတွက်ချွေတာရေးလုပ်လိုက်တာပါ။
ဒါ့အပြင် ၁၉၈၈ နောက်ပိုင်းတုန်းကလိုပဲ ပါတီတွေမှတ်ပုံတင်ကြပါ၊ လူထုအသံကိုနားထောင်နေပါတယ်၊ ငြိမ်း ချမ်း
ရေးကို တကယ်လိုလားပါတယ်၊ တိုင်းရင်းသားတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွပူးပေါင်းဆောင် ရွက်ကြ
ဘို့ ဘယ်သို့ဘယ်ညာ ဘယ်လိုချမ်းသာမယ်ပြောနေလိုက်တာ တကယ့် အထင်ကြီးလေးစားစရာပါပဲ။
ဘာအသင်းဖွဲ့ပေးပါ့မယ်၊ ဘယ်လိုအဖွဲ့အစည်းတွေကို ခွင့်ပြုလိုက်ပါတယ်၊ ကျုပ်တို့ကလည်း ဒီလိုအခွင့်အရေး မျိုးကို တခါဘူးမျှရဘို့ မဆိုထားနဲ့ ကြားတောင်မကြားဘူးလေတော့ သူလည်းအဖွဲ့နဲ့ ငါလည်းအဖွဲ့နဲ့ မင်းလည်းအ ဖွဲ့နဲ့ဆိုပြီး
ဖွဲ့ကြ လူထုအတွက်လုပ်ကြပေါ့၊ ကျုပ်တို့အဖွဲ့ကို ကျုပ်တို့ကိုယ်တိုင် ကျုပ်တို့စိတ်ကြိုက်ဖွဲ့မယ် စုံးပြူး တွေ မပါနဲ့၊ ကြွက်ချေးအရောမခံနိုင်ဘူး ဘာညာတွေပြောရဲလာပြီလေ။
အဲဒီတော့ အားလုံးကိုသတိပေးလိုတာက ထမင်းကျန်ခဲ(ထမင်းကြမ်းခဲ)ကို ချပေးနေတာကို နတ်သုဒ္ဒါလို့ထင်ပြီး ၀င်မခဲလိုက်ကြပါနဲ့ ၀ါးရင်းတုတ်(ဒုတ်)နဲ့ အပြီးအုပ်မယ်ဆိုတာကို မြင်တတ်ဘို့လိုကြောင်းပါခင်ဗျား။
ခြိမ်းချောက်နေတာမဟုတ်ပါ သတိပေးခြင်းသာဖြစ်ပါတယ်။ အတင့်မရဲကြပါနဲ့။ နည်းနည်းလေးစောင့်ကြည့်ပါ။
သတ္တိရှိတာနဲ့ မိုက်ရူးရဲတာမတူပါဘူး။ သတ္တိရှိတဲ့သူတိုင်း အောင်မြင်ကြပါတယ်။
မယုံလျင် အောက်က အသံဖိုင်လေးကို နားသောတ ဆင်တော်မူကြပါ။
လွှတ်တော်ကိုယ်စားလှည်တွေရဲ့အမြင်ကို ဗွီအိုအေမြန်မာပိုင်းဌာနက တင်ဆက်ထားတာပါ
February 17, 2012 Friday morning
Source NEWS Audio from http://www.voanews.com/burmese
February 17, 2012 Friday morning
Source NEWS Audio from http://www.voanews.com/burmese
ဘယ်လောက်ကောင်းတဲ့ ဇာတ်လမ်းလေးလဲ၊ မမြင်တဲ့လူတွေကတော့ အံမယ်လေးတော် ကျုပ်တို့ဝန်ထမ်းတွေအပေါ်
စေတနာထားတဲ့ မောင်မင်းကြီးသားတွေ အသက်ရှင်ပါစေ၊ ဘုန်းကြီးပါစေ၊လို့ ဆုတောင်းပေးနေမှာပဲ။
ကြိုတင်စီစဉ်ထားတဲ့ အတိုင်အဖေါက်ညီတဲ့ သံချပ်လေးတခုလို့ ကျုပ်ယုံကြည်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)





