(မင်းစိုးစံ)
FEBRUARY 24,2012
စာရှုသူများ ဂျင်ကစားဘူးကြပါသလား၊ လေးကောင်ဂျင် ကိုပြောတာမဟုတ်ပါဘူး၊ဂျင်ပေါက်တာကိုပြောတာပါ စည်းဝိုင်းသားပြီး ဂျင်ပေါက်တမ်းကစားတာကို မှတ်မိကြမလားမသိဘူး။ နည်းနည်းလောက်ပြောပြပါမယ်၊ မသိ သေးတဲ့လူငယ်တွေ သိသွားအောင်နဲ့ သိပြီးသားလူကြီးတွေသူငယ်ပျံသွားအောင်လို့ ရေးလိုက်ပါတယ်။
ဟုတ်ပါတယ် ဂျင်ပေါက်တယ်ဆိုကတည်းက ခံဂျင်ဆိုတာရှိမှ ပေါက်ဂျင်ဆိုတာရှိပါတယ်၊ ပေါက်ဂျင်သာရှိပြီး ခံဂျင်မ
ရှိလျင် ဂျင်ပေါက်တမ်း ကစားလို့မရပါဘူး၊ ဒီအထိတော့ရှင်းကြမှာပါ၊နောက်တခုက လျှင်မြန်သွက်လက်မှု တနည်း
အားဖြင့် လက်ဦးမှုပေါ့ဗျာ အဲဒါကိုအလျင်ဆုံးလုပ်လိုက်တာနဲ့ ခံဂျင်ကိုရွေးကြတာပါ၊ ကိုယ့်အနေနဲ့ ခံ ဂျင်မဖြစ်ချင်
လျင် လျှင်မြန်သွက်လက်ပြီးလက်ဦးမှုကိုရယူကြရပါတယ်။
လက်နှေးတဲ့လူ အူကြောင်ကြောင်နိုင်တဲ့ လူကတော့ ခံဂျင်ပေါ့ဗျာ။
ခံဂျင်ဆိုတာကတော့ စည်းသားထားတဲ့ ၀ိုင်းကြီးထဲမှာ မကွဲမချင်း ၀ိုင်းအပြင်မထွက်မချင်း ခံပေတော့။
မကွဲပဲ ၀ိုင်းအပြင်ရောက် လို့ နောက်တခါ စို့ ဆိုတာကို အခေါ်နောက်ကျလျင် ခံဂျင်သမားအနေနဲ့ နောက်တချီဆက်ပြီး
စည်းဝိုင်းထဲမှာ ထပ်ခံရပါတယ်။
စည်းကမ်းသတ်မှတ်ချက်တွေရှိပါတယ်၊ ခံဂျင်ကိုရွေးတဲ့အခါမှာ ဂျင်ပေါက်တမ်းကစားကြမယ့်လူတွေအားလုံး ဟာ ကိုယ့်ဂျင်ကို မြေပြင်ပေါ်မှာလည်အောင်လုပ်ပြီးလက်ပေါ်ရောက်အောင် ဂျင်ပေါက်တဲ့ကြိုးနဲ့တင်ရပါတယ် တင်ပြီးပြီး
ခြင်း စို့ လို့ချက်ချင်းခေါ်ရပါတယ်၊ မြေပြင်ပေါ်မှာလည်နေတဲ့ဂျင်ဟာ လက်ပေါ်မှာလည်း လည်နေရပါတယ်၊ လက်ပေါ်မှာမလည်ပဲ စို့ ဆိုတာကို ခေါ်ခွင့်မရှိသလို ကိုယ့်လက်ဖ၀ါးပေါ်ဂျင်မရောက်ပဲနဲ့လည်း စို့ ခေါ်လို့မရပါဘူး။
အဲဒီလို လက်ဖ၀ါးပေါ်မှာ မွတ်နေအောင်လည်တဲ့ဂျင်ရောက်ပြီး စို့ ဆိုတဲ့အသံကို မအော်မိလျင်တော့ ခံဂျင်အဖြစ် စည်းဝိုင်းအလည်တည့်တည့်မှာ ကိုယ့်ဂျင်ကို ချထားရပါတယ်၊ အဲဒီတော့ ကျန်တဲ့ လူတွေက ခံဂျင်ကို မကွဲ ကွဲအောင် ၀ိုင်းပြီးပေါက်ခွဲကြပါတော့တယ်။
ဂျင်ပေါက်တမ်းကစားနေရာကနေ အဖေအမေခေါ်လို့ဖြစ်စေ ကစားလို့ဝသွားလျင်ဖြစ်စေ ထွက်သွားတော့မယ် ဆိုလျင် ကိုယ့်ဂျင်ကို မြေကြီးပေါ်မှာ လည်အောင်ပေါက်ချ လက်ပေါ်ပြန်တင်ပြီး ထွက်စို့လို့ အော်ရသလို သူ များဂျင်ပေါက်နေတဲ့ ၀ိုင်းထဲကို ၀င်ကစားမယ့် လူသစ်ဆိုလျင်လည်း ကိုယ့်ဂျင်ကို လည်နေအောင်ပေါက်ချပြီး လက်ဖ၀ါးပေါ်လည်နေအောင်ပြန် တင်ပြီးတာနဲ့ ၀င်စို့ လို့ခေါ်ပြီးမှ ၀င်ပေါက်ခွင့်ရှိပါတယ်၊ ဒါပေမယ့်ခံဂျင်သမား ခွင့်ပြုမှ ၀င်ကစားခွင့်ရှိပါတယ်။
ထွက်စို့လို့ခေါ်ပြီး ထွက်သွားပြီးလျင်တော့ အဲဒီလူဟာ ၀င်ကစားခွင့်မရှိတော့ပါဘူး၊ ၀င်ကစားချင်တယ်ဆိုလျင် တော့ ခံဂျင်အဖြစ်နဲ့သာ ပါဝင်ကစားခွင့်ရှိပါတယ်၊ ပေါက်ဂျင်အဖြစ်ကစားလို့မရပါဘူး။ ဒါကတော့ ဂျင်ပေါက် တမ်းကစားနည်း အကျဉ်းဖြစ်ပါတယ်။
ဒီကနေ့ ဗမာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်နေတဲ့ ကျုပ်တို့အခြေအနေကတော့ ငယ်ငယ်က ကစားခဲ့တဲ့ ဂျင် ပေါက်တမ်း ကစားနည်းလောက်တောင် စည်းမရှိ ကမ်းမရှိဖြစ်နေတာ တွေ့လိုက်ရတဲ့အတွက် အံ့သြမိတာအ မှန်ပါ ကျုပ်ကတော့ သိတော်မူကြတဲ့အတိုင်းပါပဲ ပညာတတ်အသိုင်းအ၀ိုင်းကမဟုတ်လေတော့ စာအုပ်တွေ ဖတ်ပြီး အထောက်အထားနဲ့ မရေးပြတတ်တဲ့နောက် အခုလို ရှေးဟောင်းနှောင်းဖြစ်ကလေးတွေနဲ့ တွေးတွေး ပြီးရေးပြနေရတာမို့ အမှားအယွင်း
တွေအတွက် နားလည်ပေးစေလိုပါတယ်။
ဗမာစစ်အစိုးရရဲ့ ကလိန်ကကျစ်နိုင်မှုကို သိသိကြီးနဲ့ငြိမ်းချမ်းရေးလုပ်တဲ့အခါမျိုးမှာ ကိုယ့်ဘက်က စောစောက ရေးပြခဲ့
သလို အခုပဲ ၀င်စို့ လုပ်လိုက် အခုပဲ ထွက်စို့ လုပ်တဲ့ အလုပ်မျိုးလုပ်လို့မရပါဘူး၊ ဂျင်တစ်လုံးကွဲသွား လျင် နောက်ထပ်
ဂျင်တစ်လုံးကို အချိန်ပိုင်းအတွင်း အစားထိုးပြီးပြန်ကစားလို့ရပေမယ့် စစ်ရေးနိုင်ငံရေးတွေမှာ ၀င်လိုက်ထွက်လိုက် မလုပ်သင့်ဘူးလို့ ထင်ပါတယ်။
ဝင်မယ်ဆိုလျင်လည်း အသေအခြာ အချိန်ယူပြီး တိတိကျကျ သုံးသပ်ပြီးမျှဆုံးဖြတ်ပါ၊ ပြီးမှ ၀င်ပါ၊ ထွက်မယ် ဆိုလျင်
လည်း အဘက်ဘက်ကနေ တွေးတောဆင်ခြင်ပြီးမျှ ဆုံးဖြတ်ပါ၊ ပြီးမှ ထွက်ပါ၊ အခုဟာက ကလေးဆိုး လိုဖြစ်နေပါ
တယ်၊ သိက္ခာမရှိတာထက် ပြောချင်သလိုပြော လုပ်ချင်သလိုလုပ်ဖြစ်နေတာက ပိုပြီးဆိုးရွားပါ တယ်၊ အခုဆီထမင်း အခုစာကလေးကြော်ဆိုတာက ဗမာစစ်အစိုးရတွေသုံးနေတဲ့ လိန်လည်နည်း အရှင်းဆုံး ပြောကြေးဆို ပြောင်လိန်
ပြောင်စား နည်းဖြစ်ပါတယ်။
ဒီတော့ကာ ကျုပ်တို့ကရင်အမျိုးသားတော်လှန်ရေးအဖွဲ့အစည်းအနေနဲ့ ကိုက်တတ်တဲ့ခွေးတွေရှိတဲ့ နေရာကို မဖြစ် မနေသွားရမယ်ဆိုလျင် ခွေးကိုရိုက်သတ်ပစ်ဘို့မဟုတ်လျင်တောင်မျှ ခွေးကိုက်မခံရမယ့်နည်းတွေကို သုံးပြီးသွားကြ ဘို့ မေတ္တာရပ်ခံချင်ပါတယ်။
အခုကျုပ်တို့သွားတွေ့ရမှာက လူစစ်စစ်တွေမဟုတ်ဘူးနော်၊ ရူးနေတဲ့ခွေးတွေ၊ အဲဒီလိုရူးရူးနှမ်းနှမ်းဖြစ်နေတဲ့ ခွေးတွေ က ခွေးကောင်းစိတ် နည်းနည်းလေးပြန်ဝင်ချင်သလိုလိုဖြစ်လာပြီး လူတောထဲဝင်နိုင်ဘို့ ၀င်ခွင့်ရဘို့ အသည်းအသန် ကြိုးစားနေတဲ့အချိန်မျိုးဖြစ်တယ်ဆိုတာကို သတိထားဘို့လိုအပ်ပါကြောင်း
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
DKBA အရာရှိ စောဘိခို့နှင့် BBC မြန်မာပိုင်းဌာနတို့ ဆက်သွယ်မေးမြန်းချက်
February 21 2012
Source NEWS Audio from http://www.bbcburmese.com
DKBA့ အရာရှိစောလုံ့လုံနှင် BBC မြန်မာပိုင်းဌာနတို့ ဆက်သွယ်မေးမြန်းထားချက်
February 24 2012 Friday Evening
Source NEWS Audio from http://www.bbcburmese.com
DKBA့ အရာရှိစောလုံ့လုံနှင် BBC မြန်မာပိုင်းဌာနတို့ ဆက်သွယ်မေးမြန်းထားချက် အပြည့်အစုံ
February 24 2012 Friday Evening
Source NEWS Audio from http://www.bbcburmese.com
February 21 2012
Source NEWS Audio from http://www.bbcburmese.com
DKBA့ အရာရှိစောလုံ့လုံနှင် BBC မြန်မာပိုင်းဌာနတို့ ဆက်သွယ်မေးမြန်းထားချက်
February 24 2012 Friday Evening
Source NEWS Audio from http://www.bbcburmese.com
DKBA့ အရာရှိစောလုံ့လုံနှင် BBC မြန်မာပိုင်းဌာနတို့ ဆက်သွယ်မေးမြန်းထားချက် အပြည့်အစုံ
February 24 2012 Friday Evening
Source NEWS Audio from http://www.bbcburmese.com





