• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, February 24, 2012

ပြင်ရမှာလား ဖြိုရမှာလား

Source Cartoon from http://www.news-eleven.com/

ပြင်ရမှာလား ဖြိုရမှာလား

(မင်းစိုးစံ)

February 25, 2012 Saturday

ကျုပ်မှာ Leg top ဟောင်းလေးတခုရှိတယ်ဗျ၊ ကျုပ်ကသူ့ကိုသံယောဇဉ်အရမ်းရှိတာ၊ သံယော ဇဉ်ရှိရပုံလေး ပြောပြ
မယ်ဗျာ၊ အသက်ကြီးမှ ၀က်ဝက်ပေါက်တာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ငယ်ကအချစ် အနှစ်တရာမ မေ့သာဆိုလား၊ အချစ်ဦးကို မြေးဦးချီတာတောင်မမေ့ဘူးဆိုလား၊ အဲဒါနဲ့ပြောရင်ရမလား၊ ခု ခေတ်လူငယ်တွေ စကားနဲ့ပြောကြစတမ်း
ဆိုလျင် ဖွန်ကြောင်တာလား၊ ဟတ်ထိတာလား မသိပါဘူး။

အဲဒီ Leg top ကိုလက် ဆောင်ပေးတာက ကျုပ်ရဲ့ငယ်ငယ်တုန်းက ပတ်သက်ခဲ့ဘူးတဲ့ မိန်းကလေးတွေထဲက မိန်းကလေး တယောက် ကျုပ်အသက် ၂၅နှစ်ကျော် မွေးနေ့မှာလက်ဆောင်ပေးတဲ့ Leg top လေးမို့ အတော်လေးကို သံယောဇဉ်
ဖြစ်နေမိတာပါ။ (၂၅နှစ် မဟုတ်ပါ ၅၂နှစ် ဖြစ်ပါသည်)

သူက ကျုပ်ထက် တတိယနိုင်ငံကို ရှစ်နှစ်လောက် စောပြီးရောက်နေတာ၊ သူ့ရဲ့အိမ်ဦးနတ်က လူမည်းဆိုပဲ၊ သူ ပြောတာကတော့ ဒီ Leg top လေးက သူကိုယ်တိုင်အလုပ်လုပ်လို့ရတဲ့ ချွေးနှီးစာနဲ့ ၀ယ်ထားတာပါတဲ့ အဲဒါ ကျုပ်ကို မွေးနေ့လက်ဆောင်အဖြစ် စာတိုက်ကနေပို့ပေးလိုက်တာ။

သူနဲ့ပတ်သက်ခဲ့တာလေး ရေးပြချင်တယ်၊ ဒါပေမယ့် ဘေးနားမှာ အဘွားကြီး(ကျုပ်ဇနီး)က ကပ်နေတော့သိပ် မရေးရဲဘူး၊ နည်းနည်းလေးရေးပြမယ်ဗျာ မရေးလျင် ဘာကြောင့် ဒီ Leg top အစုတ်ပလုတ်ကို သံယောဇဉ် ရှိရတာလဲ ဆိုတာကို မသိလိုက်တဲ့အတွက်သိပ်ပြီးခံစားတတ်မှာမဟုတ်ဘူး။

အဲဒီမိန်းကလေးက (အခုတော့ ပါးရေနားရေတွံ့ပြီး ခါးတွေကုံးနေပါပြီ) ကျုပ်ထက်ပညာတတ်တယ်ဗျ ဒေသကောလိပ်
ဆိုလား ဘာလားတက်ပြီး စီးပွါးရေးနဲ့ ဒီဂရီရတာ၊ မော်လမြိုင်မှာနေတယ်၊ သူ့မိဘတွေက ကျုပ်နေတဲ့ရွာကပါ၊ ကျောင်း
ကြီးပိတ်လို့ ရွာကိုပြန်လာလည်ကြတာတဲ့၊ သူ့မိဘနဲ့ ကျုပ်မိဘတွေက တရွာ တည်းသားတွေဖြစ် ကြပြီး မော်လမြိုင်မှာ
အတူ အလုပ်လုပ်ခဲ့ကြတဲ့သူတွေတဲ့။

သိတဲ့အတိုင်းပဲ ကျုပ်တို့ကရင်လူမျိုးတွေရဲ့အလေ့အထတခုက တယောက်နဲ့တယောက်ခင်မင်ကြပြီဆိုလျင် သူ့ဘက်က သမီးပျို သားပျိုရှိလျင် ကိုယ့်ဘက်ကလည်း သားပျိုသမီးပျိုရှိလျင် တဘက်နဲ့တဘက် ကရင်လို (ဍံင်း)လို့ခေါ်ကြတယ် ဗမာလိုကတော့ခမည်းခမက်တော်တယ်လို့ အဓိပ္ပါယ်ရတယ်။

သူနဲ့ကျုပ်လည်း တယောက်နဲ့တယောက်ခင်မင်သွားကြပြီး သူတည်းတဲ့အိမ်ကိုညတိုင်းလိုလို ကျုပ်သွားသွားလည်တယ်ဗျ၊ သူကလည်း ကျုပ်ကိုမျှော်နေမယ်ထင်တာပဲ၊ ကျုပ်သူငယ်ချင်းတွေပြန်သွားကြပေမယ့် သူနဲ့ ကျုပ်ကတော့ စကားေ တွ
ပြောလို့ကိုမကုန်ဘူး။

တနေ့တော့ဗျာ သူက ကျုပ်ကိုပုံပြောခိုင်းတယ်ဗျ၊ ကျုပ်ကတောမှာကြီးလာတဲ့လူဆိုတော့ ကရင်ပုံပြင်တွေပြော ပြတယ်ဗျ သူကျတော့ ကျုပ်ကိုနိုင်ငံခြားက ပုံပြင်လေးတွေပြောပြတတ်တယ်၊ ကျုပ်သူ့ကိုမမေ့နိုင်တာက သူ ပြောပြခဲ့ဘူးတဲ့ အင်္ဂလိပ်ပုံပြင်လေးကြောင့်ပေါ့ဗျာ သူကပုံပြင်ပြောပြီးပြီးခြင်း ရှိုက်ကြီးတငင် ငိုချလိုက်တာကိုး။

သူပြောပြတဲ့ပုံပြင်လေး ကျုပ်မှတ်မိသလောက်ရေးပြမယ် ပန်းချီဆရာလေးတယောက်ရဲ့ အချစ်ကိုဖွဲ့နွဲ့ထားတဲ့ ပုံပြင်
လေးပါ၊ မြို့တမြို့မှာတဲ့ အရမ်းချမ်းသာတဲ့ ကောင်မလေးတယောက်ရှိသတဲ့ သူမဟာ မိဘတွေမရှိရှာကြတော့တဲ့အတွက် အဒေါ်တယောက်နဲ့နေသတဲ့ လက်တွန်းလှည်း Wheelchair ပေါ်မှာပဲနေရသတဲ့ စိတ်ရောဂါကြောင့် အခုလိုဖြစ်နေရတာ
လို့ သူ့ကိုလာလာကြည့်ရှုစစ်ဆေးနေရတဲ့ ဆရာဝန်ကနေတဆင့် သူသိရသတဲ့။

ကောင်လေးကတော့ နာမည်မရသေးတဲ့ ပန်းချီဆရာလေးပါတဲ့၊ ကောင်မလေးအဒေါ်ရဲ့ စီစဉ်ပေးမှုနဲ့ကောင်မ လေးပိုင်
တဲ့ Apartment အခန်းတွေထဲက အခန်းတခန်းမှာ အခန်းငှားပြီးနေထိုင်နေရာကနေ ပန်းချီတွေဆွဲနေ တော့သတဲ့ ဒီလိုနဲ့ဗျာ ကောင်မလေးနဲ့ခင်မင်သွားပြီး ကောင်မလေးရဲ့ပုံတူပန်းချီတွေဆွဲပေးသတဲ့ အပြင်ကပုံနဲ့ ပန်းချီထဲကပုံဟာ တထေရာထဲတူသတဲ့ဗျာ။

ဒီလိုနဲ့ကောင်လေးဟာ ပန်းချီလောကမှာ နာမည်မရတရဖြစ်လာပါသတဲ့၊ ကောင်လေးက ကောင်မလေးကို သနားပြီး သိပ်ချစ်သွားပေမယ့် ဓနဥစ္စာက မပြည့်စုံတာမို့ ဖွင့်မပြောဘူးတဲ့၊နှင်းမုန်တိုင်းတွေကျတဲ့ တနေ့မှာတော့ကောင်လေး
ဟာေ ကာင္မေလးဆီကိုသြားလည္သတဲ့။

ကောင်မလေးဟာ Wheelchair ပေါ်ကနေအပြင် ကိုငေးကြည့်နေပြီး စကား တခွန်းမျှမပြောပဲနေနေတာမို့ သူ့ရဲ့ဆရာ ၀န်ကိုမေးကြည့်တော့ ဆရာဝန်က ကောင်မ လေးနဲ့ခပ်ဝေးဝေးတနေရာကို ခေါ်သွားပြီး

အခုချိန်ဟာ ဒီမိန်းကလေးရဲ့ အခြေအနေက နောက်ဆုံးအခြေအနေကိုရောက်နေပြီလို့ပြောနိုင်တယ်၊ သူ့ရဲ့မျှော်လင့်ချက်တွေက ဟိုးသစ်ကိုင်းပေါ်မှာကျန်နေတဲ့ သစ်ရွက် ချောက်လေးတရွက်အပေါ်မှာမူတည်နေတယ်၊ မနက်ဖြန်မိုးလင်းလို့ အဲဒီသစ်ရွက်လေး မရှိတော့ဘူးဆိုလျင် သူလည်းလူ့လောကကနေ အပြီးအပိုင်ထွက်သွားမှာဖြစ်
တယ်၊ တကယ်လို့များ မနက်မိုးလင်းလို့ အဲဒီသစ်ရွက် ကလေးသာ ကျန်နေဦးမယ်ဆိုလျင်တော့ သူရဲ့ရောဂါတွေပျောက်
ကင်းသွားပြီး လူကောင်းပကတိပြန်ဖြစ်သွားလိမ့်မယ်

လို့ပြောပြီးတာနဲ့ ပြန်သွားသတဲ့။

နှင်းမုန်တိုင်းဆိုတော့ဗျာ လေပြင်းတွေကလည်းတိုက် နှင်းတွေကလည်း သည်းသည်းမဲမဲကျနေတာဆိုတော့ ဘယ်လို
နည်းနဲ့မျှ မနက်ဘက်ကိုမကူးနိုင်ဘူးဆိုတာသိနေကြတော့ အဒေါ်ဖြစ်သူဟာ သူ့တူမလေးကိုကြည့်ပြီး တရှုံ့ရှုံ့ငိုနေတော့ တာပေါ့၊ ကောင်လေးလည်း သူချစ်တဲ့ကောင်မလေးကိုကြည့်ရင်း စိတ်မကောင်းခြင်းကြီးစွာနဲ့ သူနေတဲ့အခန်းကို ပြန်
သွားပါရောတဲ့။

မနက်မိုးလင်းတော့ နှင်းတွေထူထူထဲထဲကျနေတဲ့ သစ်ပင်ရဲ့အထက်ကို အဒေါ်ဖြစ်သူရော ကောင်မလေးပါ မရဲတရဲ ကြည့်လိုက်တော့ အဲဒီသစ်ရွက်ကလေးဟာ လေထဲမှာ တဖြတ်ဖြတ်နဲ့ခါနေတာတွေ့ရတော့ ကောင်မလေးခမျာ ချက်
ူခြင်းပဲ လူကောင်းပကတိ ဖြစ်သွားပြီး ၀မ်းသာအားရနဲ့တွန်းလှည်းအကူမပါပဲ လမ်းလျှောက်နိုင်သွားသတဲ့။

ပြီးတော့ မှန်တင်ခုံပေါ်သွားပြီး သူ့အဒေါ်ရဲ့အကူအညီမလိုပဲ ခေါင်းဖြီး မျက်နှာတွေကို ပြင်ဆင်နေတာမို့ သူ့အဒေါ်က၀မ်း သာအား ရနဲ့ တူမလေး ဘယ်လိုဖြစ်နေတာတုန်းလို့မေးတော့ အဒေါ်ရေ ကျုပ်အခုကျန်းမာ သွားပြီ လေ၊ အဲဒါ ကျုပ်ရဲ့ ပန်းချီဆရာဆီသွားပြီးပြောပြမလို့ ပြီးတော့သူ့အတွက် ပန်းချီပုံတွေ အဆွဲခံမလို့ ပြင်နေတာ လို့ ပြန်ပြောသတဲ့၊ ငယ်ရာကနေကြီးလာတဲ့အဒေါ်ကလည်း အေးကောင်းတာပေါ့ကွယ် အဒေါ်လည်းလိုက်ခဲ့မယ်လို့ပြောပြီး ကောင်လေးနေ
တဲ့ အခန်းကိုတံခါးခေါက်ပြီးခေါ်တာ မရတာနဲ့ သူတို့မှာရှိတဲ့သော့နဲ့ အခန်းတံခါးကိုဖွင့်ပြီးဝင်လိုက်တော့ ကောင်လေးကို မတွေ့ရဘူးတဲ့။

ဒါနဲ့ပဲရဲကိုအကြောင်းကြားပြီးလိုက်ရှာကြတော့ ကောင်လေးဟာ ကောင်မလေးကြည့်နေတဲ့သစ်ရွက်ရှိတဲ့ သစ်ပင်ပေါ်မှာ လက်တဘက်က သစ်ရွက်ပုံပန်းချီကားကိုင်လျက်သား သေဆုံးနေတာတွေ့လိုက်ကြရသတဲ့၊ အဲဒီလိုပြောပြီးသူက ငိုချ လိုက်တာဗျ။
ကျုပ်လား ခြေမကိုင်မိလက်မကိုင်မိဖြစ်ကုန်တော့တာပေါ့ မိန်းကလေးငိုတာ မချော့တတ်တဲ့အတွက် မငိုပါနဲ့ မငိုပါနဲ့လို့
ပြော ပြီး သူ့မျက်ရည်တွေကို ကျုပ်လက်နဲ့သုတ်ပေးလိုက်မိတယ်။

သူ့အမေ အိပ်ခန်းထဲက ထွက်လာပြီးနင်တို့ဘာတွေဖြစ်နေတာလဲ လို့မေးတာခံရတယ်ဗျာ။ နောက်ပိုင်းအကြောင်းကို
တော့ မရေးတော့ပါဘူး၊ Leg top အကြောင်းဆက်ပြောရအောင် အဲဒီ Leg top ကိုကျုပ်သံယော ဇဉ်ရှိနေတော့ ဟို ဟာဝယ်ထည့်လိုက် ပျက်လိုက် ဒီဟာဝယ်ထည့်လိုက် ပျက်လိုက် ဟိုပစ္စည်းက ပိုကောင်း တယ် ဒီပစ္စည်းကအဆင်ပြေ
တယ် ဆိုပြီးလိုက်ထည့်လိုက်တာ အသစ်ဝယ်လျင်နှစ်လုံးလောက်ရတယ်။

ပြင်တဲ့ဆရာကတော့ပြောပါတယ်၊ ခင်ဗျားအသစ်ဝယ်သုံးပါဗျာ ပစ္စည်းလဲထည့်ရတာ သူ့အပိုပစ္စည်းတွေက ရှာ ၀ယ် လို့မလွယ်ဘူး ကုမ္ပဏီက မထုတ်တော့ဘူး အဲဒီလိုပြောပေမယ့် ကျုပ်ကလက်မလျှော့ဘူး တခြားဆရာ တွေဆီလိုက်ပြ
သေးတယ် ဆရာတွေအားလုံးမပြင်တော့မှ ကျုပ်ရဲ့ Leg top ကို အမှိုက်သိမ်းတဲ့ကားထဲ မထည့် ချင်ထည့်ချင်နဲ့ထည့်
လိုက်ပါတော့တယ်။

Source Cartoon from http://www.news-eleven.com/

အခုကျုပ်တို့ ဗမာပြည်ပဲခေါ်ခေါ် မြန်မာနိုင်ငံပဲဆိုဆို ဒီနိုင်ငံမှာ ခေတ်ဟောင်းစနစ်ဟောင်းတွေနဲ့ လူဟောင်း တွေက ဆက်လက်အုပ်ချုပ်မင်းလုပ်နေတာ အားလုံးအသိပါ၊ အခုကျုပ်တို့ ပြင်နေတယ်ပေါ့ဗျာ၊ အဲဒီလိုပြင်တဲ့ အခါ လူထုက ချည်းလိုက်ပြင်နေလို့မဖြစ်ဘူး အုပ်ချုပ်သူတွေကိုယ်တိုင်ကလည်း ပြင်ချင်မှဖြစ်မှာ အခုဟာက တယောက်က ဖြဲလိုက်
နောက်တယောက်က ပြန်စိလိုက်လုပ်နေတာ အသည်းယားစရာကြီး။

ဦးရွှေမန်းက ဒါလုပ်ပါဆိုလျင် တခြားလူက မလုပ်သင့်ဘူး၊ လုပ်မယ်မလုပ်ဘူးဆိုတာနဲ့ အချိန်ဆွဲနေတာ ပြည်သူတွေ
ကတော့ ဆင့်တန်ဆာ ခွေးမျှော်ကိုဖြစ်လို့၊ ကျုပ်မေးချင်ပါတယ်၊ အခြေအနေစောင့်ကြည့်ကြဦးမှာ လား၊ သူကအ ချိန်ဆွဲနေလျင် ကျုပ်တို့က အချိန်ယူတတ်ရမယ်လေ၊ သူတို့မှာအားနည်းချက်တွေ အများကြီးရှိ နေတာကို မြင်တတ်လို့ ကတော့ ဒီအချိန်ဟာ အကောင်းဆုံးအချိန်ပဲဗျို့။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)