Source Photo from http://www.thejakartapost.com
ကမ္ဘာ့အရပ် အပုဆုံး လူအဖြစ် နိပေါ နိုင်ငံသား မှတ်တမ်းဝင်
29 Feb, 2012
ကမ္ဘာ့ အမြင့်ဆုံးတောင် ဖြစ်သည့် ဧဝရက်တောင် တွင်ရှိနေသည့် လှပသော သဘာဝ ရှု့ခင်းများ ရှိရာ နိပေါ နိုင်ငံ မှာ နောက်ထပ် ထူးခြားမှု တစ်ခုအဖြစ် စံချိန်သစ် တစ်ခုကို တင်လိုက်နိုင်ပြီ ဖြစ်ကာ ကမ္ဘာ့ အရပ်အပုဆုံး လူတစ်ဦး ကို တွေ့ရှိရပြီ ဖြစ်သည်။
ဂင်းနစ်ကမ္ဘာ့ စံချိန် မှတ်တမ်း စာအုပ်ပြုစုသူ အဖွဲ့မှာ စုစုပေါင်း ၂၁. ၅ လက်မ ရှိသည့် ကမ္ဘာ့ အပုဆုံး လူသား
Chandra Bahadur Dangi ကို ကမ္ဘာ့စံချိန် စာရင်းတွင် မှတ်သား လိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
အဆိုပါ ပုဂ္ဂိုလ်မှာ အသက် ၇၂ နှစ်ရှိပြီ ဖြစ်ပြီး ယခင်က မှတ်သား နိုင်ခဲ့သည့် ဖိလစ်ပိုင် နိုင်ငံမှ Junrey Balawing တင်ထားသော ၂၃.၅ လက်မ စံချိန်ကို ကျော်လွန် နိုင်ခဲ့သူလည်း ဖြစ်သည်။ ယခုလို စံချိန်နှင့် အတူ ထူးခြားချက်မှာ
Chandra Bahadur Dangi အနေဖြင့် သက်ရှိ ထင်ရှား ရှိသူ အရပ်အပုဆုံး လူတစ်ဦး အဖြစ် သတ်မှတ် နိုင်ခဲ့ခြင်းဖြစ်
သည် ဟုလည်း ဂင်းနစ် စံချိန်စာအုပ်မှ အယ်ဒီတာချုပ် Craig Glenday မှ သတင်းသမား များသို့ အဆိုပါ တိုင်းတာ ပွဲတွင် ပြောကြား ခဲ့သည်။
ထို့အပြင် ၎င်းအနေဖြင့် အမှန်တကယ်သာ အသက် ၇၂ နှစ် ဖြစ်ရိုးမှန်ပါက အသက် အရှည်ဆုံး အရပ်ပုသူ လူသားတစ် ဦး ဖြစ်လာလိမ့်မည် ဖြစ်ကြောင်းလည်း အဆိုပါ အယ်ဒီတာ ဖြစ်သူက ပြောကြားသွားခဲ့သည်။
source : reuters
Copy from http://www.mrtv4.net.mm