
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland
Source Photo from http://www.theepochtimes.com
မြောက်ကိုရီးယားက ပြောပါတယ် အမေရိကန်က စားနပ်ရိက္ခာပေးလျင် သူ့နျူကလီးယား အစီစဉ်တွေထဲက အချို့ကို
ရပ်မယ်တဲ့။
ဗမာစစ်အစိုးရကျတော့ တိုင်းရင်းသားတွေကို လက်နက်နဲ့ငြိမ်းချမ်းရေး လဲမယ်တဲ့။
အဲဒါ ပဒိုအောင်ဆန်းကြီး အူကြောင်ကြောင်နဲ့ ပေါက်တတ်ကရ ကလောင်တွေသွေးနေတာဖတ်လိုက်ရသေးတယ်။
ဗမာစစ်အစိုးရက အမေရိကန်နဲ့ကျတော့ သူတို့ကို ပိတ်ဆို့ထားတာ ဖွင့်ပေးပါတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်
လျှောက်ပြပါ့မယ်တဲ့။
ကျုပ်ကတော့ မေးလိုက်ချင်တယ် ဟုတ်ပါ့မလား မောင်ကာလုရဲ့။
နျူကလီးယား အစီအစဉ်တချို့ ရပ်တန့်ဖို့
မြောက်ကိုရီးယား သဘောတူ
29 February, 2012မြောက်ကိုရီးယား သဘောတူ
မြောက်ကိုရီးယား နိုင်ငံကို စားနပ်ရိက္ခာ ကူညီ ထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား နိုင်ငံနဲ့ တရုတ်
နိုင်ငံအကြားေ ဆွးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီ့အတွက် နှစ်ဖက် အစိုးရ အရာရှိတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ် က တွေ့ဆုံခဲ့ကြတယ်လို့ တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက
ပြောပါတယ်။
တခြား နိုင်ငံတွေရဲ့ နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ မြောက်ကိုရီးယား နိုင်ငံအတွက်ဘယ်လို စားနပ်ရိက္ခာ ထောက်
ပံ့မှုမျိုး မဆို တရုတ် နိုင် ငံက ကြိုဆိုတယ်လို့ သိရပါတယ်။
အဆိုပါ ကိစ္စအတွက် အာဆီယံ ရေးရာ တရုတ် ဒုတိယ နိုင်ငံခြား ၀န်ကြီးက မြောက်ကိုရီးယား နိုင်ငံကို ၅ ရက် ကြာ သွားရောက်ခဲ့သလို မြောက်ကိုရီးယား အဆင့်မြင့် အရာရှိတွေကလည်း အမေရိကန် အရာရှိတွေနဲ့ ပေကျင်း မြို့မှာ
ပြီးခဲ့တဲ့ သီတင်းပတ် က တိုက်ရိုက် ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲ အတွင်း မြောက်ကိုရီးယား အရာရှိတွေက အမေရိကန် ပြည်ထောင်စုကသာ စားနပ်ရိက္ခာေ ထာက်ပံ့ ပေး
မယ်ဆိုရင် ၎င်းတို့ဘက်ကလည်း ယူရေနီယံ သန့်စင် ထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့ အသင့် ရှိတယ်လို့ ပြောကြား
ခဲ့ကြကြောင်း သိရပါတယ်။
Copy from http://www.mrtv4.net.mm