• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, February 22, 2012

အုန်းဖျန်ဒုက္ခသည်စခန်း မီးလောင်မှု

Source Photo from http://www.google.com/images

အုန်းဖျန်ဒုက္ခသည်စခန်း မီးလောင်မှု ကြီးကျယ်

Thursday, 23 February 2012
(ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ယနေ့ နေ့လည် ၁၂နာရီကျော်အချိန် မှ စ၍ ယခုအချိန်ထိ မီးလောင်မှု ဖြစ်ပွားလျှက်ရှိသည်။

အုန်းဖျန်စခန်း၏ ရပ်ကွက်(၆)၊ (၇)နှင့် (၈)တို့တွင် မီးလောင်ကျွမ်းနေခြင်းဖြစ်ပြီး လောင်ကျွမ်းရသည့် အကြောင်းရင်းကို လက် ရှိအချိန် တွင် ကေအိုင်စီမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

“မီးလောင်တာ ၁၀မိနစ်လောက်ပဲ ရှိသေးတယ်။ မီးလုံးကြီးတွေက တအားတက်နေတယ်။ အခုထိလည်း တော်တော်လောင်နေတုန်းပဲ။ လေက ကျနော်တို့ရပ်ကွက်ဘက်ကိုတောင် တိုက်နေတော့ နည်းနည်း စိတ်
ပူပြီး အခု လှမ်းကြည့်နေရတာ။”
ဟု ရပ်ကွက်(၁)နေ ဦး အောင်ကျော်မြင့်က ပြောသည်။

ယနေ့သည် စခန်းဂိုဒေါင်များတွင် ဒုက္ခသည်များက ရိက္ခာအတွက် လူစစ်နေချိန်ဖြစ်သော်လည်း ယင်းမီးလောင်မှုကြောင့် ကစဥ့်ကလျား ပြေးလွှားနေကြသည်ဟု သူက ဆိုသည်။

လက်ရှိအခြေအနေတွင် အိမ်အလုံး (၁၀၀)ကျော်မီးထဲ ပါသွားပြီဖြစ်ကြောင်း အုန်းဖျန်ဒုက္ခသည်စခန်းမှ စောထူးပလီက ကေအိုင်စီကို ပြောသည်။

Copy from http://www.kicnews.org

မိမိတို့သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားချက်အရ ရုပ်ရှင်ကြည့်နေစဉ် ၀ါယာရှော့ခ် ဖြစ်ပြီးမီးလောင်သည်ဟု စခန်း အတွင်းနေထိုင်သူက ထင်မြင်ယူဆကြကြောင်းနှင့် ဖိုးဖပ်ရှိ မီးသတ်ဌာနသို့ အကူအညီလှမ်းတောင်းရာ မီးငြိမ်းပြီးမှ မီး သတ်ကားများရောက်လာကြောင်း၊အိမ်ခြေနှစ်ရာခန့် မီးလောင်ဆုံးရှုံးသွားကြောင်းနှင့် မီးလောင်မှုသည် အချိန်အားဖြင့်
၁နာရီ ပတ်ဝန်းကျင်ခန့်ကြာမြင့်ကြောင်း စုံစမ်းသိရှိရပါသည်။

ဖူ့ယာန်ဟှယ့်

BBCမှ သတင်းပေးပို့ထားချက်


Source Audio from http://www.bbcburmese.com
February 23, 2012 Thursday Evening

RFA မှ သတင်းပေးပို့ထားချက်


Source Audio from http://www.rfanews.org/burmese
February 23, 2012 Thursday

VOA မှ သတင်းပေးပို့ထားချက်


Source Audio from http://www.voanews.org/burmese
February 23, 2012 Thursday