• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, February 22, 2012

တံငါအလုပ်ကို ပညာမဲ့ လောဘသား တံငါတွေ ဖျက်

Source Photo from http://www.google.com/images

မြန်မာ့ပင်လယ်ပြင်တွင် ငါးသလောက်

မျိုးပြုန်းတီးလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရ


Wednesday, 22 February 2012

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းပိုက်များပြောင်းလဲကာ ငါးဖမ်းဆီးမှုကြောင့် ငါးသယံဇာတများ ပြုန်းတီးမှုနှင့်အတူ ငါးသလောက် ငါးမျိုးပြုန်းတီးလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။

''အရင်တုန်းကဆိုရင် ရေပေါ်ငါးမျိုးဖြစ်တဲ့ ငါးသလောက်ကို ၄ ဒသမ ၃ လက်မ အရွယ်ရှိတဲ့ ပိုက်ကွက်တွေနဲ့သာ ဖမ်းတာကြောင့် အရွယ်ရောက်ပြီးတဲ့ ငါးသလောက်တွေကို သာဖမ်းမိပြီး အကောင်ပေါက်တွေကတော့ လွတ်မြောက်သွားနိုင်ပါတယ်။ အခုဖမ်းနေတဲ့ ပိုက်ဖြစ်တဲ့ ၀ိုင်းချုပ်ပိုက်ဆိုရင် အရွယ်အစားက တစ်လက်မခန့်လောက် ရှိပါတယ်။ ဒီတော့ ဖမ်းတဲ့နေရာမှာ ငါးအကောင် ပေါက်လေးတွေပါ ဖမ်းမိတဲ့ထဲ ပါကုန်ပါတယ်။ ငါးသလောက်ငါးမျိုးဆို အခုဆိုရင် တဖြည်းဖြည်း ရှားပါးလာပြီး အခြေအနေ တော်တော်ဆိုးနေပါပြီ''ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


ယခင်က ၀ိုင်းပိုက်ဖြင့် ငါးသလောက်ဖမ်းဆီးရာတွင် သင်္ဘော ၅ စီး၊ ၆ စီးခန့်နှင့်သာ ဖမ်းဆီးခြင်းဖြစ်ပြီး ယခုဖမ်းဆီးနေသည့် ပိုက်ဖြစ်သည့် ၀ိုင်းချုပ်ပိုက်ဖြင့် ဖမ်းဆီးရာတွင် သင်္ဘောမှာ အစီး ၆၀၊ ၇၀ လောက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ဖမ်းဆီး မှုများကြောင့် ငါးသလောက်တင်မကဘဲ အခြားရေပေါ်ငါးများဖြစ်သည့် ပလာတူးငါး၊ ပလာတန်းငါး၊
ပြည်တော် သာကဲ့သို့ ငါးမျိုးများပါ ငါးသယံဇာတကျသွားမည့် အနေအထားမျိုးတွင် ရှိနေကြောင်းကိုလည်း သိရှိရသည်။


Copy from http://www.news-eleven.com/