ဗမာစစ်အစိုးရရဲ့
ငြိမ်းချမ်းရေးစကားစုကို နားလည်သဘောပေါက်ပုံ
ငြိမ်းချမ်းရေးစကားစုကို နားလည်သဘောပေါက်ပုံ
(မင်းစိုးစံ)
March 1.2012
ဗမာစစ်အစိုးရက ငြိမ်းချမ်းရေးဆိုတာ အားလုံးညိမ်ပြီးကျန်နေတာကို ငြိမ်းချမ်းရေးလို့ လက်ခံကျင့်သုံးနေတာ။ ဘယ်သူတစ်ဦးတစ်ယောက်မျှ ဘယ်လိုအဖွဲ့အစည်းမျှ သူတို့ရဲ့ အာဏာကို မထိခိုက်ဘူးဆိုလျင် သူတို့ကုလား ထိုင်ကို မနှဲ့နိုင်တော့ဘူးဆိုလျင် အဲဒါငြိမ်းချမ်းတယ်လို့ သဘောထားတာဗျ။
ဒါပေမယ့် သူတို့စားထားဝါးထားတာတွေ မတရားများနေလေတော့ ဘယ်မှာထားရမှန်းမသိတော့တာမို့ ပိတ် ထားတာတွေ မြန်မြန်ပွင့်အောင်ဆိုပြီး လုပ်ဇာတ်တွေထွင်နေတာပါ၊ သူတို့လျှောက်နေတဲ့ ဒီမိုကရေစီစနစ် ဆို တာကို ကျောခိုင်းပြီးနောက်ပြန်လှည့်မှာမဟုတ်ဘူးဆိုတာ ဖြစ်နိုင်ခြေရှိပါတယ်။
အဖြစ်နိုင်ဆုံးကတော့ ရှေ့တည့်တည့်ကိုကြည့်ပြီး နောက်ဆုတ်ဘို့လုပ်နေတယ်ဆိုတာကို ဒီကနေ့ဗမာပြည် တွင်းဖြစ်ပျက်နေတာတွေက ထင်ရှားတဲ့ ပြယုဒ်ပါ။
သံဃာတော်တွေကို ထင်သလိုအမိန့်ပေးလိုပေး၊ လယ်မြေတွေထင်သလိုသိမ်း၊ မတရားပြောင်းရွှေ့ခိုင်း၊ မရွှေ့ တဲ့လူဆို သူတို့ထုတ်ထားတဲ့ တရားဥပဒေဆိုတာတွေနဲ့ အမှုဆင်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်တယ်လို့ကြွားပြီး တခါပြန်ပြီးတိုက်နဲ့ ရှုတ်နေတာပဲ။ အဲဒါကို ယုံတဲ့လူပုဂ္ဂိုလ်တွေကလည်း ယုံကြ၊ ယုံကြည်တဲ့အဖွဲ့တွေကလည်း ယုံကြည်ကြ၊ ပြည်သူတွေကတော့ ဘ၀တွေပျက်နေကြ ငတ်ကြနဲ့ ကပ်ကြီးဆိုက်နေသလိုပဲ။
ဒါကြောင့် KIO ကပြောတာပေါ့ ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲထားပြီးသား နိုင်ငံရေးဆွေးနွေးဘို့ပဲ ကျန်နေတယ် ဆိုတာ။ အဲဒါကို ဆင်ဝှေ့ရန်ရှောင်လုပ်နေသေးတယ်၊ ဒီဇင်္ဘာလ လောက်ကျမှ အပစ်ခတ်ရပ်စဲ ထားနိုင်တဲ့အဖွဲ့နဲ့ဆွေးနွေးမယ်ဆိုပဲ။ အပစ်ခတ်မရပ်နိုင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုတော့ ကိုယ်စားလှည်အဖြစ်တောင်ပါဝင်ဘို့ လက်မခံနိုင်ဘူးဆိုတာ မွန်အမျိုးသားပါတီက နိုင်ဟံသာကပြောသွားတာ ကြားလိုက်ရပါတယ်။
ဒါဆိုလျင်တော့ ဗမာစစ်အစိုးရရဲ့ လိန်လည်ကောက်ကျစ်မှုဟာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားပါလိမ့်မယ် ဒါကတော့ အတန်းပညာမတတ်တဲ့ ကျုပ်ရဲ့ ထင်မြင်ချက်ပါ၊ ကျုပ်တို့ကရင်စကားပုံမှာ ရှေးလူကြီးတွေပြောဘူး တာက ဆ်ုလုဟ်ုထုယာ ဆ်ုသီးယိုဝ် အှ်ဍေတ်ုဖႜးဍေ အု္ဘးလှ် အဓိပ္ပါယ်ကတော့ ထင်မြင်ယူဆတယ်ဆိုတာ တဲ့ အမှားနဲ့ အမှန်ပဲရှိတယ်တဲ့။ ထိုင်းလိုပြောလျင်တော့ ဟာ့ဆေ ဟာ့ဆေ။ အမှားနဲ့အမှန်ဆိုတာ ၅၀%ပေါ့။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
ရှမ်းပြည်နယ်မှာ အပစ်ရပ်ပြီးမှ ပြန်တိုက်တဲ့သတင်း အပြည့်အစုံကို
VOA သတင်းထောက်မနန္ဒာချမ်းက ပြောပြထားတာပါ
March 1, 2012 Thursday Morning
Source NEWS Audio from http://www.voanews.com/burmese
VOA သတင်းထောက်မနန္ဒာချမ်းက ပြောပြထားတာပါ
March 1, 2012 Thursday Morning
Source NEWS Audio from http://www.voanews.com/burmese