Clearing Space
The final frontier is littered with dead spacecraft and shrapnel. It’s a hypervelocity menace. How can we clean it up?
More Information http://ngm.nationalgeographic.com
အာကာသ အမှိုက် ရှင်းလင်းရေး ဆွစ်ဇာလန် ဂြိုဟ်တု
လွှတ်တင်မည်
16 Feb, 2012လွှတ်တင်မည်
ကမ္ဘာပတ် လမ်းကြောင်း အတွင်း ရှိနေသည့် အာကာသ အမှိုက်များကို ရှင်းလင်းရန် အတွက် ဆွစ်ဇာလန် နိုင်ငံမှ တာဝန်ယူ နိုင်သည့် အနေအထား သို့ရောက်လာခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က ကြေငြာရာ၌ ၎င်းတို့ အနေဖြင့် ဒေါ်လာ ၁၁ သန်းတန် အာကာသတွင်း စွန့်ပစ်သည့် အပျက်အစီး အစိတ်အပိုင်းများ ရှင်းလင်းရေး ယာဉ်ကို လွတ်တင် တော့မည် ဖြစ်ကြောင်း ပြောကြား လိုက်ကာ အဆိုပါ ယာဉ်ဖြင့် အာ
ကာသ ပတ်လမ်း အတွင်းရှိ အမှိုက်များကို ရှင်းလင်း ပေးမည် ဖြစ်ကြောင်း ကြေငြာ လိုက်ပြီ ဖြစ်သည်။
CleanSpace One ဟုအမည်ပေး ထားသည့် အဆိုပါ ယာဉ်ကို လာမည့် ၃ နှစ်မှ ၅ နှစ် အတွင်း လွတ်တင် နိုင်ရန် လျာ
ထားပြီး ယင်းသို့ လွှတ်တင် ခြင်းဖြင့် ကမ္ဘာပတ်လမ်း အတွင်းတွင် ရှိနေသည့် ဆွစ်ဇာလန်မှ လွှတ်တင် ခဲ့သော
ဂြိုဟ်တုပျက် နှစ်လုံးကိုလည်း ရှင်းလင်း သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။
အမေရိကန် အာကာသ အုပ်ချုပ်ရေး အဖွဲ့ နာဆာ မှပြောရာတွင် ကမ္ဘာပတ်လမ်း အတွင်း ဂြိုဟ်တု အပျက်အစီး အစိတ် အပိုင်းနှင့် အခြားသော အမှိုက်များ စုစုပေါင်း ၅ သိန်း ကျော်ရှိကာ အများစုမှာ တစ်နာရီလျင် ၁၇၅၀၀ မိုင်နှုန်းဖြင့် လည်ပတ် နေခြင်း ဖြစ်ကြောင်း ပြောသည်။
ယခုလို လွှတ်တင်ခြင်း နှင့်အတူ ဆွစ်ဇာလန်တို့ အနေဖြင့် တဖြည်းဖြည်း ယင်းအမှိုက် များကို ရှင်းလင်း နိုင်ရန် မျှော်မှန်း ထားကြောင်းလည်း သိရသည်။
source : AP
Credit http://www.mrtv4.net.mm






