• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, February 18, 2012

ကရင်အမျိုးသားအစည်းအရုံးနှင့် ဗမာအစိုးရတို့ ဖေဖေါ်ဝါရီလကုန်ခန့်တွင် တွေ့ဆုံရန်ရှိ

KNU ဒုဥက္ကဌ ပဒိုဒေး ဗစ်သာကပေါ

ကရင်အမျိုးသားအစည်းအရုံးနှင့် ဗမာအစိုးရ,တို့

ဖေဖေါ်ဝါရီလ,ကုန်ခန့်တွင် တွေ့ဆုံရန်ရှိ

နော်နိုရင်း
(DVB)
February 17, 2012

မြန်မာအစိုးအရနဲ့အပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီမှု လက်မှတ်ရေးထိုးခဲ့တဲ့ ကရင်အမျိုးသားအစည်း အရုံးနဲ့ အစိုးရကိုယ်စားလှည်တို့ ဖေဖေါ်ဝါရီလကုန်လောက်မှာ ထပ်မံတွေ့ဆုံဘို့ရှိတယ်လို့ KNU ဒုဥက္ကဌ ပဒိုဒေး ဗစ်သာကပေါ က DVB ကိုပြောပါတယ်။

KNU အနေနဲ့မြန်မာပြည်တွင်းမှာမဟုတ်ပဲ ကြားတနေရာမှာတွေ့ဆုံဘို့ဆန္ဒရှိနေပြီး ပြည်ထောင်စုဝန်ကြီး ဦး အောင်မင်းနဲ့ ညှိနှိုင်းရဦးမယ်လို့ပြောပါတယ်၊ တွေ့ဆုံမယ့်ရက်အတိအကျကိုတော့ မသတ်မှတ်ရသေး ဘူးလို့ ပဒိုဒေးဗစ် သာကပေါ ကပြောပါတယ်။

အစိုးရကိုယ်စားလှည်တွေနဲ့ ကရင်အမျိုးသာအစည်းအရုံးတို့ ပြီးခဲ့တဲ့ဇန္န၀ါရီလ ၁၂ရက်နေ့တုန်းက ဘားအံမြို့မှာ တွေ့
ဆုံခဲ့ပြီး အပစ်ခတ်ရပ်စဲရေးပဏာမသဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲအတွင်း ၄၅ရက်အတွင်းထပ်မံတွေ့ဆုံဘို့ သဘောတူညီလက်မှတ်ထိုးခဲ့ပါတယ်၊ ဒီလိုအပစ်ခတ် ရပ်စဲရေး ပဏာမအဆင့်သဘောတူ လက်မှတ်ထိုးခဲ့ပေမယ့် အောက်ခြေတပ်မဟာတွေဖြစ်တဲ့ တပ်မဟာ ၂ တပ် မဟာ ၃ နဲ့ တပ်
မဟာ ၅ တွေမှာ တိုက်ပွဲတွေကြိုကြားဖြစ်ပွါးနေသေးတယ်လို့ ပဒိုဒေးဗစ်သာကပေါက ပြောပါ တယ်ရှင်။

နော်နိုရင်း
(DVB)


February 17, 2012 evening
Source NEWS Audio from http://www.dvb.no