In this photo taken Thursday, jan. 19, 2012, young Karen refugees attend a morning church service inside Mae La refugee camp in Tha Song Yang district, Tak province northern Thailand. Surprisingly rapid reforms and cease-fires under way in Myanmar are opening the prospects for the return of one of the world's largest refugee populations _ some 1 million Burmese huddled in frontier camps and hide-outs across five countries. (AP Photo/Apichart Weerawong)More Information http://english.sina.com
ဘုရားအချင်းချင်းတည့်တယ် လူတွေပဲမတည့်ကြတာ
ဘုရားအချင်းချင်းတည့်တယ် လူတွေပဲမတည့်ကြတာ
(မင်းစိုးစံ)
ခရစ်ယာန်အမျိုးသားတဦးနဲ့ ဗုဒ္ဓဘာသာအမျိုးသမီးတို့ အိမ်ထောင်ကျပြီး သားသမီးရတနာတွေ တိုးပွားလာပါတယ်။
နှစ်ဘက်မိတ်ဆွေသူငယ်ချင်းများနဲ့လည်း ခင်ခင်မင်မင်ရင်းရင်းနှီးနှီးရှိကြပါတယ်။
သူတို့မိသားစုလေးဟာ အင်မတန်ကို ချစ်ချစ်ခင်ခင်ရှိကြပြီး အလွန်သာယာချမ်းမြေ့တဲ့မိသားစုလေးပါ။
ဘာကြောင့်သာယာချမ်းမြေ့တဲ့မိသားစုလေး ဖြစ်နေရသလဲဆိုတော့ အပေးအယူတည့်ပြီး နားလည်မှုတွေပေးနိုင်ကြလို့
ဖြစ်ပါတယ်။
ဘာကြောင့်များ သာယာချမ်းမြေ့ပြီး ချစ်ခင်စရာကောင်းတဲ့ မိသားစုလေးဖြစ်ရသလဲဆိုတာ အဖြေထုတ်ကြည့်လိုက်တဲ့
အခါ ဘုရားစင်ပေါ်မှာ ခရစ်ယာန်ရုပ်ပွါးတော်နဲ့ ဗုဒ္ဓရုပ်ပွါးတော်ကို အတူယှဉ်တွဲပြီး သီတင်းသုံးစေတာကို မြင်လိုက်ရ
ပါတယ်။
ခရစ်ယာန်ဘာသာမှာ ဂိုဏ်းအမျိုးမျိုးရှိသလို ဗုဒ္ဓဘာသာမှာလည်း ဂိုဏ်းအမျိုးမျိုးရှိကြတာမို့ ဗုဒ္ဓဘာသာအသိမိတ်ဆွေ
ပဲဖြစ်ဖြစ် ခရစ်ယာန်အသိမိတ်ဆွေပဲဖြစ်ဖြစ် သူတို့မိသားစုအိမ်ကိုအလည်ရောကိတဲ့အခါ ရုပ်ပွါးတော်တွေသီတင်းအတူ
သုံးတာကိုမေးတော့ ဘုရားတွေက တည့်တယ် လူတွေကမတည့်တာ ဆိုပြီး ပြန်ပြောလိုက်ပါသတဲ့။
သတင်းတိုလေးတပုဒ်ကို ဖတ်ရှုနားဆင်ကြည့်တော်မူကြပါခင်ဗျား။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
ပြည်တွင်းငြိမ်းချမ်းရေးပြန်လည်ရရှိစေဘို့နဲ့ ကရင်တိုင်းရင်းသားတွေထဲမှာ အမြင်မတူကွဲပြားမှုတွေကို တတ် နိုင်တဲ့ဘက်က လက်တွေ့အကောင်အထည်ဖေါ်ရွက်ဆောင်သွားမယ်လို့ KNU ကရင်အမျိုးသားအစည်းအ ရုံး ပြည်ထဲရေးနဲ့ သာသနာရေး ဌာနဗဟိုလ်က ကျင်းပတဲ့ ဘာသာရေးဆိုင်ရာနှီးနှောဖလှယ်ပွဲမှာ တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့အကြောင်း ဒီ
ကနေ့ KNU ထုတ်ပြန်ကျေငြာချက်မှာ ထုတ်ပြန်ကျေငြာထားပါတယ်။
အဲဒီနှီးနှောဖလှယ်ပွဲကို ဖေဖေါ်ဝါရီလ ၁၅ရက်က ၁၇ရက်နေ့အထိ ထိုင်းမြန်မာနယ်စပ်တနေရာမှာ ကျင်းပပြု လုပ်ခဲ့ တာဖြစ်ပါတယ်၊ ဆွေးနွေးပွဲကိုဘာသာပေါင်းစုံက ရဟန်းသံဃာတော်တွေ သိက္ခာတော်ရဆရာတော်တွေ ကရင် အဖွဲ့စည်းအချို့ကပုဂ္ဂိုလ်တွေ ၂၀၀နီးပါးတက်ရောက်ခဲ့ပါတယ်။
နှီးနှောဖလှယ်ပွဲနဲ့ ပတ်သက်လို့ ခရစ်ယာန်သိက္ခာတော်ရ ဆရာ စောရောဘတ်ထွေးက အခုလိုပြောပါတယ်ခင် ဗျား
February 18, 2012 Saturday evening
Source NEWS from http://www.rfanews.com/burmese
ဘာသာရေးနဲ့နှီးနှောဖလှယ်ပွဲနဲ့ပတ်သက်လို့ သိက္ခာတော်ရ ဆရာ စောရောဘတ်ထွေး ပြောသွားတာဖြစ်ပါ တယ်ခင်ဗျား။
ခရစ်ယာန်သိက္ခာတော်ရ ဆရာ စောရောဘတ်ထွေးနှင့် RFA မြန်မာပိုင်းဌာန
ဆက်သွယ်မေးမြန်းခန်းအပြည့်အစုံ
February 18, 2012 Saturday evening
Source NEWS from http://www.rfanews.com/burmese
February 18, 2012 Saturday evening
Source NEWS from http://www.rfanews.com/burmese




