• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, February 13, 2012

အင်္ဂါဂြိုဟ်ပေါ်တွင် သမုဒ္ဒရာကြီး တစ်ခု ရှိခဲ့ကြောင်း အထောက်အထားများ တွေ့ရှိခဲ့

Source Photo from http://voyager1.org/

အင်္ဂါဂြိုဟ်ပေါ်တွင် သမုဒ္ဒရာကြီး တစ်ခု ရှိခဲ့ကြောင်း

အထောက်အထားများ တွေ့ရှိခဲ့


13 Feb, 2012

ဥရောပ အာကာသ အေဂျင်စီမှ အာကာသယာဉ် တစ်စီးဟာ အင်္ဂါဂြိုဟ်ပေါ်မှာ လွန်ခဲ့တဲ့နှစ် ဘီလီယံ ပေါင်းများစွာက သမုဒ္ဒရာ တစ်ခု ရှိခဲ့တဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီအကြောင်းကို ၂၀၀၃ ခုနှစ် အတွင်းက လွှတ်တင်ခဲ့တဲ့ အင်္ဂါ ဂြိုဟ် လေ့လာရေး အာကာသ ယာဉ်မှ အချက်အ
လက်တွေကို လေ့လာ ဆန်းစစ်ပြီးနောက်မှာ ဥရောပ အာကာသ အေဂျင်စီက ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အာကာသ ယာဉ်က အင်္ဂါဂြိုဟ် မျက်နှာပြင် အောက်ဖက် ကိုရေဒါ စနစ်နဲ့ စူးစမ်း လေ့လာခဲ့ရာမှာ ဂြိုဟ်
ရဲ့မြောက် ဘက် တစ်ဝှမ်းမှာ သိပ်သည်းဆ နည်းတဲ့ အနည်ကျ နုန်းတွေကို တွေ့ခဲ့ရပါတယ်။
အဲဒီလို အနည်ကျ နုန်းတွေကို တွေ့ခဲ့ရတာကြောင့် အင်္ဂါဂြိုဟ်ရဲ့အစိတ်အ ပိုင်း တော်တော်များများ ကို ရေတွေနဲ့ဖုံး လွှမ်း နေခဲ့တာ ဖြစ်နိုင်ကြောင်း ယူဆ ထားခဲ့ပါတယ်။

အခုလို တွေ့ရှိချက်အရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဘီလီယံခန့်က အင်္ဂါဂြိုဟ်ရဲ့ အပူချိန်ဟာ အခုထက် မြင့်မားနိုင်ပြီး
နွေးထွေး စိုစွတ်တဲ့ အခြေအနေ ရှိခဲ့ကြောင်း နောက်ထပ် နှစ်ပေါင်း ၁ ဘီလီယံလောက် ကြာပြီးတဲ့နောက်မှာ အပူချိန် မြင့်တက်လာခဲ့ပြီး ရေခဲများ အရည်ေ ပျာ်ကာ သမုဒ္ဒရာ တစ်ခု ဖြစ်ပေါ်ခဲ့တာ ဖြစ်နိုင်ကြောင်း ဥရောပ အာကာသ အေဂျင်စီက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ သမုဒ္ဒ ရာ ဖြစ်တည်မှုဟာ တိုတောင်း လှတာကြောင်း သက်ရှိတွေ ရှိနေနိုင်ခြင်း ရှိမရှိကို တော့ ဥရောပ အာကာသ အေဂျင်စီက ထည့် သွင်း ပြောကြားခြင်း မရှိခဲ့ပါဘူး။

အခု ထပ်မံ တွေ့ရှိချက်တွေကတော့ ရှေးအင်္ဂါ ဂြိုဟ်ပေါ်က ဖြစ်နိုင်ဖွယ် ရှိတဲ့ အခြေအနေတွေ ကို လေ့လာခဲ့တာဖြစ်
တယ်လို့ သတင်း ရရှိပါတယ်။



Credit http://www.mrtv4.net.mm