• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, February 13, 2012

(၁၈၆) ကြိမ်မြောက် စူဠာမဏိစေတီတော်ကို ရည်စူး၍ ကရင်ရိုးရာ မီးပုံပူဇော်ပွဲ


(၁၈၆) ကြိမ်မြောက် ကရင်ရိုးရာ နယ်လုံးကျွတ် မီးပုံပွဲတော်ကျင်းပ

Monday, 13 February 2012

(၁၈၆) ကြိမ်မြောက် တလဂုဏ် ဗုဒ္ဓဘာသာဝင် ကရင်တိုင်းရင်းသားတို့၏ နယ်လုံးကျွတ်ရိုးရာမီးပုံ ပူဇော်ပွဲကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးကျေးရွာတွင် တပို့တွဲလပြည့်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ယခင်နှစ်
ကထက် ပိုမိုစည်ကားခဲ့ကြောင်း သိရသည်။

စူဠာမဏိစေတီတော်ကို ရည်စူး၍ မီးပုံပူဇော်ပွဲတွင် ကရင်ရိုးရာဇာတ်ပွဲ၊ မြန်မာ့ဇာတ်သဘင်နှင့် ကရင်ရိုးရာဒုံး အကပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။

ပျော်ပွဲရွှင်ပွဲများကို ၅ ရက်တိုင်တိုင် ကျင်းပခဲ့ရာ ဒေသခံဈေးဆိုင်များ ရန်ကုန်၊ မော်လမြိုင်မြို့ကြီးများမှ အထည်
ဆိုင်ကြီးများ၊ စားသောက်ဆိုင်ကြီးများအပါအ၀င် ဘားအံ၊ ကော့ကရိတ်မြို့များမှ လာရောက်ရောင်းချသည့်ဈေး
ခန်း ၃၀၀ ကျော်ရှိကြောင်း သိရှိရသည်။

''ကျွန်တော်တို့က နှစ်စဉ်ကျင်းပတဲ့ မီးပုံပူဇော်ပွဲကိုလာပြီး မိသားစု ဆုတောင်းကြပါတယ်။
ယုံကြည်မှုတစ်ခုပါ၊ မီးပုံပွဲမှာ မီးပုံတိုင်နှင့်ဆုတောင်းရင် စီးပွားရေး၊ ကျန်းမာရေးပြည့်စုံပြီး အတိုက်အခိုက်မကောင်း တာတွေ ပြေ ပျောက်တယ်လို့ ယုံကြည်ကြပါတယ်။
ဒီနှစ်က ယခင်နှစ်တွေထက် စည်ကားပါတယ်။
တဖက်နိုင်ငံမှာ အလုပ်သွားလုပ်ကြတဲ့သူတွေနဲ့ ပြည်နယ်တွင်းမှာရှိတဲ့ ကရင်အမျိုးသားတွေလည်း ရောက်လာကြတယ်၊ နယ်မြေအေး ချမ်းမှုကောင်းလာတာလည်း ပါတာပေါ့။
ည ၁၀ နာရီလောက်ဆိုရင် ကွင်းပြင်ထဲမှာ တိုးမပေါက်နိုင်တော့ဘူး''

ဟု ကျုံဒိုးမီးပုံပွဲသို့လာသူ မြ၀တီမှ ကရင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

http://www.news-eleven.com