Successful defence: WBC heavyweight Champion Vitali Klitschko celebrates retaining the WBC title against Dereck Chisora. Picture: Matthias Schrader. Source: APSource Photo from http://www.dailytelegraph.com.au
ရန်ပွဲဖြစ်ပွား ခဲ့တဲ့ အတွက် ထောင်ဒဏ် ရင်ဆိုင်ရဖွယ် ရှိနေတဲ့
ဒေးဗစ်ဟေရီနဲ့ ဒီရက်ချီဆိုရာ
ဒေးဗစ်ဟေရီနဲ့ ဒီရက်ချီဆိုရာ
22 Feb, 2012
ဗြိတိန် လက်ဝှေ့ အားကစားသမား တွေဖြစ်တဲ့ ဒေးဗစ်ဟေရီနဲ့ ဒီရက်ချီဆိုရာ တို့ဟာ မြူးနစ်ခ်ျမှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲကြောင့် ထောင်ဒဏ် ချမှတ်ခံ ရဖွယ် ရှိနေတယ်လို့ ဂျာမန် အစိုးရ ရှေ့နေက ပြောကြား ခဲ့ကြောင်း သိရပါတယ်။ ဟေရီဟာ တစ်ဖက်သားကို ပြင်းထန်စွာ ထိခိုက်စေ ခြင်းပြစ်မှုဖြင့် သက်သေ အထောက်အထား ခိုင်လုံခဲ့ပါက ထောင်ဒဏ် ၆လမှ ဆယ်နှစ် အထိ ချမှတ်ခံရဖွယ် ရှိတယ်လို့ အစိုးရ ရှေ့နေက ဆက်လက် ပြောကြား ခဲ့ပါတယ်။
မိမိရဲ့ အပြုအမူဟာ ခွင့်မလွှတ် နိုင်ဖွယ် ဖြစ်ကြောင်း ၀န်ခံခဲ့တဲ့ ချီဆိုရာ ကတော့ တမင်ကြံရွယ် နာကျင်စေမှုနဲ့ သံသယ ရှိခံနေရပြီး ယင်းပြစ်မှုဟာ ထောင်ဒဏ် ငါးနှစ် အထက် ကျခံရဖွယ် ရှိနေပါတယ်။ ယင်းပြစ်ဒဏ် တွေထက် လျော့နည်းတဲ့ ပြစ်ဒဏ်အဖြစ် ငွေဒဏ်နဲ့ ထောင်ဒဏ် တစ်နှစ် ကိုတော့ သူတို့နှစ်ဦးဟာ မျှော်လင့် ခွင့်ရှိနေပါသေးတယ်။ စနေနေ့ညက ကျင်းပခဲ့တဲ့ ဟဲဗီးဝိတ် ချန်ပီယံ ကာကွယ်ပွဲမှာ ချီဆိုရာဟာ ကလစ်ခ်ျစ်ကို ကိုရှုံးနိမ့်ခဲ့အပြီး သူတို့ နှစ်ဦးဟာ ယခုလို အချင်းများ ထိုးကြိတ် ခဲ့ကြတာ ဖြစ်ပါတယ်။
သူ့ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ချီဆိုရာက မိမိအနေနဲ့ ယခုလို နောင်တရဖွယ် ကိစ္စ ကျူးလွန်ခဲ့ ခြင်းအပေါ် လှိုက်လှိုက်လှဲလှဲ တောင်းပန် ပါကြောင်း၊ မိမိ အပြုအမူဟာ ခွင့်မလွှတ် နိုင်ဖွယ် ဖြစ်ပြီး ဘယ်ဘို ဆင်ခြေဆင်လက် မှလည်း မပေးလိုကြောင်း၊ အခုတော့ မိမိဟာ မိမိမိသားစု၊ အသင်းနဲ့ အားကစား လောကကို သိက္ခာကျ စေခဲ့ပြီ ဖြစ်ကြောင်း၊ တောင်းပန် ပြောကြား ခဲ့ပါတယ်။
ဟေရီ ကတော့ လက်ဝှေ့ လောကမှ တာဝန်ရှိသူတွေ အနေနဲ့ သူတို့ ဆန္ဒရှိတဲ့ အတိုင်း လုပ်တဲ့ စုံစမ်း စစ်ဆေးမှုမှာ ကျေကျေနပ်နပ် ပါဝင် ကူညီ ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြီးတော့ မိမိဟာ သူတော်စင် တစ်ပါးလည်း မဟုတ်တဲ့ အတွက် ယခုလို ဖြစ်ပွားမှု ကိုလည်း စိတ်မပျက် မိကြောင်း၊ ဒါပေမယ့် မိမိရဲ့ အားကစား လောကမှာ ရှိတဲ့ ၂၁ နှစ်အတွင်း ဒီလို ၀ရုန်းသုန်းကား ကိစ္စမျိုးမှာ ပါဝင်ဖူးခြင်း မရှိသလို၊ မျက်မြင် သက်သေတောင် မဖြစ်ခဲ့ ဖူးကြောင်း ပြောကြား ခဲ့ပါတယ်။ ဟေရီဟာ မေးခွန်း အထုတ် မခံရခင်ဘဲ သူ့နိုင်ငံကို လေယာဉ်နဲ့ ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပေမယ့် ဂျာမန်ရဲ တွေကတော့ သူ့ကို မေးမြန်းဖို့ အတွက် အလိုရှိနေ သေးကြောင်း သိရပါတယ်။ ချီဆိုရာ ဟာလည်း တမင်ကြံရွယ် နာကျင်စေမှု အတွက် ဂျာမန်ကို ပြန်လာပြီး အမှုရင်ဆိုင် ရဖွယ် ရှိနေသေးကြောင်း သိရပါတယ်။
Injury: Adam Booth, trainer of David Haye, bleeds from a nasty gash on his forehead. He claimed to have been 'glassed' during the brawlRead more: http://www.dailymail.co.uk/news/article-2103267/David-Haye-blames-Dereck-Chisora-ugly-press-conference-brawl.html#ixzz1nBar1VRm
Copy from http://www.mrtv4.net.mm






