• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, February 25, 2012

DKBA နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ ဘားအံမှာတွေ့ဆုံဆွေးနွေး

ဗိုလ်မှူးချုပ်စောဘိခို့
(DKBA ကလို့ထူးလားစစ်ဗျူဟာ)

DKBA နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့

ဘားအံမှာတွေ့ဆုံဆွေးနွေး


DKBA နဲ့ အစိုးရကြားမှာ အပစ်အခတ်ရပ်စဲထားတယ်ဆိုပေမယ့် နောက်ထပ်အဆင့်ဆင့်ဆောင်ရွက်ရမယ့် ကိစ္စတွေ
အတွက် DKBA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောမိုယှေးနဲ့ မြန်မာအစိုးရပြည်ထောင်စုဝန်ကြီးဦး အောင်သောင်းတို့ ဦးဆောင်တဲ့ နှစ်ဘက်ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့တွေက တွေ့ဆုံဆွေးနွေးကြတာပါ။

အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးတဲ့နောက်မှာ DKBA ကမြ၀တီမြို့တမြို့ထဲမှာပဲ ဆက်ဆံရေးရုံးကိုဖွင့်ထားခဲ့ ပါတယ်၊
အခု DKBA ကနောက်ထပ်သုံးနေရာမှာ ဆက်ဆံရေးရုံးတိုးချဲ့ဖွင့်ဘို့ဆွေးနွေးတဲ့အပေါ်မှာ အစိုးရဘက် က သဘောတူခဲ့ တယ်လို့ DKBA ဗိုလ်မှူးချုပ်စောမိုယှေး BBC ကိုပြောတာက

DKBA က နောက်ထပ်ဆက်ဆံ ရေးရုံးသုံးရုံး ကော့ကရိတ် ဘားအံ နဲ့ ကြာအင်းဆိပ်ကြီး မြို့တွေမှာဖွင့်ဘို့ကို နှစ်ဘက်သ
ဘောတူတယ် နောက် ပြီးတော့ DKBA စစ်သားတွေတာဝန်အရခရီးသွားတဲ့အခါမှာ စစ်ဝတ်စုံအပြည့်နဲ့ လက်နက်ပါယူပြီး
သွားခွင့်ရ တယ် ဒါပေမယ့်အစိုးရဘက်ကိုကြိုပြီးအကြောင်းကြားသွားရမယ်လို့သဘောတူကြတယ် DKBA ကုန်သည်စီးပွါး ဆက်ဆံရေးရုံးနှစ်ရုံးကို ရန်ကုန်နဲ့နေပြည်တော်တွေမှာဖွင့်ဘို့ကိုလည်း နှစ်ဘက်သဘောတူကြတယ်
လို့ပြောသွားပါတယ်။

ပြီးတော့မကြာခင်ကပဲ BGF(နယ်ခြားစောင့်တပ်)က DKBA တွေရဲ့လက်နက်တွေကို သိမ်းယူလိုက်တဲ့အတွက် BGF နဲ့
DKBA ကြားမှာမပြေလည်မှု ဖြစ်ခဲ့တာတွေကိုလည်း ဆွေးနွေးဖြေရှင်းခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် ဒီလိုမျိုးပြဿနာမျိုးမဖြစ်ရအောင် BGF(နယ်ခြားစောင့်တပ်)ဟာ မြိုင်ကြီးငူဒေသမှာနေဘို့နဲ့ ဗိုလ်မှူးချုပ်
စောဘိခို့ ဦးဆောင်တဲ့ DKBA ကလို့ထူးလားစစ်ဗျူဟာကတော့ ထိုင်းမြန်မာနယ်စပ် မဲ့သဝေါဒေသမှာအခြေပြုကြဘို့
ကိုလည်း သဘောတူခဲ့ကြတယ်လို့ DKBA ဗိုလ်မှူးချုပ် စောမိုယှေးက ပြောပါတယ်ခင်ဗျား။

DKBA နဲ့မြန်မာအစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့တွေ မနေ့ကကရင်ပြည်နယ် ဘားအံမှာတွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ အကြောင်း အပြည့်အစုံကို မဲဆောက်က BBC သတင်းထောက် ကိုအောင်ကျော်ဦး အစီရင်ခံတင်ပြထားတာပါ။



February 26 Morning
Source NEWS Audio from http://www.bbcburmese.com