• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, February 25, 2012

ကရင်ဒုက္ခသည် ၄၅၀ခန့် မူရင်းနေရပ်ပြန်ရေး MDA စီစဉ်ပေး

ပြည်တွင်းမှ ကရင်ဒုက္ခသည်မိသားတစု

မိမိနေရပ်ရင်းကို နှစ်ပေါင်း လေးဆယ်ကျော် စွန့်ခွါထွက်ပြေးခဲ့ကြရသူများအနေဖြင့် စားဝတ်နေရေးအကူအညီ သုံးလဆို
သော ကာလရရှိရုံမျှဖြင့် နဂိုလ်ပုံမှန်အခြေအနေသို့ ရောက်ရှိနိုင်ပါမည်လား။
အဘယ်ကြောင့်နည်း။

ဒုက္ခသည်များနေရပ်ရင်းပြန်သည်နှင့် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုမည်ဆိုသည်မှာ ဖြစ်နိုင်ပါမည်လား။
အဘယ်ကြောင့်နည်း။

ဒုက္ခသည်များနေရပ်ရင်းပြန်ရေးအတွက် KNU (ကရင်အမျိုးသားအစည်းအရုံး) ၏ တရားဝင်ခွင့်ပြုချက်ရယူရမည်
ဆိုသည်မှာ ဖြစ်နိုင်ပါမည်လား။
အဘယ်ကြောင့်နည်း။

ကရင်ဒုက္ခသည် ၄၅၀ခန့် မူရင်းနေရပ်ပြန်ရေး MDA စီစဉ်ပေး

By BBC Burmese Service
2012 February 23 Friday

ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့ရဲ့အရှေ့မြောက်ဘက် ၁၂ မိုင်အကွာမှာရှိတဲ့ မဲဘုတ်ရွာကနေ စစ်ဒါဏ်ကြောင့် အိမ်ခြေစွန့်ခွါပြီး နှစ်ပေါင်းများစွာထွက်ပြေးခဲ့ကြရသူ ကရင်ဒုက္ခသည်မိသားစုဝင် ၄၅၀လောက်ကို မူရင်းနေရပ်ပြန်ပြီး
တော့ ရွာပြန်တည်နေထိုင်ဘို့စတင်စီစဉ်နေပြီလို့ သိရပါတယ်ဘယ်အဆင့် ရောက်နေပြီလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီကိစ္စကိုကြားဝင်ဆောင်ရွက်ပေးနေတဲ့ MDA Myanmar national Deployment Association အဖွဲ့က ဦးခင်ဇော် ကို ဒေါ်သီတာနွယ်ကနေ ဆက်သွယ်ပြီးမေးကြည့်တဲ့အခါမှာ

MDA ။ ။ ဇန္န၀ါရီလ ၁၈ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို စပြီးအကူအညီတောင်းတဲ့စာပို့ပါတယ် ဒီအဖွဲ့ အကူအညီပေးရေးအဖွဲ့၁၅ယောက်ရှိပါတယ် ဒီဘက်က ကျောင်းဆရာ၂ယောက်ရယ် ဒေသခံ၁၃ယောက်ရယ် စုစုပေါင်း၁၅ယောက်ပေါ့၊ အဲဒီ၁၅ယောက်ကို ပဲခူးတိုင်းဒေသကြီးအစိုးရနဲ့လာတွေ့ဘို့ လမ်းပြကြယ်ဦးအေးမြင့်က
တဆင့် ကျွန်တော့်ကို လှမ်းအကြောင်းကြားတာရှိပါတယ် တရားဝင်စာနဲ့တော့မရသေး ပါဘူး ကျောက်ကြီးမြို့နယ်
ဆိုတာက ဒီဘက်အစိုးရနဲ့ KNUနဲ့ဆက်စပ်နယ်မြေဖြစ်နေတော့ ဒီဘက်ကခွင့်ပြုသလို ဟိုဘက်ကလည်း တွန်းအား
ပေးခွင့်ပြုချက်မျိုးသူတို့လိုအပ်တယ်ပေါ့လေ အဲဒါလေးရလျင်တော့ သူတို့စိတ်ချလက်ချပြောင်းလို့ရပါပြီတဲ့ အဲဒီလို ကျွန်တော်တို့ကိုပြောတယ်။

ဟုတ်ကဲ့အဲဒီတော့ အစိုးရဘက်အပိုင်းကိုတော့ တင်ပြထားပြီးပြီ ဆိုတော့ KNU ဘက်ပိုင်းကရော ဘယ်လိုအခြေအနေမျိုးရှိပါသလဲ

MDA။ ။ကျွန်တော်တို့ကိုလာပြီး စအကူအညီတောင်းတဲ့အချိန်မှာတော့ မဲဘုတ်ရွာသူရွာသားတွေက KNUဘက်က လာရွှေ့ပြောင်းခိုင်းပြီပေါ့လေ သူတို့ ဒီMarch လအတွင်းလောက်ကိုအပြီးရွှေ့ပေါ့ ကျွန်တော်တို့က လိုက်လုပ်ပေး
လိုက်တယ် ဒီဘက်တိုင်းအစိုးရကတော့ အကူအညီပေးမယ့်အခြေအနေမျိုး ရောက်နေပြီလေ ဒါပေမယ့်လည်း ပဲခူးတိုင်းဒေသကြီးအစိုးရဘက်က တရားဝင်ခွင့်ပြုချက်မျိုးပေးသလိုပေါ့လေ KNU ဘက်က ရွှေ့ပြောင်းစေလို တဲ့ခွင့်ပြုချက်မျိုးတခုခုပေါ့လေ အဲဒါမျိုးရဘို့ သူတို့သွားကြိုးစားနေပါတယ်။

ဟုတ်ကဲ့ အဲဒီကရင်ဒုက္ခသည်တွေက သူတို့ကျေးရွာတွေကနေပြီးတော့ ဘယ်တုန်းက စွန့်ခွါခဲ့ရတာပါလဲ။


MDA။ ။၁၉၇၄ခုနှစ် ပြည်တွင်းစစ်အခြေအနေနဲ့ အဲဒီမဲဘုတ်အင်းယားရှည်ကျေးရွာက ရွာကြီးခြောက်ရွာ အဲဒီရွာ ကြီးခြောက်ရွာကနေပြီးတော့ စစ်ရေးအခြေအနေအရ ပတ်ဝန်းကျင်ရွာ ၃၀ လောက်က အိုးပစ်အိမ်ပစ် လယ်ပစ်
ဖြစ်ပြီးတော့ ရွှေ့သွားရတယ်လေ အခုပတ်ဝန်းကျင်ရွာမှာ ကေါ့ပျင်းတို့ တပ်ကုန်းတို့ အဲဒီ မဲမဲတို့ စသည်ဖြင့်ပေါ့လေ အဲဒီရွာတွေမှာသူတို့က လယ်မဲ့ယာမဲ့ အဲဒီဘ၀နဲ့သူတို့နေလာခဲ့ရတာအနှစ်လေးဆယ် ကျော် သွားပြီခင်ဗျ လာပြီးအကူအညီတောင်းတာနဲ့ ကျွန်တော်တို့က အဲဒါဆို ကျွန်တော်တို့က ကူညီမယ်ဆို ပြီးတော့ ဒီကိစ္စကိုလုပ်
လိုက်တာ။

ဟုတ်ကဲ့သူတို့မူလရွာဟောင်းနေရာပြန်လာဘို့ကကော ပြန်လာလောက်တဲ့အခြေအနေဖြစ်နေပြီလားရှင့်

MDA။ ။ဒါကိုဖြစ်စေချင်လို့ ကျွန်တော်သွားလုပ်တာပါ ငြိမ်းချမ်းရေးကို တနည်းတလမ်းအားဖြင့် အထောက်အကူပြုနိုင်တယ်လို့ ကျွန်တော်ကယုံကြည်ယူဆတယ်လေ

အခုဟာက တစ်အိမ်ထောင်နှစ်အိမ်ထောင်ပြောင်းတာမျိုးမဟုတ်ပဲနဲ့ လူဦးရည်အများကြီးက အစုလိုက်အပြုံလိုက်
ပြောင်းရမယ့်ကိစ္စမျိုးဆိုတော့ ဘယ်လိုအခက်အခဲမျိုးနဲ့ သူတို့ကြုံတွေ့နိုင်ပါသလဲ။

MDA။ ။ နံပါတ်တစ်အနေနဲ့က အခြေအနေမဲ့နဲ့ နှစ်ပေါင်းလေးဆယ်ကျော်လောက်နေခဲ့ရတော့ သူတို့စ ရင်ဆိုင်ရမှာက
တော့ ကျန်းမာရေး ပညာ ရေးကိစ္စပါ နောက်ပြီးတော့ရွှေ့ပြောင်းစဉ်ကာလ သုံးလအတွင်းမှာကို သူတို့အတွက် စားဝတ်
နေရေးကိစ္စတွေ ဖြေရှင်းပေးရပါလိမ့်မယ် သုံးလကျော်လျင်တော့သူတို့ဒေသသူတို့ ပုံမှန်အခြေချနေနိုင် မှာမို့လို့ လယ်
လုပ်ငန်း တွေသူတို့ပြန်စနိုင်ပါလိမ့်မယ် အဓိကစိုးရိမ်တဲ့ကိစ္စကတော့ ပြီးလျင်ပြန်ပြောင်းပြန် ပြောင်းဆိုပြီးတော့တခါ ပြန်
ပြောင်း ခိုင်းနိုင်တယ်။
အဲဒါကိုသူတို့အကြောက်ဆုံးဗျ ဒါမျိုးတွေကို ကျွန်တော်တို့ က တိုင်းအစိုးရကို တင်ပြထားပါတယ်

MDA ခေါ်မြန်မာအမျိုးသားတိုးတက်ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးခင်ဇော်ကိုဒေါ်သီတာနွယ်ကနေ မေးမြန်းခဲ့တာပါ။



2012 February 23 Friday Morning
Source NEWS Audio from http://www.bbcburmese.com

ဗမာစစ်အစိုးရကတော့ ဒုက္ခသည်တွေ မိမိနေရပ်ကိုပြန်လည်ပြောင်းရွှေ့ နေထိုင်နိုင်ရေးကို စတင်စမ်းသပ်လုပ်ဆောင်
နေပါပြီ။
ပြန်မယ့်လူတွေ အသင့်ပြင်ဆင်ထားကြပါ။

ဘယ်လိုအခွင့်အရေးမျိုးဟာ ကျုပ်တို့အတွက်အရေးအကြီးဆုံးလဲ။
ဘယ်အခြေအနေမျိုးမှာ ကိုယ့်အရပ်ဒေသကို ပြန်ကြမှာလဲ။
ဘယ်လိုပုံစံမျိုးနဲ့ ပြန်ကြမှာလဲ။
သုံးလအတွင်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင် ဘာတွေပြင်ဆင်ထားသင့်သလဲ။
ဘယ်လိုအကူအညီတွေ လိုအပ်သလဲ။
လိုအပ်တဲ့အကူအညီတွေ မရခဲ့ဘူးဆိုလျင် ဘာဆက်လုပ်မလဲ။

ပေါ့ပေါ့ဆဆ မနေကြပါနဲ့။
အချင်းချင်း ခေါင်းခြင်းဆိုင်ပြီး အခုကတည်းက ဆွေးနွေးတိုင်ပင်ထားကြဘို့ အသိပေးအပ်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)