• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, February 19, 2012

နိုင်ငံတကာ အာကာသ စခန်းမှ အာကာသယာဉ်မှူး နှစ်ဦး အာကာသ အတွင်း ၆ နာရီကြာ တာဝန် ထမ်းဆောင်ခဲ့

Expedition 30 Russian Flight Engineers Oleg Kononenko and Anton Shkaplerov (not pictured) work with one of the two Strela cranes during their spacewalk outside the International Space Station in this image from NASA TV February 16, 2012. The spacewalkers will move one of the two Strela cranes from the Pirs Docking Compartment as they prepare for the replacement of Pirs.
Photograph by: Handout photo , NASA TV

Read more: http://www.montrealgazette.com/technology/Spacewalkers+prepare+Russian+module+dumping/6169304/story.html#ixzz1mtwlAkox

နိုင်ငံတကာ အာကာသ စခန်းမှ အာကာသယာဉ်မှူး နှစ်ဦး

အာကာသ,အတွင်း ၆ နာရီကြာ တာဝန်ထမ်းဆောင်ခဲ့


19 Feb, 2012

နိုင်ငံတကာ အာကာသ စခန်းမှ အာကာသ ယာဉ်မှူး နှစ်ဦးဟာ အာကာသ အတွင်း ၆ နာရီကြာ လမ်းလျှောက်ကာ နောက်တစ်နှစ် အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ရုရှား အာကာသ ယာဉ်မှူး နှစ်ဦးဖြစ်တဲ့ Oleg Kononenko နဲ့ Anton Shaplerov တို့ဟာ နောက်နှစ်မှာ ဓာတ်ခွဲခန်း သစ် တစ်ခုနဲ့ အာကာသယာဉ် ဆိုက်ကပ်ရာ မော်ဂျူး တစ်ခု အစားထိုး တပ်ဆင်ဖို့ အတွက် လက်ရှိ ဆိပ်ကမ်း နေရာက ကရိန်း တစ်ခုကို ဖယ်ရှားခဲ့ပါတယ်။

အဆိုပါ အာကာသ ယာဉ်မှူး နှစ်ဦးဟာ အာကာသ စခန်းကို ကျောက်တုံး ၊ ကျောက်ခဲတွေနဲ့ အာကာသ အမှိုက်တွေရဲ့ ထိခိုက်မှု ဘေးကေ န ကာကွယ်ဖို့ အကာအကွယ် အသစ် တစ်ခု တပ်ဆင်ဖို့ ဖြစ်ပေမယ့် အပြီးမသတ်နိုင်ခဲ့ကြပါဘူး။ အာကာသ ယာဉ်မှူးတွေဟာ အာကာသ ယာဉ်ပြင်ပက အာကာသ အမှုန်အမွှားတွေကိုလည်း သုတေသန လုပ်ဖို့ နမူနာ ယူခဲ့ကြပါ တယ်။ နိုင်ငံတကာ အာကာသ ယာဉ်ရဲ့ အကာအ ကွယ်နဲ့ ဆိုလာပြားတွေဟာ အာကာသ အမှုန်အမွှားတွေရဲ့ ထိခိုက်မှုကို ခုခံထားပြီး တခါတရံ အရွယ်အစား ကြီးမားတဲ့ အရာဝတ္ထုတွေ ကို ရှောင်ရှားဖို့ အာကာသ စခန်းရဲ့ တည်နေရာကို ရွှေ့ပြောင်း ရတယ်လို့ သိရပါတယ်။

Copy http://www.mrtv4.net.mm