• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, February 18, 2012

ဂျပန်နိုင်ငံနဲ့ ကရင်ဒုက္ခသည်တွေရဲ့ စိုးရိမ်စိတ်

Dr Simon at the entrance to his home and the school.
Source Image from http://theologianswithoutborders.blogspot.com

စိုးရိမ်စိတ်

(မင်းစိုးစံ)

ကျုပ်က ဒုက္ခသည်ဆိုတော့ဗျာ ဒုက္ခသည်စခန်းထဲမှာ နေထိုင်နေကြရတဲ့ ဒုက္ခသည်တွေရဲ့ ဘ၀ကို ပိုသိ၊ ပိုခံစားရပါတယ်။
တခုပြောရဲတာက ဒုက္ခသည်စခန်းကို အုပ်ချုပ်နေတဲ့ အဆင့်ဆင့်အုပ်ချုပ်သူတွေအကြောင်းကိုတော့ စိတ်မ၀င်စား
တာအမှန်ပါ။
အဲဒီတော့ အုပ်ချုပ်သူတွေရဲ့ အနေအထားနဲ့ သူတို့ရဲ့ခံစားချက် သူတို့ရဲ့ဘ၀တွေကိုတော့ ကျုပ်မသိပါဘူး။

ကျုပ်တို့လိုအအုပ်ချုပ်ခံတွေကတော့ စခန်းကပေးတဲ့ရိက္ခာဟာ ကျုပ်တို့အတွက် မြေခွံ ဆိုလည်းဟုတ်တယ်၊ လုံခြုံရေး အတွက်ကင်းစောင့်ခ ဆိုလည်းဟုတ်တယ်၊ မီးသွေးဘိုးဆိုလည်းဟုတ်တယ် ကလေးမုန့်ဘိုးဆိုလည်း ဟုတ်တယ်။
အသားဘိုး ငါးဘိုး ဖယောင်းတိုင်ဘိုး ရေနံဆီဘိုး စသည်ဖြင့်ပေါ့လေ။

ဒီကြားထဲ အပြင်ထွက်ပြီး အဲဒီငွေတွေအတွက် အလုပ်ခိုးလုပ်ပြန်တော့ အရိုက်ခံရတဲ့လူနဲ့ ပါးပိတ်ရိုက်ခံရတာနဲ့ ဒါဏ်ရိုက်
ခံရတာနဲ့ အဲဒီလိုကို လှိမ့်ပိတ်နေအောင်ခံရတာ။

အခုလို ရိက္ခာတွေလျော့ အကူအညီတွေလျော့ နေပေမယ့် တချို့အုပ်ချုပ်ရေးအဖွဲ့က လူတွေကျ ဗိုက်ကလေးနည်းနည်း
လေးမျှမပိန်တာ အံ့သြစရာဗျာ။ ရိက္ခာတွေဘာတွေထုတ်ပြီးသွားပြီဆိုလျင် ဆင်ရုပ်တွေ ခြေင်္သေ့ရုပ်တွေ M150 လို့ရေး ထားတဲ့ပုလင်းတွေ တောင်ပုံရာပုံပေါ့။

တချို့ဆိုလက်စွပ်ကလေးတွေက ကြီးကြီးလာတယ်ဗျ။
သူတို့ဇနီးမယားသမီးသားတွေ များ လည်ပင်းရွှေတ၀င်းဝင်းနဲ့လေ။
ဒုက္ခသည်ဆန်ကိုမစားနိုင်လို့ မဲဆောက်က ခေါက်ဟောင်မလစ် ဆိုလားဘာဆိုလား အဲဒါမျိုးတွေဝယ်စားကြတာ။

ကျုပ်တော့ မစားဘူးပေါင်။ ဒါပေမယ့် ကျုပ်ဇနီးမှာ အစာအိမ် ရောဂါခံစားရတော့ ဆရာဝန်က ဆန်အပျော့စား
စားလျင် သက်သာနိုင်တယ်ပြောလို့ သွားဝယ်တာ ဈေးကအကြီးသား။
မိသားစုဘယ်လိုလုပ် စားနိုင်မှာလဲဗျာ။
အုပ်ချုပ်သူတွေက အပြင်ကို အချိန်မရွေးထွက်နိုင်သလို စခန်းထဲကိုလည်း အချိန်မရွေး ပြန်ဝင်နိုင်တယ်လေ။
သူတို့က စခန်းလူကြီးတွေမှတ်လား။
ကျုပ်နေခဲ့တုန်းကအခြေအနေကို ပြောပြတာပါ။

အဲဒီလိုနှစ်တွေအကြာကြီးနေလာတဲ့အခါကျတော့ ပတ်ဝန်းကျင်ဗဟုဿုတကလည်းမရှိ စာကျတော့လည်း ဟိုမရောက်
ဒီမရောက် အသက်မွေးဝမ်းကျောင်းပညာဆိုတာကလည်း မရှိတော့ အပြင်လောကကိုရောက်သွားလျင် ဒီထက်ဆိုးတဲ့
အခြေအနေမျိုးနဲ့သာ ကြုံလို့ကတော့ မလွယ်ဘူးပေါ့နော။

ကျုပ်သင်တန်းတက်တုန်းက လှောင်ချိုင့်ထဲမှာ အနေကြာတဲ့ ငှက်ကလေးတကောင်လိုပါပဲ၊ လှောင်ချိုင့်က သူ့ဘဝ
အတွက်ပိုလုံခြုံတယ်လို့ ယုံကြည်နေတာမို့ လွတ်လပ်တဲ့ကောင်းကင်ပြင်က ငှက်တွေလို မရုန်းကန်ရဲကြဘူး၊ ငါအပြင်
ကိုရောက်သွားလျင် ငါ့ထက်အင်အားကြီးတဲ့ငှက်တွေ၊ ဒါမျှမဟုတ် ငှက်ထောင်မုဆိုးတွေ တခြားရန်သူတွေ မတော်တ
ဆ လေပြင်းမုန်တိုင်းကျလို့ရှိလျင် ငါ့အတွက်မလွယ်ဘူးဆိုတဲ့ အသိနဲ့ လှောင်ချိုင့်ကိုဖွင့်ပေးပေမယ့် ပြူတင်းပေါက်တွေ
ပွင့်နေပေမယ့် အပြင်ကိုမထွက်ရဲကြဘူးတဲ့။

ဒါဟာ တခြာလူက ကိုယ့်ကိုဖိနှိပ်တာထက် ကိုယ့်ကိုယ်ကို ပြန်ဖိနှိပ်တာက ပိုဆိုးတာကို ပြတာတဲ့ဗျား။
လူတကာတွေနဲ့ ယုံကြည်မှု မတည်ဆောက်ခင်မှာ ကိုယ့်ကိုယ်ကို ယုံကြည်အောင် အလျင်ဆုံးဆောက်တည်ကြပါစို့လား။ ဒီတော့ ကရင်တွေအားလုံး ကိုယ့်ကိုယ်ကို ပြုပြင်ကြပါလို့ပြောလိုပါတယ်။

အပြင်ကိုရဲရဲထွက်ပါ၊ ရဲရဲရင်ဆိုင်ပါ၊ ရေတွင်းဟောင်းထဲက ဖါးတွေလို ဘ၀ကိုအဆုံးမသတ်ချင်ကြပါနဲ့။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)



February 18, Saturday morning
Source NEWS Audio from http://www.rfanews.org/burmese

Refugees at the Mae La camp on the Thailand-Myanmar border prize education.