• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, March 9, 2012

အထီးကျန်မိခင် နှင့် သားအလိမ္မာ



အထီးကျန်မိခင် နှင့် သားအလိမ္မာ

မတရားသောအသင်းဆိုပြီး
မတရားသောဥပဒေနဲ့
မတရားသောတရားသူကြီးတွေက
မတရားသောပုဒ်မတွေနဲ့
ဖူ့ငြိမ်းမောင်ကို မတရားထောင်ချမှာတဲ့လား၊

ဒီလိုဆို...
မတူတာတွေဖယ်ထုတ်
တူတာတွေပေါင်းလုပ် ဆိုတဲ့စကား
ဖဲဝိုင်းထဲရောက်သွားပြီလား၊

ဇွဲကပင်ဟိုတယ်ဟာ
အလင်းနဲ့ အမှောင်
အားပြိုင်ခဲ့ပြီ မဟုတ်လား၊

အခုတော့..
အမှောင်ထုကအားသာသွားပြီးဆိုပါတော့

မိခင်သံလွင်ဟာ
တည်ငြိမ်အေးချမ်းစွာနဲ့
စီးဆင်းနိုင်ပါတော့မှာလား၊

ဒေါနတောင်တန်းကြီးဟာလည်း
ဝိသမလောဘသားတွေ
ကျက်စားရာနေရာဖြစ်နေပြီးမို့
မတရားစီရင်ချက်ချခံရတဲ့ သားအလိမ္မာလေးကို
ကယ်တင်နိုင်ပါဦးမှာလား၊

ယုံကြည်ချက်မတူလို့လက်နက်ကိုင်ဆွဲနေကြတဲ့
သားသမီးတွေရဲ့အရေးကိုကြည့်ပြီး
မိခင်ဇွဲကပင်ဟာလည်း
ကြေကွဲစွာနဲ့ အထီးကျန်နေခဲ့ရဦးမှာလား
ဆိုတာ။ ။ ။ ။

( လှိုင်းဒေါန)

ကဗျာရေးသားပေးပို့သော လှိုင်းဒေါနအား အထူးကျေးဇူးတင်ရှိပါသည်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)