• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, March 21, 2012

ရေယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၂၃ ဦးအထိ ရှိနေ

ရှပ်ပြေးအမြန်ယာဉ် နစ်မြုပ်ကာ သေဆုံးပျောက်ဆုံးခဲ့သည့် ခရီးသည်များ၏ ဆွေမျိုးများ
ကံဆိပ်ကျေးရွာအနီး င၀န်မြစ်ကမ်းဘေးတွင် မတ်လ ၂၁ ရက်နေ့က လာရောက်စောင့်ဆိုင်းနေကြစဉ်

ကံဆိပ်ရွာအနီး င၀န်မြစ်အတွင်း ရှပ်ပြေးအမြန် ရေယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၂၃ ဦးအထိ ရှိနေပြီး သေဆုံးသူများထဲတွင် မူလတန်းနှင့် အလယ်တန်းကျောင်းသူ/သား ခြောက်ဦးနှင့် ဆရာမတစ်ဦး ပါဝင်

Thursday, 22 March 2012

ငပုတောမြို့နယ်၊ ကံဆိပ်ကျေးရွာအနီး င၀န်မြစ်အတွင်း ရှပ်ပြေးအမြန်ရေယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ
၂၃ ဦးအထိရှိလာပြီး သေ ဆုံးသူများထဲတွင် မူလတန်းနှင့် အလယ်တန်း ကျောင်းသူကျောင်းသား ခြောက်ဦးနှင့် ဆရာမ
တစ်ဦး ပါဝင်ကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့မှ ငပုတောမြို့အား ဖြတ်သန်းကာ သရက်တောကျေးရွာအထိ ပြေးဆွဲလျက်ရှိသော ပုသိမ်သူအမည်ရှိ ရှပ်ပြေးအမြန်ရေယာဉ်မှာ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က ငပုတောမြို့နယ် ကံဆိပ်ကျေးရွာ အနီး င၀န်မြစ်အတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ပုသိမ်မြို့မှ သရက်တောမြို့သို့ ထွက်ခွာလာသည့် ပုသိမ်သူအမည်ရှိ ရှပ်ပြေးအမြန်ရေယာဉ်မှာ ကံဆိပ်ကျေးရွာတံတားသို့ ဆိုက်ကပ်ရန် သင်္ဘောအားအရှိန်ဖြင့် ကွေ့လိုက်စဉ် အရှိန်များပြီး တိမ်းစောင်းကာ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

နစ်မြုပ်မှုတွင် ပါဝင်သူများအား ပြန်လည်ရှာဖွေရေး လုပ်ဆောင်နေသည်ကို မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်

''ကံဆိပ်ကိုကပ်ပြီးတာနဲ့ ငပုတောကို သင်္ဘောကကပ်မှာ။ ငပုတော ဆိပ်ကမ်းမှာ အဲဒီသင်္ဘောကပ်တာနဲ့
ဈးရောင်းမယ့်သူတွေက သင်္ဘောလာတာကို စောင့်နေတာ။
သင်္ဘောက လှမ်းမြင်နေရတယ်လေ။
ကံဆိပ်နားရောက်တာကို မြင်နေရတယ်။
ပြီးတော့မှ သင်္ဘောက ပျောက်သွားတာ။
အဲဒီတော့မှ သင်္ဘောမှောက်ပြီဆိုပြီး ပြောကြတာ''

ဟု ကိုယ်တိုင်ကြုံရသူက ဆိုပါသည်။

အဆိုပါ ရှပ်ပြေးအမြန်ရေယာဉ်ပေါ်တွင် လူဦးရေ ၉၀ ကျော်လိုက်ပါ လာပြီး အမျိုးသား ၃၈ ဦးနှင့် အမျိုး သမီး ၃၈ ဦး
စုစုပေါင်း ၇၆ဦးကို ကယ်တင်နိုင်ခဲ့ပြီး သေဆုံးသည့်ဦးရေမှာ ၂၃ ဦးရှိကာ သေဆုံးသူများထဲတွင် မူလတန်းနှင့် အလယ်
တန်းကျောင်း သူကျောင်းသားခြောက်ဦးနှင့် ဆရာမ တစ်ဦးပါဝင်ကြောင်းလည်း သိရသည်။ မတ်လ ၂၁ ရက်နေ့ ညနေ
ပိုင်းအထိ ရရှိသော သတင်းများအရ ငပုတောမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသူလေးဦးခန့်ရှိကြောင်းနှင့် အ
သက်ရှင်လွတ်မြောက်သူများမှာ မိမိတို့သက်ဆိုင်ရာကျေးရွာများသို့ အသီးသီးပြန် လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

နစ်မြုပ်ခဲ့သည့် ရှပ်ပြေးအမြန် ရေယာဉ်ကို မတ်လ ၂၂ ရက်နေ့တွင် ပြန်လည်ဆယ်ယူသွားမည်ဖြစ်ပြီး ဒေသ
ဆိုင်ရာအဖွဲ့အစည်းများမှ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရ
သည်။
ယခုတိမ်းမှောက်သော ယာဉ်ပေါ်တွင် ကုန်နှင့်လူအလေးချိန်မှာ ပုံမှန်တင်ဆောင်နိုင်သည်ထက် များပြားနေကြောင်း သုံးသပ်မှုများလည်း ရှိနေကြောင်း သိရသည်။

ရှပ်ပြေးအမြန်ယာဉ်သင်္ဘောမှာ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၃နာရီ ၀န်းကျင်က ငပုတောမြို့နယ် ကံဆိပ်ကျေးရွာ
အနီး င၀န်မြစ်အတွင်း နစ်မြုပ်သွားစဉ် ခရီးသည် ၆၀ ဦးကို အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်ခဲ့သည်ဟု ကနဦး
သတင်းများအရ သိရသည်။

သင်္ဘောနစ်မြုပ်မှုမှ လွတ်မြောက်လာသည့် ခရီးသည်များအား အဆိုပါဒေသရှိ ဌာနဆိုင်ရာ ပေါင်းစုံပါဝင်သည့်
အဖွဲ့မှ ကူညီမှုပေးပြီး ပျောက်ဆုံး၊ သေဆုံးသူများ ရှာဖွေမှုကိုလည်း ဆက်လက် လုပ်ဆောင်ပေးလျက်ရှိကြောင်း၊
မတ်လ ၂၁ ရက်နေ့ ည ၇ နာရီထိ သေဆုံးသူ ၁၄ ဦး၏ အလောင်းများအား ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။

ယခုတိမ်းမှောက်ခဲ့သော ရှပ်ပြေးအမြန်ယာဉ်သည် ပုသိမ်ဆိပ်ကမ်းမှ ငပုတောမြို့နယ် သရက်တောကျေးရွာသို့ ထွက်ခွာလာခြင်း ဖြစ်သည်။

ရှာဖွေရေး လုပ်ဆောင်နေသည်ကို တွေ့ရစဉ်