A large earthquake with a magnitude of 7.4 struck near Acapulco on Mexico’s Pacific coast on Tuesday, sending terrified workers and residents running into the streets and damaging an estimated 800 homes. According to United States Geological Survey (USGS), the quake had a magnitude of…Read more: http://www.bellenews.com/#ixzz1pndVTNV8
မက္ကဆီကို ငလျင်ကြောင့် နေအိမ် ရာပေါင်းများစွာ ပျက်စီးခဲ့ရ
Wednesday 21st March 2012
လွန်ခဲ့သည့် အင်္ဂါနေ့ က ၇.၄ မဂ္ဂနီကျူ့အဆင့်ရှိ အင်အား ပြင်းထန်သည့် ငလျင်ကြောင့် မက္ကဆီကို နိုင်ငံ အလယ်
ပိုင်း တွင် နေထိုင်သူများမှာ လမ်းမများပေါ်သို့ထွက်ပြေးခဲ့ကြရကြောင်း CNN သတင်းတွင် ဖော်ပြခဲ့သည်။
Mexico Cityနှင့် Acapulco မြို့များရှိ ဒေသခံများမှာ နေအိမ်များ လှုပ်ရှားယိမ်းယိုင်ခဲ့ရပြီး ယခုလို ထွက်ပြေးခဲ့
ကြရခြင်းလည်းဖြစ်သည်။
ရာပေါင်းများစွာသော နေအိမ်များမှာ ပျက်စီးခဲ့ရကာ Igualapa မြို့ရှိ နေအိမ်များမှ ထက်ဝက်ကျော်မှာ ပျက်စီး
သည့် လက္ခဏာများ ပြခဲ့ကြောင်း သိရသည်။
မြေအောက် ၁၁ မိုင် အကွာမှ လာသည့် ငလျင်၏ ဗဟိုချက်မှာ Ometepec မြို့နှင့် ၁၅ မိုင်ခန့် ကွာဝေးသည့် နေရာ
တွင် အစပြုခဲ့ခြင်း ဖြစ်ကာ ယင်းဒေသများတွင် နောက်ထက် ငလျင်ငယ်များလည်း ဆက်လက် လှုပ် ခတ်ခဲ့ကြောင်း
သိရသည်။
မီးတောင်ချော်များ အောက်ခံတွင် တည်ဆောက်ထားသည့် Mexico City မှာ ငလျင်များ မကြာခဏ လှုပ်တတ်
သည့် ဖြစ်ရပ်များ ရှိခဲ့ကာ လွန်ခဲ့သည့် ၁၉၈၅ ခုနှစ်ကလည်း ပြင်းထန်သည့် ငလျင်ကြောင့် လူပေါင်း ၁၀၀၀၀ ခန့်
သေဆုံးခဲ့ရကြောင်း သိရသည်။
source : CNN
Copy from http://www.mrtv4.net.mm




