Source Photo from http://forevernadi.blogspot.comမေတ္တာရှေ့ထား ၊မရငြားသော်၊
ကျားနှင့်ဆိတ်မ၊ စိတြဂီဝါ၊
များစွာခိုသင်း၊ ငုံးခပင်းတို့၊
မကြွင်းကိုယ်စီ၊ ပိုက်ကိုချီသို့၊
ညီညီညာညာ၊ သက်စွန့်ရာ၏။
(မဃ။၂၂၁)
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တ ၀ိစိတ္တာဘိဝံသ၊
ဓမ္မသဟာယကျောင်း၊
မစိုးရိမ်တိုက်သစ်၊
မန္တလေးမြို့။
တကယ်လို့ ဆူဆူပူပူလုပ်ကြည့်လိုက်ပါ သူတို့ဘာမျှ မလုပ်ရဲဘူး။
ကျုပ်က ကလေးအတွေးလေးနဲ့ရေးတာဆိုတော့ ယုံမယ့်သူမရှိသလောက်ပါပဲ။
ပြန်စဉ်းစားကြည့်လိုက်ကြပါ။
ဟိုလူကို ဟိုဥပဒေနဲ့ ဒီလိုထောင်ချလိုက်တယ်၊ မကြာဘူးပြန်လွှတ်ပေးတယ်၊
ဟိုလူကို ဒီလိုဖမ်းတယ် ဆေးရုံပို့တယ်၊ ပြီးတော့ ဝေ့လည်ကြောင်ပတ်နဲ့ ပြန်လွှတ်တယ်။
ဒီဈေးကို ဟိုဘက်ပြောင်းရမယ်၊ မပြောင်းဘူးဆိုလျင် ဘာဘာညာညာလုပ်မယ်ပေါ့။
ပြီးတော့ ရတယ် ရတယ် အစိုးရက ပြည်သူတွေရဲ့အသံကို နားထောင်တယ်၊ ဒီမိုကရေစီ
ကို လျှောက်လှမ်းနေတယ်ပေါ့။
ဒီနေရာမှာ ဟောပြောခွင့်မပေးဘူး နောက်တော့ ပြန်ပေးတယ်။
ဝန်ထမ်းလစာတွေတိုးပေးမယ်။ မတိုးဘူး။ နောက်တော့တိုးပေးတယ်။
စသည်ဖြင့်ပေါ့လေ အမျိုးမျိုးလုပ်ပြနေတယ်၊ သူတို့စိတ်ရင်းထဲမှာ တကယ်ဖြူဖြူစင်စင်နဲ့ လိုလိုလားလား
လုပ်ပေးနေတာမဟုတ်ပါဘူး။
အမေရိကန်က ပိတ်ဆို့အရေးယူထားတာကို အမြန်ဆုံး ဖွင့်စေချင်လို့ပဲ။
ကြားဖြတ်ရွေးကောက်ပွဲမှာ အမေရိကန်လာပါပေါ့၊ အဲဒီတော့ လူတွေအတော်များများ ၀မ်းသာအယ်လဲ
ကြိုဆိုကြ ထောက်ခံကြတယ်။
ကြားဖြတ်ရွေးကောက်ပွဲက ရက်ပိုင်းပဲကျန်တော့တယ် မဲစာရင်းတွေက တိတိကျကျမဖြစ်သေးဘူး။
ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားလျင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် အင်မတန်ကောင်းတဲ့ အလား
အလာဖြစ်မယ်လို့ လူအတော်များများ ထင်နေကြတယ်။
မထင်နဲ့ဗျို့။ ခင်ဗျားတို့က မင်းအောင်လှိုင်ကို မေ့နေတာကိုး။
အမေရိကန်က ပိတ်ဆို့ထားတာကို ဖွင့်လိုက်တာနဲ့ မကြာခင်မှာပဲ သမားရိုးကျ စစ်အာဏာသိမ်းပြပါလိမ့်မယ်။
အဲဒီအခါကျလျင် ကျူပ်တို့တတွေ လေလည်တာတောင် အသံထွက်လို့ မရတော့ဘူး သာမှတ်။
အခုအချိန်မှာ ဘာကြောင့် သဘောကောင်းနေတာလဲ။ သဘောတွေကောင်းပြနေရတာလဲ။
သူတို့စစ်ခေါင်းဆောင်တွေ အယောက်စီတိုင်းမှာ အမေရကန်ဒေါ်လာ သန်းပေါင်း ထောင်ချီပြီးရှိနေတော့
အဲဒီငွေတွေကို ငွေဖြူလုပ်ရမယ်လေ။
ငွေမည်းကနေ ငွေဖြူဖြစ်သွားပြီဆိုတာနဲ့ ခင်ဗျားတို့ ကျူပ်တို့ ချောင်ထိုးထားတဲ့ မင်းအောင်လှိုင် သူ့အလုပ်သူစ
လုပ်တော့မှာပါ၊ အခုချိန်မှာ မင်းအောင်လှိုင် လိုအပ်တာတွေ ပြင်ဆင်နေတယ်လို့ ကျုပ်တော့ထင်တာပဲ။
သူတို့က အခု သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ဘယ်နေရာတွေက ပျော့တယ်၊ ဘယ်နေရာတွေကဖြင့်မာ
တယ်၊ အဲဒါကိုစမ်းသပ်ရင်း အချိန်တွေယူနေတာ။
သွေးအေးမနေဘို့ လိုမယ်ထင်တာပဲ။
ထင်တာနော် မသေခြာဘူး။
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဝတ်ပြုဆုတောင်း
2012-03-22မတ်လ ၇ ရက် တပေါင်းလပြည့်နေ့၊ ရက်ကြီး ခါကြီးမှာ အကျဉ်းထောင်ထဲ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်မပေးရင် ဝတ်ပြုဆုတောင်းပွဲတွေ လုပ်သွားမယ်လို့ အာဏာပိုင်တွေကို အသိပေးထားတဲ့အတိုင်း၊ ဒီကနေ့ မွန်းလွဲပိုင်းမှာ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်က အရှင်ဝီရသူနဲ့ သံဃာတော်တွေဟာ မန္တလေး မဟာမြတ်မုနိဘုရားမှာ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။
အခုလို ဝတ်ပြုဆုတောင်းတဲ့ လှုပ်ရှားမှုကို လုပ်သွားမယ်လို့ အရှင်ဝီရသူက မနေ့တုန်းကတည်းက ကြေညာထားခဲ့တာပါ။ ဒီကနေ့ မနက်ပိုင်းမှာတော့ အာဏာပိုင်တွေက သူ့ဆီကို စာပေးပို့ တားမြစ်ခဲ့ကြောင်း အရှင်ဝီရသူက RFA ကို မိန့်ပါတယ်။
ဒီဝတ်ပြုဆုတောင်းပွဲကို သံဃာတော် အင်အား ၂၀၀ ကျော်အပါအဝင်၊ လူပရိသတ် စုစုပေါင်း ၅၀၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့ မိန့်ပါတယ်။ ယူနီဖောင်းဝတ်နဲ့ အရပ်ဝတ်လုံခြုံရေး ၅၀ လောက်က ဓါတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်တာကလွဲပြီး တခြားအနှောင့်အယှက် မရှိဘူးလို့ဆိုပါတယ်။
ဒီဆုတောင်းပွဲနဲ့ ပတ်သက်ပြီး အရှင်ဝီရသူကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။
March 22 2012 Thursday evening
Copyright © 1998-2011 Radio Free Asia. All rights reserved.
March 22 2012 Thursday evening
Source NEWS Audio from http://www.voanews.com/burmese




