• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, March 23, 2012

ဦးသိန်းစိန်ရဲ့ ငွေတိုးချနည်း တခု

စနစ်တကျ လုပ်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်သောင်

ပြည်ခိုင်ဖြိုးပါတီရဲ့ အတွင်းရေးမှူး ဦးအောင်သောင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး လုပ်နေပေမယ့်လို့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အားမနည်းပါဘူးတဲ့ ထောင့်စေ့အောင် စနစ်တကျ စီစဉ်ထားပြီး
သားပါတဲ့ဒါကြောင့် ကချင်နဲ့ဆွေးနွေးနေတာကို အချိန်ဆွဲနေတာထက် အစီစဉ်ကျကျလုပ်နေတာများလား ဆိုတာ
စဉ်းစားချင်စရာပါ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲရောက်သွားလျင် ဥပဒေပြင်မယ်လို့ ပြောဆိုနေတာနဲ့
ပတ်သက်တဲ့ လျှပ်တပြက်ဂျာနယ်ရဲ့ မေးမြန်းချက်ကို

''ရောက်ရုံနဲ့တော့ မပြင်နိုင်ပါဘူး။
ဥပဒေပြင်မယ်ဆိုတာ ပုဒ်မကရှိပြီးသားပါ။
လွှတ်တော်ထဲမှာ ပြင်နိုင်တဲ့ဥပဒေနဲ့ ပြည်သူကိုချပြပြီးမှ ပြင်နိုင်တဲ့ဥပဒေ အဲဒီတော့ သူရဲ့လုပ်ငန်း၊ လုပ်နည်း က ဘာလဲဆိုတော့ လွှတ်တော်ထဲမှာ ပြင်နိုင်တဲ့ဥပဒေက ဘာတွေလည်းဆိုတာ ပြဌာန်းပြီးသားပါ။
အဲဒီဥပဒေတွေလုပ်ရင် လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၂၀ ရာခိုင်နှုန်းက ထောက်ခံပြီးတော့ တင်မှရနိုင်မှာ။
၂၀ ရာခိုင်နှုန်းရအောင် လွှတ်တော်ကို တင်ရဦးမှာ။
တင်ရုံပဲရှိသေးတယ်။
တင်ပြီးရင် လွှတ်တော်အများစုက ၇၅ ရာခိုင်နှုန်းက ထောက်ခံမှပြင်လို့ရမှာ။
ဒါလွှတ်တော်တုန်းက ပြင်နိုင်တဲ့ဥပဒေ''
ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းက ဖြေကြားထားတာကိုတွေ့ရပါတယ်။

အဲဒီလိုပါပဲ

လယ်သမားတွေကို ပြန်ပေးရမယ် လို့ပြောပြီးငွေချေးတဲ့ သမ္မတကြီးဦးသိန်းစိန်

ပြီးခဲ့တဲ့မတ်လ ၁၈ရက်နေ့ကနေပြီးတော့ ပျဉ်းမနား မြို့နယ်အလျင်လိုကျေးရွာနဲ့ ဇဗ္ဗူသီရိမြို့နယ် အောင်ချမ်းသာကျေး
ရွာတွေ ကို သွားရောက်စဉ် လယ်သမားတွေကို ကြိုတင်ချေးငွေထုတ်ပေးရင်း ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ဘို့ သမ္မတ
ကြီးက သွယ်ဝိုက်စည်းရုံးခဲ့တယ်လို့ လယ်ယာနဲ့ဆည်မြောင်းဝန်ကြီးဌာနအရာရှိတဦးရဲ့ ပြောကြားချက်အရ သိရပါ
တယ်။

အောင်ချမ်းသာကျေးရွာမှာ သမ္မတကြီးဦးသိန်းစိန်က လယ်သမားတွေကိုချေးငွေထုတ်ပေးတာကို ရည်ညွှန်းပြီး ခင်ဗျားတို့ တောင်းတာတွေ အကုန်လုပ်ပေးပြီးပြီ ပြန်တောင်းဘို့ပဲလိုတော့တယ် သိတယ်မဟုတ်လား လို့ပြော ရာမှာ ချေးငွေရရှိတဲ့လယ်သမားတချို့ကလည်း အလိုက်တသိ ဟုတ်ကဲ့သိပါတယ်လို့ ဖြေကြားခဲ့ကြောင်း သိရ
ပါတယ်။

သမ္မတက ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးကိုမဲထည့်ဘို့ တိုက်ရိုက်မပြောပေမယ့် ဒီလိုအဓိပ္ပါယ်သက်ရောက်
တာကို အားလုံးသိကြောင်းအတူလိုက်ပါသွားသူတွေကပြောပါတယ်။
အဲဒီကျေးရွာမှာ လယ်သမားတွေဓါတ်မြေသြဇာဝယ်ဘို့ဆိုပြီး လယ်၁ဧကအတွက် ငွေကျပ်၂သိန်းနှုန်းနဲ့ လယ်ဧက ၂၀၀အတွက် ငွေကျပ်သိန်းလေးရာ ချေးငွေအဖြစ်ထုတ်ပေးခဲ့ကြောင်း သိရပါတယ်။ ဒီအထူးချေးငွေထုတ်ပေးရာမှာ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း ပိုင်ငွေနဲ့ ထုတ်ချေးပေးတဲ့အတွက် သမ္မတရဲ့ သွယ်ဝိုက်မဲဆွယ်မှုဟာ အဲဒီအသင်းမှာ တာဝန်ရှိတယ်လို့ လယ်ယာနဲ့ဆည်မြောင်းဝန်ကြီးဌာန အရာရှိကပြောပါ
တယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအဖြစ်တင်မြှောက်ခံထားရသူဟာ နိုင်ငံရေးပါတီကနေ နှုတ်ထွက်ပြီး မဲဆွယ် စည်းရုံးမှုတွေမှာလည်း ပါဝင်ပတ်သက်ခြင်း မရှိရပါဘူး။

ဒါကတော့ ဒီဗွီဘီက သတင်းထောက်နော်နိုရင်းပြောသွားတဲ့ ပြည်ခိုင်ဖြိုးပါတီတွေ မဲဆွယ်စည်းရုံးတဲ့ ပုံစံတွေပါ။
၂၀၁၂ ခုနှစ်ဇန်န၀ါရီလ ၁ ရက်နေ့ မှာ ချေးတဲ့ငွေကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်းနဲ့ချေးတာဆိုတော့ ငွေ၁သိန်းကို
တိုးရင်းပေါင်း၁၁၃၀၀၀ ပြန်ပေးရမှာ ဒါ့အပြင် သမ္မတကြီးပြောပုံအရ ခင်ဗျားတို့ တောင်းတာတွေ အကုန်လုပ်
ပေးပြီးပြီ ပြန်တောင်းဘို့ပဲလိုတော့တယ် ဆိုတော့ ဘာကိုတောင်းမှာတုန်း။
ချစ်တီးကုလားလို စနစ်မျိုးနဲ့ဆိုလျင်တော့ သိပ်ဟန်ကျမယ်မထင်ဘူး။
အတိုးနဲ့အရင်းကို ရိုးရိုးလေး ပေးရတယ်ပဲထား၊ နောက်ထပ်တောင်းမယ့် ဟာက ဘာလဲ။
အဲဒါကို လယ်သမားတွေက သိပါတယ်ဆိုတော့ တော်တော်အကင်းပါးတဲ့ ခေတ်သစ်လယ်သမားတွေပါလား
ဆိုပြီး အံ့သြမိတာအမှန်ပါ။

သေသေခြာခြာလေးတော့ ပြန်မေးသင့်ပါတယ်၊ ဘာပြန်ပေးရမလဲဆိုတာကို။
အခုတော့ ငွေကလေးလက်ထဲရောက်လာတာနဲ့ အလွယ်ကလေး ခေါင်းညိမ့်လိုက်တာ သိပ်မကောင်းဘူးထင်တာပဲ။

အလကားမတ်တင်းပေးနေတာမဟုတ်ဘူးနော် အတိုးနဲ့။
ပြီးတော့ သူက ထပ်တောင်းဦးမှာ။

ကဲပါလေ ဘယ်လိုပဲဖြစ်ဖြစ် အခုငွေချေးပေးတဲ့ပုံစံက သူကကျုပ်တို့စီက အကျိုးအမြတ်တခုခုလိုလို့ ရချင်လို့ ရနိုင် တယ်ဆိုတာကိုအတတ်သိနေလို့ ချေးနေတာ တကယ်လို့များ ကျုပ်တို့စီစီက သူလိုချင်တာ ဘာမျှမရှိတော့ဘူး ဆို လျင် နောက်နောင်ငွေလိုလာလို့ သူက ချေးမပေးဘူးဆိုလျင် ကျုပ်တို့ဘယ်လိုရပ်တည်ကြမှာလဲ။

ဒီတော့ဗျာ နောက်နောင် ငွေချေးရတဲ့ဘ၀ကနေလွတ်အောင် အခုကတည်းက ကျုပ်တို့ဘ၀ကို တကယ်တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်ပေးမယ့်အစိုးရမျိုးကို ရွေးကောက်တင်မြှောက်မိဘို့ လိုကြောင်းပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး