• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, March 2, 2012

တစ်လုံးတည်းသောခဲဖြင့် ငှက်နှစ်ကောင်ကိုပစ်ခြင်း

KNU ကရင်အမျိုးသားအစည်းအရူံး ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ ဘားအံမြို့ဆွေးနွေးပွဲ မြင်ကွင်း

တစ်လုံးတည်းသောခဲဖြင့် ငှက်နှစ်ကောင်ကိုပစ်ခြင်း

(မင်းစိုးစံ)
March 3, 2012

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့က ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ ဒီကနေ့
နေ့လည်ပိုင်းမှာ ထိုင်းနိုင်ငံမဲဆောက်မြို့ကိုရောက်လာပြီး အပစ်အခတ်ရပ်စဲရေးအတွက် KNU ခေါင်း ဆောင်တွေနဲ့တွေ့
ဆုံဆွေးနွေးခဲ့တယ်ဆိုတာသိရပါတယ်။

မခိုင်မမြဲသေးတဲ့ငြိမ်းချမ်းရေးကို ခိုင်မြဲအောင်ဆိုပြီး လာဆွေးနွေးတာလို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့က အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးညိုအုန်းမြင့် ဆိုတဲ့ပုဂ္ဂိုလ်က ပြောသွားတာကိုလည်း ကြားရပါတယ်။

ကျုပ်တို့ရဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌပြောတာကတော့ အပစ်ခတ်ရပ်စဲတာက ဗမာစစ်အစိုးရအနေနဲ့
ရိက္ခာတွေပို့ဘို့အဓိကထားတဲ့အတွက် အခုတခေါက်ကတော့ ဗမာစစ်အစိုးရရဲ့ စစ်စခန်းတွေကိုတိတိကျကျ သတ်မှတ်ဘို့
ပြောတာ ကိုလည်းကြားရပါတယ်။

အဲဒီတော့ ဆွေးနွေးပွဲရပ်လဒ်ကိုပြန်ကြည့်လိုက်တဲ့အခါ ဘယ်သူ့ဘက်က အကျိုးရှိသလဲဆိုတော့ ဗမာစစ်အစိုးရဘက်က သိသိသာသာအကျိုးအမြတ်များနေတာတွေ့ရပါတယ်၊ ကရင်ပြည်နယ်အတွင်းက ဒေသအသီးသီးမှာရှိနေကြတဲ့ သူတို့ရဲ့ တပ်စခန်းတွေတည်ရှိရာကို စိတ်အေးလက်အေးနဲ့ ဘာအပူအပင်မျှမရှိသလို အသေအပျောက်ထိခိုက်အနာတရမရှိ အဖိတ် အစင်မရှိ ပို့နိုင်သွားပါတယ်။

စစ်အစိုးရတပ်သားတွေ မိုင်းနင်းမိတာက လမ်းကြောင်းနဲ့ခပ်ဝေးဝေးကိုသွားလို့ဖြစ်ပါတယ်၊ တကယ်လို့များ လိမ္မာရေးခြား ရှိရှိနဲ့ ဖြောင့်ဖြောင့်သွား ဖြောင့်ဖြောင့်ပြန်မယ်ဆိုလျင် မသေပါဘူး၊ ကရင်တွေက သစ္စာရှိပြီးသား။

DKBA နဲ့ကျပြန်တော့ BGF (DKBAနယ်ခြားစောင့်တပ်) ကို လက်နက်သိမ်းခိုင်းလိုက်တယ်၊ ပစ်ခတ်တိုက်ခိုက် မှုကြောင့် ကရင်တွေသေကြေ ထိခိုက်ဒါဏ်ရာရတယ်၊ နောက်ဆုံးကရင်တွေကို ဟိုအကောင်ကဒီဘက်မှာလာ စား ဒီအကောင်က ဟိုဘက်မှာသွားစား ဆိုပြီးဆရာကြီးလုပ်လိုက်တဲ့အပြင် မင်းတို့တတွေ အဲဒီနေရာမှာ လက်နက်မကိုင်ရဘူး ဆိုတာအထိ အမိန့်ပေးလိုက်နိုင်သွားပါတယ်။

နောက်ဆုံးတော့ အပြည်ပြည်ဆိုင်ရာ မျက်နှာစာမှာ နာမည်ကောင်းရသွားတဲ့အတွက် ဥရောပလိုနိုင်ငံကို သွားရောက်
လည်ပတ်ခွင့် နှစ်ပေါင်းနှစ်ဆယ်လောက်မရတဲ့ အခြေအနေကနေ ခွင့်ပြုပေးလိုက်တဲ့အဆင့်ကို ရောက်သွားပါတော့
တယ်၊ဒါကတော့ မခိုင်မမြဲသေးတဲ့ အခါသမယအတွင်း ဖြစ်ပျက်နေတာလေးတွေထဲက လူသိရှင်ကြားအဖြစ်အပျက်ပဲ
ဖြစ်ပါ တယ်။

တကယ်လို့များ ခိုင်မြဲတဲ့ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပြီးသွားပြီဆိုလျင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့
စောင့်ကြည့်ကြတာပေါ့။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ရထားပို့ဆောင်ရေး ၀န်ကြီးဦးအောင်မင်းနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ ဆွေးနွေးပွဲအကြောင်း BBCသတင်းထောက် ဦးသန်း သတင်းပေးပို့ချက်


March 2, 2012 Friday Evening
Source NEWS Audio from http://www.bbcburmese.com

ရထားပို့ဆောင်ရေး ၀န်ကြီးဦးအောင်မင်းနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ ဆွေးနွေးပွဲအကြောင်း
VOA သတင်းထောက် မနန္ဒာချမ်း သတင်းပေးပို့ချက်


March 2, 2012 Friday Evening
Source NEWS Audio from http://www.voanews.com/burmese