ငါးကြင်းဆီနဲ့ငါးကြင်းကြော်မယ့် ဒုတိယခြေလှမ်း
(မင်းစိုးစံ)
March 3, 2012
ခေါင်းစည်းကတော့ ငါးကြင်းအကြောင်းလိုလိုဘာလိုလိုပေါ့လေ၊ ရေးမှာကတော့ ကရင်အကြောင်းပါပဲ တခြားအကြောင်း
ပြောတာထက် တခြားအရေးပြောတာထက် ကိုယ့်အရေးကို ပြောတာကပိုပြီးအကျိုးရှိတယ်၊ ကျုပ်ဘ၀ကဒုက္ခသည်အဖြစ်
ရပ်တည်ရှင်သန်ခဲ့ရတဲ့အပိုင်းက ပိုများလေတော့ ဒုက္ခသည်အရေးပဲပြောပါ့မယ်။
လွန်ခဲ့တဲ့ အပတ်တုန်းက MDA Myanmar national Deployment Association အဖွဲ့ကနေပြီး ပဲခူးတိုင်းအရှေ့ခြမ်း
ကျောက်ကြီးမြို့ရဲ့အရှေ့မြောက်ဘက် ၁၂ မိုင်အကွာမှာရှိတဲ့ မဲဘုတ်ရွာကနေ စစ်ဒါဏ်ကြောင့်အိမ်ခြေ စွန့်ခွါထွက်ပြေး
ခဲ့ကြတဲ့ ကရင်ဒုက္ခသည်မိသားစုဝင် ၄၅၀လောက်ကို မူရင်းနေရပ်ပြန်ပြီး ရွာပြန်တည်နေထိုင် ဘို့ စတင်စီစဉ်နေတဲ့အ
ကြောင်း BBC ကပြောသွားတော့ ကျုပ်ကလည်း မနေနိုင်မထိုင်နိုင်ဖြစ်ပြီး သတိပေးစာ လေးဘာလေးရေးလိုက်သေး
တယ်။
ဖတ်ကြလား မဖတ်ကြဘူးလားတော့မသိဘူး၊ စာဖတ်နည်းလို့ကတော့ ရှေ့ရေးသိပ်မကောင်းဘူးဗျို့၊ ပြောမယ့်သာပြော
တာ ကျုပ်လည်းတခါမျှစာဖတ်တာမဟုတ်ဘူး၊ ဒါကြောင့်မို့လို့လည်းအရေးအသားတွေကနွားကျောင်း သားအဆင့်ထက်
ကို မကျော်နိုင်တော့ဘူး။
ဆရာကြီးလုပ်ပြီးရေးတာတော့မဟုတ်ပါဘူး၊ ဒီလိုရေးသားထားခြင်းအားဖြင့် နှစ်တွေကြာလာလျင် သမိုင်းဖြစ်လာနိုင်မယ် ထင်လို့ပါ၊ မှတ်တမ်းပေါ့ဗျာ။
ကျုပ်က နှစ်ထပ်ကွမ်းဒုက္ခသည်ဗျ၊ ပထမတော့ ထိုင်းနယ်စပ် သောင်ရင်းချောင်းဘေးကဒုက္ခသည်ပေါ့ဗျာ နောက်တော့အ
ခြေအနေတခုကြောင့် UNHCR ကအသိအမှတ်ပြုလို့ ဗမာကျောင်းသားများစခန်းထဲ ရောက်သွားတယ်၊ အဲဒီမှာ ပြည်တွင်း
ကကျောင်းသားတွေနဲ့ ထိတွေ့ဆက်ဆံရတော့တာပေါ့။
အဲဒါဆန်းလား ကျုပ်တို့လည်းဗမာကျောင်းသားစခန်းက လာတဲ့လူပဲလို့ တချို့ကပြောလိမ့်မယ်၊ မတူပါဘူး နည်းနည်းလေးမျှ မတူပါဘူး၊ မတူတာတွေ တူတာတွေက အကြောင်းမဟုတ်ပါဘူး၊ ပြောချင်တာက တိုင်းရင်း သားစည်းလုံးညီညွတ်ရေးဆိုတာ
နဲ့ ပတ်သက်တဲ့အကြောင်းလေးပြောမလို့ပါ၊ သိကြတဲ့အတိုင်းပဲ ကျုပ်တို့က ကရင်လေဗျာ၊ မြန်မာကျောင်းသားစခန်းထဲမှာ
က ဗမာတွေအများစုပေါ့။
ဗမာဆိုလို့ပြောရဦးမယ်၊ ပအိုဝ့်လူမျိုးနဲ့ ကရင်လူမျိုးကပေါက်ဖွါးလာတဲ့ ကျောင်းသားတစ်ယောက်က သူ့ကိုယ်သူ ဗမာတဲ့ဗျို့၊
နောက်တယောက်က ကျုပ်အဖေဘက်က အဘိုးကမွန် အဘွားကဗမာ ကျုပ်အမေဘက်ကကျတော့ အဘွားကရှမ်း အဘိုး ကရခိုင် ကျုပ်ကတော့ ဘယ်လိုခေါ်လျင်ကောင်းမလဲ၊ ဗမာပြည်ပေါက်ဆိုတော့ ကျုပ် ဗမာပေါ့ဗျာ၊ နောက်တယောက်ကျ
တော့ အမေက ကရင် အဖေက ကုလား သူကျတော့ ဗမာတဲ့ဗျာ။
ဒါကတော့ သူတို့တတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးမို့လို့ ဘာမျှမပြောချင်ပေမယ့် အားလုံးဟာလူတွေချည်းပါ၊ လူသားအ
မြင်လေးရှိဘို့ပဲအရေးကြီးပါတယ်၊ သို့ပေမယ့် ကျုပ်က ကရင်ပြည်နယ်က တောမက မြို့မကျတဲ့ ဟိုမရောက် ဒီမရောက်
ဒေသကဆိုတော့ ဗမာစစ်တပ်လည်းဝင်လို့ထွက်လို့ရသလို ကရင်စစ်တပ်ကလည်း ၀င်ရ ထွက်ရလွယ်တဲ့ဒေသပါ၊ ဗမာ စစ်တပ်ကလာပြီဆိုတာနဲ့ ပ်ုယင်ဟှယ့်ယုဂ် ဆိုပြီးခွေးပြေးဝက်ပြေး ပြေးကြရတဲ့အပြင် သေနတ်တွေနဲ့ပစ်ခတ်တာတွေခံ
ရတတ်သလို အိမ်တွေဝင်မွှေ ပစ္စည်းတွေယူ ထမင်းအိုးတွေသေနတ်နဲ့ ပစ်ဖေါက် အိမ်မွေးတိရိစ္ဆာန်တွေသတ်ဖြတ်စား
သောက်ကြတာဆိုတော့ ဗမာလူမျိုးတွေအပေါ် ခြောက်ပြစ်ကင်းသဲလည်းစင် အကောင်းမမြင်နိုင်သေးတာအမှန်ပါ။
ကျုပ်ရွာမှာနေတုန်းက ဗမာစစ်တပ်ကြောင့်ခွေးပြေးဝက်ပြေးပြေးခဲ့ရတဲ့ဒါဏ်ရာကမပျောက်သေးဘူး နယ်စပ်ကရင်ဒုက္ခ သည်စခန်းကိုရောက်တော့ ဒီမိုကရေစီဘက်တော်သားဆိုတဲ့ ဗမာတယောက်နဲ့ဆုံတော့ ကျုပ်က ကရင်နဲ့ပတ်သက်တဲ့
Project တခုအတွက် Sponsor လိုနေတာနဲ့ စာရေးတင်တယ်ဗျ၊ အဲဒီအထဲမှာ ဗမာပဒေ သရာဇ်ခေတ်အဆက်ဆက်မှစပြီး စစ်အစိုးရအဆက်ဆက်တိုင် ဖိနှိပ်ညှင်းပမ်းသတ်ဖြတ်မှုကြောင့် ဆိုပြီးရေးတဲ့ အပိုင်းလေး ပါသွားတော့ ခင်ဗျား အဲဒါကိုမရေး နဲ့ဗျာ ဒါတွေက လွန်ခဲ့တဲ့အတိတ်ကာလက ဟာတွေလေဗျာ ဒီကနေ့ ကျုပ်တို့လျှောက်မယ့် ဒီမိုကရေစီအရေးမှာ ဒါတွေက အ
ဆိပ်အတောက်ဖြစ်နိုင်တယ် တဲ့။
အဲဒီကနေ မနီလွိုင်လို့ခေါ်တဲ့ မြန်မာကျောင်းသားများစခန်းကိုရောက်တော့ ကျောင်းသားတယောက်ဆီမှာ အကူအညီတ ခုတောင်းလိုက်တယ်ဗျာ သူတို့က ဘန်ကောက်မှာအနေကြာတော့ Computer နဲ့ပတ်သက်တာ တွေ စာအုပ်ထုတ်နည်း
တွေ စာမျက်နှာဖွဲ့တာတွေ ဓါတ်ပုံထည့်နည်းတွေ စသည်ဖြင့်ပေါ့နားလည်တယ်တတ် တယ်၊ ကျုပ်တို့ကျတော့ အဲဒါတွေ တတ်ဘို့မပြောနဲ့ Computer တောင်မြင်ဘူးတာမဟုတ်ဘူး၊ မောင်မင်းကြီး သားကကူညီတာတော့ ကူညီရှာပါတယ် ပြော လိုက် တာက သိပ်အဆင်မပြေဘူး နံဘေးကို ပိဿာလေးနဲ့ ပစ် လိုက်သလိုပဲ ကူညီရမှာပေါ့ဗျာ ခင်ဗျားတို့ ကရင်တွေကို ကျုပ်တို့ဗမာအဘိုးတွေက အနိုင်ကျင့်ဆိုးသွမ်းခဲ့တာ ကို ပြန်ပြီးအကြွေးဆပ်တာလို့ သဘောထားပါတယ်၊ တကယ်တော့ ခင်ဗျားတို့ ကရင်တွေ အခုလိုနိမ့်ကျနေရ တာတွေဟာ ကျုပ်တို့ဗမာတွေကြောင့်မဟုတ်ဘူးဗျ၊ ခင်ဗျားတို့ကရင်အချင်း ချင်း ပြန်ပြီးအနိုင်ကျင့်လို့ဖြစ်နေရ တာ၊ ဘာဖြစ်လို့လဲဆိုတော့ ကရင်တွေအကြောင်းကို ကရင်တွေက ပိုသိတယ်လေဗျာ
တဲ့။
ကျုပ်ဘာကြောင့်အခုလိုပြန်ရေးပြနေရသလဲဆိုတော့ ငါးကြင်းဆီနဲ့ငါးကြင်းကြော်တဲ့အကြောင်းကို ပြောပြချင်လို့ပါ၊ အုမ့်ဖျမ်မှာ February 23 ရက်နေ့က မီးလောင်လို့ဆိုပြီး ဗမာစစ်အစိုးရက ဆန်အိတ် ၁၀၀နဲ့ ပိုက်ဆံ ကျပ်ငွေ သိန်းသုံး ဆယ်(၃၀၀၀၀၀၀ိ/၀၀ပြား)လာလှူတယ်ဆိုပဲ ဒုက္ခသည်စခန်းဖြစ်နေခဲ့တာ နှစ်ပေါင်း ၃၀ပြည့် ဘို့ လေးနှစ်ပဲလိုတော့
တယ် အခုကျမျှလာလှူတယ်ဆိုတော့ စဉ်းစားစရာဖြစ်ပါတယ်၊ နောက်တခုက ဗမာပြည်တွင်းမှာ ကချင်ဒုက္ခသည်ပေါင်း
လေးသိန်း (၄၀၀၀၀၀)လောက်ရှိနေတာများ ဘာအကူအညီမျှရတာမဟုတ်ဘူး အရေးပေါ်အကူအညီလိုနေတာ မသိလို့ပဲ
လား၊ မသိချင်ဟန်ဆောင်နေတာလား။
တိုင်းရင်းသားတွေကြား နားလည်မှုလွဲအောင်လုပ်လိုက်တာများလား၊ ဒုက္ခသည်တွေကို ဒုက္ခပေးဘို့များလားဆိုတဲ့ လား
ပေါင်းများစွာတွေက ကျုပ်ခေါင်းထဲကိုရောက်လာတယ်ဗျ၊ ဒါကလည်း ကျုပ်အတွေးအခေါ်တွေက နွားကျောင်းသားအတွေး
လေဗျာ၊ ဒီတော့ အဆင့်ကဘယ်ရှိပါ့မလဲ ဟုတ်ဘူးလား။
ဟိုတနေ့က ဘလော့ဂ် တခုက ဆေင်းပါးတပုဒ်မှာ ဆောင်းပါးရှင်နော်ဝါးဝါးဖိုးက ဇီဝအဆိပ်နဲ့ ဓါတုအဆိပ်အန္တရာယ်ဆိုပြီး ၁၇၆၃ခုနှစ်က General Amherstဟာအင်ဒီး ယန်းလူမျိုးတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါမှာsmallpox ဆိုတဲ့ရော ဂါပိုးတွေကို ကော်ဇော၊ ဖျာနဲ့ လက်ကိုင်ပုဝါ မှာထည့်ပြီး လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်၊ အင်ဒီးယန်းလူမျိုးမြောက်များ
စွာ ဒီရောဂါပိုးကူးစက်မူကိုခံလိုက်ရပါတယ် ဆိုတာရေးထား တာဖတ်လိုက်ရတယ်။ အခုဗမာစစ်အစိုးရကပို့လိုက်တဲ့ဆန်တွေကြောင့် ဒုက္ခသည်တွေ တခုခုများဖြစ်သွားလေမလားပေါ့နော်။
ကျုပ် အစိုးရိမ်လွန်တာဖြစ်ပါလိမ့်မယ်လေ၊ သတိဆိုတာက ပိုတယ်ဆိုတာမရှိဘူးပေါ့၊ သူများက စေတနာရှိလို့လှူလျင် အဆိပ်တောင်စားရတယ်ဆိုတဲ့မူကိုတော့ ကျုပ်လက်မခံဘူး အဆိပ်မှန်းသိလို့ကတော့ လုံးဝကိုမစားဘူး၊ တခုမကျန်အ ကုန်ကိုလွှင့်ပစ်မှာ။
အခုလာလှူတဲ့ဆန်တွေ စားလိုက်မိလို့ မပြောကောင်းမဆိုကောင်းတခုခုဖြစ်သွားပြီဆိုပါစို့ ကျုပ်တို့မသိဘူး သူတို့ကရင်အ
ချင်းချင်း စေတနာရှိလို့ လှူလိုက်တာဆိုပြီး ငါးကြင်းဆီနဲ့ငါးကြင်းကြော်ပြီသာမှတ်။
ပြီးတော့ ဆောင်းပါးရှင်ရေးထားတာက ချက်ခြင်းအသက်ဆုံးရှုံးသွားတာမဟုတ်ဘူး ဆိုတဲ့အချက်ကလည်းပိုပြီးစိုးရိမ်စရာ
ကောင်းလှပါတယ်။
နောက်တချက်က တိုင်းရင်းသားအချင်းချင်းနားလည်မှုလွဲနိုင်တာက မြန်မာပြည်ထဲမှာ ခိုကိုးရာမဲ့နေတဲ့ ကချင်ကိုကျတော့ မကူညီပဲနဲ့ဒုက္ခသည်ကူညီရေးအဖွဲ့တွေ အမျိုးမျိုးရှိတဲ့ နေရာမှာသွားလှူတဲ့အတွက် ကရင်အလှူရှင်တွေကိုအမြင်စောင်းနိုင် ပါတယ်။
အခုအချိန်က ယုံကြည်မှုကိုတည်ဆောက်နေတဲ့အချိန်ဆိုတော့ နားလည်မှုမလွဲဘို့သိပ်အရေးကြီးပါတယ်။
ဗမာနဲ့ကရင်နားလည်နေရုံ၊ ဗမာနဲ့ကချင်နားလည်နေရုံ၊ ကချင်နဲ့ကရင်နားလည် နေရုံနဲ့မဖြစ်ပါဘူး တိုင်းရင်းသားအားလုံး အဖွဲ့အစည်းအားလုံး တယောက်ကိုတယောက်သံသယ မရှိဘို့အထူးအရေးကြီးတဲ့ကာလတခု ဖြစ်နေတာမို့ ဘယ်လိုအလုပ်
အကိုင်မျိုးပဲဖြစ်နေပါစေ ဘယ်လိုအပြောအဆိုမျိုးပဲဖြစ်နေပါစေ သတိထားဘို့အင်မတန်လိုအပ်နေတဲ့ အထိအရှမခံတဲ့ကာ
လ တခုဖြစ်နေတယ်လို့ ယူဆမိပါကြောင်း။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
အုမ့်ဖျမ်ဒုက္ခသည်စခန်းအတွက် ကရင်ပြည်နယ်အစိုးရက အကူအညီပေးတဲ့အကြောင်း BBCသတင်းထောက် ကိုအောင်ကျော်ဦး သတင်းပေးပို့ထားတာဖြစ်ပါတယ်
March 2, 2012 Friday Evening
Source NEWS Audio from http://www.bbcburmese.com
March 2, 2012 Friday Evening
Source NEWS Audio from http://www.bbcburmese.com
ကချင်စစ်ပြေးဒုက္ခသည်အကြောင်းဒေါ်ဝင်းမြမြနဲ့ BBCသတင်းထောက် ကိုနေလင်းတို့ ဆက်သွယ်မေးမြန်းခန်း အပြည့်အစုံကိုနားဆင်တော်မူကြပါ
March 2, 2012 Friday Evening
Source NEWS Audio from http://www.bbcburmese.com
မှတ်ချက်
ဇီဝအဆိပ်နှင့်ဓါတုအဆိပ်အန္တရာယ် အကြောင်းကို အောက်ပါဘလော့ဂ်တွင်
အပြည့်အစုံ သွားရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
http://www.9dblood.com/2012/03/blog-post_487.html
ကဗျာဆရာမောင်လွမ်းဏီရဲ့ ဒုက္ခကိုပျားရည်ဆမ်း၍ အစီအစဉ်
March 3, 2012 Saturday Evening
Source Audio from http://www.rfanews.org/burmese