ကရင့်အရေးသည် ကရင်အမျိုးသားတစ်ရပ်လုံးနှင့် သက်ဆိုင်သည့်အတွက် ကရင်လူထုအင်အား တစ်ရပ်လုံး မပါ
ဘဲ ဖော်ဆောင်သော ငြိမ်းချမ်းရေးသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖြစ်မည်မဟုတ်ကြောင်း ခံယူသကဲ့
သို့ အမှန်တရားကို အခြေမခံသော ငြိမ်းချမ်းရေး သည် ထာဝရ ငြိမ်းချမ်းရေး မည်သို့မျှ မဖြစ်နိုင်ဟု KPC ဆရာ
တော်များက ရှုမြင်သုံးသပ်ကြသည်။
၎င်းအပြင် ကရင်အမျိုးသား၏ စီးပွားကို ပျက်ပြားစေမည့် ငြိမ်းချမ်းရေးမျိုးမဖြစ်စေရန်နှင့် တစ်ပါးသူတို့၏ ချယ်
လှယ်သော ငြိမ်းချမ်းရေး ဖော်ဆောင်မှုမျိုး မဖြစ်စေရန် အထူးသတိပြုသင့်သည့်အတွက် KNU အနေဖြင့် အစိုး
ရနှင့် ထပ်မံ တွေ့ဆုံရာတွင် ကရင်ပြည်သူအားလုံး၏ အကြံဉာဏ်များကို ရယူသွားရမည်ဟု KPC ၏ အစည်းအ
ဝေးမှတ်တမ်းတွင် ဖော်ပြပါရှိသည်။
KNU ၏ ဒု ဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “ဒါ တစ်မျိုးသားလုံးကိစ္စဆိုတော့ အားလုံးရဲ့ အကြံအဉာဏ်တွေ
ကို ယူမှာပါ။ ကရင်ပြည် နယ်တင်မကဘူး။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းမှာရှိ ကရင်
ပြည်သူတွေရဲ့ အကြံဉာဏ်တွေ ယူမယ်။ နောက် တစ်ခေါက်သွားရင်ပေါ့လေ”ဟု ပြောသည်။
ဦးစွာ ပဒိုမန်းငြိမ်းမောင်ကို KNU လက်ထဲပြန်ပို့လိုက်တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းရဲ့ ပြောစကားတွေကို နားသောတဆင်ကြည့်ကြပါ။
ခွက်ထိုးခွက်လန်ရယ်(ရီ)နေလိုက်ကြတာများဗျာ၊ အဆင့်အင်မတန်နိမ့်တဲ့ အရက်ဆိုင်ထဲက အရက်သမားတွေ လိုပါပဲ။
ပြီးတော့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီရဲ့ ပြောစကားလေးနားထောင်ကြည့်ကြပါ။ ဦးခင်ရီရဲ့ မပွင့်တပွင့်ရယ်(ရီ)သံက အင်မတန်နားကလောစရာကောင်းလှပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဒုဥက္ကဌ ပဒိုဒေးဗစ်သာကပေါ် ရဲ့ ပြောကြားချက်ကလေး နားသောတ ဆင်တော်မူကြည့်ကြပါ။
KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုလ်ကော်မီတီဝင် ပဒိုမန်းငြိမ်းမောင်ရဲ့ သဘောထားလေးကို သောတ နားဆင်ကြည့်ကြပါ။
နောက်ဆုံး KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူးချုပ်Naw Zipporah Sein ပြောတဲ့ စကားလေးကို ဆက်လက်နားဆင်ပေးကြစေလိုပါတယ်။ ဒါကြောင့်ကျုပ်က အောက်ကမေးခွန်းလေးကို မေးလိုက်ပါတယ်။
ဏ်ုစါ်ဂုဏ်စ်ါတာ ထဲုးဖႜူၟပ်ုယင်ဏှ် မွဲါဆ်ုဏှ်အ်ုစံင်လယ့်။
ဘဢ္မႏုာ္အဃိ နစံးဘ်ဳးစံးဖိွဢ္ ထြံဢ္ပ်ဳဿ္ပယီၯလဲဢ္။
ဘဢ္မႏုာ္အဃိ နစံးဘ်ဳးစံးဖိွဢ္ ထြံဢ္ပ်ဳဿ္ပယီၯလဲဢ္။
မှတ်ချက်
KIC ၏ မူလသတင်းစာမျက်နှာတွင်
ကရင်ပြည်သူအားလုံး၏ အကြံဉာဏ်များကို ရယူသွားမည်ဟု KPC ၏ အစည်းအဝေးမှတ်တမ်းတွင်ဖော်ပြပါရှိ
သည်။
ဟုရေးသားထားသော်လည်း မိမိအနေဖြင့် အဆိုပါ စာကြောင်းအား အောက်ဖေါ်ပြပါစာကြောင်းဖြင့် ပြင်ဆင်ရေးသား လိုက်ပါသည်။
ကရင်ပြည်သူအားလုံး၏ အကြံဉာဏ်များကို ရယူသွားရမည်ဟု KPC ၏ အစည်းအဝေးမှတ်တမ်းတွင်ဖော်ပြ
ပါရှိသည်။
သို့ဖြစ်ပါသောကြောင့် KIC အနေဖြင့် မိမိတို့ ရေးသားဖေါ်ပြထားသည့်အတိုင်း ပြန်လည်ပြင်ဆင်ရေးသား ပေးပါ
ဟုဆိုလှာပါက မိမိအနေဖြင့် မဆိုင်းမတွ ပြန်လည်ပြင်ဆင်ရေးသားပေးမည်ဖြစ်ပါကြောင်း
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး





