• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, March 23, 2012

ဗမာ့လွှတ်တော်က တင်ဆက်နေတဲ့ ဟာဒယရွှင်ဆေး

Source Images from http://popularmyanmar.com

ဗမာ့လွှတ်တော်က တင်ဆက်နေတဲ့ ဟာဒယရွှင်ဆေး

March 23 2012 Thursday
by မင်းစိုးစံ

မည်သူမဆို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထံမှ ထိုသူ၏ဆန္ဒအလျှောက်ကမ်းလှမ်းခြင်းမဟုတ်ပဲ အကျိုးစီးပွါးထိခိုက်စေ
မည်ဟု ချိမ်းခြောက်ခြင်း သို့မဟုတ် အပြစ်ပေးမည်ဟုချိမ်းခြောက်ခြင်းဖြင့် ထိုသူ၏လုပ်အား သို့မဟုတ် ၀န်ဆောင်
မှုကို အဓမ္မစေခိုင်းစေမှုပြုလျှင် ထိုသူကို တနှစ်ထက်မပိုသောထောင်ဒါဏ်ဖြစ်စေ ကျပ်တသိန်းထက် မပိုသောငွေ
ဒါဏ်ဖြစ်စေ ဒါဏ်နှစ်ရပ်လုံးကိုဖြစ်စေ သက်ဆိုင်ရာတရားရုံးက ချမှတ်ရမည်။

အဲဒါကတော့ရပ်ကွက် ကျေးရွာ အုပ်ချုပ်မှုတရားဥပဒေတွေကို မကြာခင်ကပဲတရားဝင်ထုတ်ပြန်ခဲ့ပေမယ့် အ
ရေးကြီးတဲ့အချက်တချက်ကျန်နေလို့ပြန်ပြီး ဖြည့်စွက်ထားတဲ့အချက်ဖြစ်ပါတယ်။

စစ်တပ်က ပေါ်တာဆွဲလျင် ကျေးရွာအုပ်ချုပ်နေတဲ့သူတွေ ၀င်မပါနဲ့ မင်းတို့ဝင်ပါလျင် မင်းတို့မိန်းမ မုဆိုးမဖြစ်
သွားမယ်ဆိုတဲ့ ဥပဒေမျိုးဗျ၊ ကျုပ်က ဥပဒေကိုနားလည်တဲ့လူမဟုတ်ပါဘူး။

အခု လိုအပ်တာကိုဖြည့်စွက်ထားတယ်ဆိုတဲ့ ဥပဒေမှာ ကျေးရွာအုပ်ချုပ်ရေးကလူတွေကို အဓမ္မခိုင်းစေမှုနဲ့ဆိုင်
တဲ့ လုပ်ပိုင်ခွင့် တစုံတရာပေးထားတာမရှိပါဘူး၊ အဆင့်ဆင့်ကို တိုင်နေရတာနဲ့ပဲ အဓမ္မခိုင်းစေခံနေရတဲ့လူက အသက်ထွက်နေပြီ။

ဗမာပြည်ထဲမှာ အသက်ရှင်လာခဲ့ရတဲ့ ကျုပ်ဘ၀တလျှောက်လုံး ဥပဒေဆိုတာ ဘာမှန်းမသိအောင် ဥပဒေစိုးမိုး
မှုမရှိတဲ့ ကရင်ပြည်နယ်ထဲက ရွာငယ်လေးတရွာမှာ ကြင်လည်ခဲ့ရတာဆိုတော့ ဗမာစစ်တပ်လာပြီဆိုတဲ့အသံ
ကြားလိုက်တာနဲ့ ကျည်ဆံရထားထက်မပိုတောင် ကျည်ဆံရထားအမြန်နှုန်းနဲ့ ပြေးခဲ့ရတာလေ။

အပေါ် က ဖြည့်စွက်ထားတဲ့ ဥပဒေ ဆိုတဲ့စာလုံးက လုပ်တဲ့သူကိုပဲ အပြစ်ပေးထားပြီး ခံရသူအတွက် ဘာတခုမျှ
ကာကွယ်ထားတာ မတွေ့ရဘူး၊ ဒါလားဗျာ ပြည်သူတွေက ရွေးကောက်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှည်။

လူကြီးမင်းတို့ပြောသလို စစ်တပ်ကပေါ်တာဆွဲတာကို အုပ်ချုပ်သူတွေဝင်မပါရဘူးဆိုတဲ့ အပိုဒ်က ၀မ်းသာရ
တော့မလိုလိုနဲ့ ကျောချမ်းစရာကြီး၊ ကရင်ရွာတွေမှာ ရွာသူကြီးကိုအလှည့်နဲ့ မလုပ်ပေမယ့် ဆယ်အိမ်ခေါင်း
ဆိုတဲ့သူတွေကတော့ အလှည့်နဲ့လုပ်နေရတယ်၊ ခင်ဗျားတို့နေတဲ့ မြို့ကြီးပြကြီးတွေနဲ့ ဘာဆိုဘာမျှမတူဘူး၊
ဘားအံမြို့လိုနေရာမျိုးနဲ့တောင်မတူဘူး။

ပထမဆုံး ကရင်ကျေးရွာတွေမှာ ရှိနေတဲ့ ဗမာစစ်စခန်းတခုအကြောင်းရေးပြမယ်၊ သူတို့အတွက်အိမ်သာဆောက်
ပေးရတယ်၊ သူတို့စခန်းကိုခြံခတ်ပေးရတယ် စခန်းနဲ့ ကိုက်၁၀၀အကွာအထိ အပင်ကြီး အပင်ငယ် ခြုံ နွယ်အားလုံး
ရှင်းပေးရတယ် ကင်းစောင့်ရတယ်။ သုံးရေသောက်ရေ ဖြည့်ပေးရတယ်။

အိမ်သာဆောက်ပေးပြီးတာလေး နဲ့မပြီးသေးပါဘူး၊ အိမ်သာရေဖြည့်ပေးရတယ်၊ သူတို့စားသောက်ဘို့ အရက်
ထန်းရည် ကြက် ၀က် ဘဲ ဆိတ် နွား ငါး ပုဇွန် နေ့တိုင်းရှာပေးရတယ်။ နောက်တခုက သူတို့ကိုယ်တိုင် ဖွဲ့ထား တဲ့ ပြည်သူ့စစ်ဆိုသူတွေကို ကျေးရွာက ငှားရတယ်၊ အဲဒီပြည်သူ့စစ်ကို ငှားရတဲ့အကြောင်းရင်းက ကရင်တွေ က ပြည်သူ့စစ်လုပ်ချင်တဲ့သူ နည်းတဲ့အတွက် လုပ်မယ့်သူကို ငှားရလို့ပါ။

အဲဒီပြည်သူ့စစ်တွေအတွက် စားနပ်ရိက္ခာအဖြစ် တနှစ်စာအတွက် စပါးတင်းဘယ်လောက်ဆိုတာကို သတ် မှတ်တဲ့အတိုင်းပေးရတဲ့အပြင် စခန်းထဲက စစ်သားတွေနဲ့ ပြည်သူ့စစ်တွေအတွက် ထင်း၊ မီးသွေး စတဲ့လောင်
စာတွေကို တနှစ်စာအတွက်ရှာပေးရပါတယ်။

ပိုက်ဆံပေးဘို့ နေနေသာသာ ကိုယ့်ထမင်းကိုယ်စားပြီး လုပ်ပေးရတာတင်မဟုတ်ဘူး အဲဒီခြံစည်းရိုးတိုင်တွေ
ညှောင့်တွေ ခံတုတ်ကျင်းတွေ ဆက်သွယ်ရေးမြောင်းတွေအတွက် ကုန်ကျတာတွေအားလုံး ကရင်တွေပဲငွေ
ကြေးဆိုက်ထုတ်ရပါတယ်။ မောလို့နားမယ်မကြံနဲ့ ယောက်ျားဆိုလျင် မကြားဝံ့မနာသာတဲ့ စကားလုံးတွေနဲ့
ဆဲဆိုတာ၊ မိန်းကလေးတွေဆိုလျင်လား မဖွယ်မရာတွေပြောပြီး အသားလွတ်ကိုဟောက်တော့တာဗျို့။

နယ်မြေလုံခြုံရေးအတွက် ဆိုပြီးသေနတ်သံမကြားစေနဲ့လို့ အမိန့်ထုတ်ပါတယ်၊ သေနတ်သံကြားပြီဆိုတာနဲ့
၁ရက် ၂ရက်လောက်အကြာမှာ ရွာထဲဝင်လာပြီး တွေ့တဲ့လူကို ရိုက်နှက်ဖမ်းဆီး စခန်းထဲခေါ်သွားပြီး ငွေ
တောင်းသလို သူတို့စာရေးမှာတဲ့အတိုင်း အချိန်မှီမပို့နိုင်ဘူးဆိုလျင်တော့ ဘာဆင်ခြေဆင်လက်မှပေးမနေ
နဲ့ နားရင်းပိတ်အုပ်တော့တာပဲ။


Source Photo from http://www.google.com/burmese

အခု စစ်ကြောင်းတွေအကြောင်းရေးပြပါ့မယ်။

စစ်ကြောင်းဝင်လာပြီဆိုလျင် ရွာထဲက ရှိသမျှပစ္စည်း အိမ်မွေးတိရိစ္ဆာန်အားလုံး စားနပ်ရိက္ခာ အားလုံး၊ စားပင်
သောက်ပင်အားလုံး အဲဒါသူတို့အတွက်လို့သတ်မှတ်ထားတာ။ အိမ်တွင်းအိမ်ပြင် အိမ်အောက် အားလုံးမျှအား
လုံး ညဘက်စခန်းချပြီဆိုလျင်တော့ ဒီရွာကကရင်အမျိုးသမီးတွေ ဘ၀ပျက်တော့တာပဲ။

ဒါတင်လားဆိုတော့ မကသေးဘူး တော်လှန်ရေးတပ်နဲ့တိုက်ပွဲဖြစ်ပြီဆိုလျင် သူတို့ သေသေမသေသေ တရွာ
လုံးကို မီးရှို့တော့တာ။

မိုးတွင်းကာလတခုမှာပေါ့ ကျုပ်တို့ကျေးနယ်ထဲမှာ တိုက်ပွဲလေးတခုဖြစ်တယ်ဗျ၊ သူတို့ကလှေနဲ့ တခြားရွာကို အသွား ပျောက်ကြားအပစ်ခံရတော့ လှေမှောက်ပြီးသေပါရောလား၊ လက်နက်တွေလည်းရေထဲမြုပ်ကုန်တယ်၊ အဲဒီတော့သူတို့ တပ်ဖွဲ့ဟာ ရွာထဲရောက်လာပြီး ရှိသမျှတွေ့သမျှ အပင်တွေ အသီးတွေ အကောင်အလောင်
တွေ အားလုံးကို လိုက်ဖမ်းတဲ့လူက ဖမ်း၊ အပင်တွေကိုခုတ်တဲ့လူက ခုတ်၊ အသီးကိုခူးတဲ့လူက ခူး၊ လုပ်နေပုံ များ ဝေသာလီပြည် ဘီလူးစီးသလိုပါပဲ။

အဲဒါ ကရင်အဘွားအိုတယောက်က

စစ်သားလေးကို လူလေးရေ အဲဒီသခွါးသီး တလုံးကိုတော့ ချန်ထားခဲ့ပါကွယ် မနက်ဖြန် ဘုန်းကြီးဆွမ်းပို့မလို့ပါ
လို့ပြောတော့၊ ဘာပြန်ပြော တယ်မှတ်လဲ

တော်တော်လျှာရှည်တဲ့ ကရင်မကြီး ကျုပ်ကိုင်ထားတဲ့သေနတ်က လူမရွေးဘူးနော်၊ လျှာမရှည်နဲ့ ခင်ဗျားကြီး ငပွေးတွေကိုကျွေးဘို့ စိုက်ထားတာမဟုတ်လား၊

ဆိုပြီး အဘွားအရွယ် ကရင်အမယ်အိုရဲ့ရင်ဝကို စစ် ဘိနပ်နဲ့ ဆောင့်ကန်ပစ်လိုက်ပါတယ်။

သူတို့မပြန်ခင်မှာ သေသွားတဲ့စစ်သားသုံးယောက်နဲ့ ရေမြုပ်သွားတဲ့လက်နက်တွေအတွက် လျော်ကြေးပေးရ
မယ်ဆိုပြီး ဒါဏ်ရိုက်တာခံလိုက်ရပါတော့တယ်။

အဲဒီတော့ ပြည်သူ့လွှတ်တော်လို့ သမုတ်ထားတဲ့ ခွေးရူးဗမာအစိုးရတွေလုပ်နေတဲ့ လွှတ်တော်အစည်းအဝေး က ပြည်သူလူထုအတွက်ဘာမျှအကျိုးမရှိတဲ့ အာမခံချက်မရှိတဲ့ ပေါက်တတ်ကရ ဥပဒေမျိုးကိုတော့ မကြိုဆို ချင်တာအမှန်ပါ၊ ထောက်ခံဘို့တော့ ဝေးသပေါ့။

အခုအဖြစ်အပျက်တွေက တကယ့်အဖြစ်အပျက်တွေပါ၊ အဲဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ ခွေးရူးဗမာအ
စိုးရအဖွဲ့ တခုတည်းရဲ့ လက်ချက်မဟုတ်ပေမယ့် ကိုးဆယ့်ကိုးရာခိုင်နှုန်းကတော့ ငြင်းလို့မရပါဘူး။

ဒီအကြောင်းအရာကို ကိုယ်တွေ့မဟုတ်တဲ့သူတွေက ပေါ့ပေါ့တန်တန်သဘောထားမယ်ဆိုတာ သိနေပေမယ့် တကယ်စစ်မှန်ပြီးရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကို ရယူပြီး အတူယှဉ်တွဲနေထိုင်တာကို လေးစားတဲ့
ပုဂ္ဂိုလ်တွေအနေနဲ့ မိမိတို့နဲ့ နီးစပ်ရာအသိုင်းအ၀ိုင်းကနေတဆင့် ပြည်သူ့လွှတ်တော်မှာ အခုချမှတ်ခဲ့တဲ့ ဥပဒေ
တွေဟာ အဓမ္မခိုင်းစေမှုကို နည်းနည်းလေးမျှမပြောင်းလွဲနိုင်ဘူးဆိုတာကို လွှတ်တော်ကိုယ်စားလှည်တွေကို
ပြောပြပေးစေလိုကြောင်းပါ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

BBC သတင်းထောက်ဦးဝင်းမြင့် ပေးပို့ထားတဲ့သတင်းလေးဖြစ်ပါတယ်


March 23 2012 Thursday evening
Source NEWS Audio from http://www.bbcburmese.com