• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, March 30, 2012

မြစ်ကြီး ၄ စင်းအနီး ဓာတ်သတ္တု ရှာဖွေ ထုတ်လုပ်မှု များကို တားမြစ်

Source Photo from http://www.burmariversnetwork.org

 မြစ်ကြီး ၄ စင်းအနီး 

ဓာတ်သတ္တု ရှာဖွေ ထုတ်လုပ်မှု များကို တားမြစ်

 Friday 30th March 2012

 မြန်မာနိုင်ငံရဲ့ အဓိက မြစ်ကြီး ၄ သွယ် ဖြစ်တဲ့ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နဲ့ စစ်တောင်း စတဲ့ မြစ်ကြီးတို့ရဲ့
သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ဖို့ အတွက် အဆိုပါ မြစ်ကြီးတွေရဲ့ ပေ ၃၀၀ အတွင်းမှာ
ဓာတ်သတ္တု ရှာဖွေမှု တွေကို ပယ်ဖျက် လိုက်ပြီ ဖြစ်တယ်လို့ သတ္တုတွင်း ၀န်ကြီး ဌာန၊ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

ဒီလို တားမြစ် ထားရာမှာ မြစ်ကြီး ၄ သွယ်ရဲ့ မြစ်ကြောင်း အတွင်းနဲ့ မြစ်ကမ်းစပ်မှ ပေ ၃၀၀ အတွင်း မြေထုမှ တူးဖော်ခြင်း၊ ကျောက်မျက်ရတနာ၊ သတ္တု၊ စက်မှု တွင်းထွက် ကုန်ကြမ်း ပစ္စည်းနဲ့ ကျောက်စတဲ့ ဓါတ်သတ္တုများ
အား ရှာဖွေခြင်း၊ စမ်းသပ် လေ့လာခြင်း၊ ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းကို တားမြစ် လိုက်တာ ဖြစ်
ပါတယ်။

အခုလို ထုတ်လုပ်မှုကို တားမြစ် လိုက်ခြင်းမှာ ပြည်တွင်းရဲ့ မြစ်ကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ၊ ခရီး
သွား လုပ်ငန်းများ၊ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများ အတွက် အဓိက အားထား နေရတဲ့ အဆိုပါ မြစ်ကြီး ၄ သွယ်ကို သန့်ရှင်းပြီး ရေစီးရေလာ ကောင်းမွန်ရေး အတွက်နဲ့ ဓါတုပစ္စည်း ပါဝင်မှု နည်းပါးစေဖို့ အတွက်ပဲ ဖြစ်ပါ
တယ်။

ဒါ့အပြင် ရေသယံဇာတများ ဖြစ်တဲ့ ရေနေ သတ္တ၀ါများ ပြန်းတီးမှုနဲ့ သောက်သုံးရေ များမှာ ဓါတုပစ္စည်း ပါဝင်မှု နည်းပါးစေဖို့ အတွက်လည်း တားမြစ် လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဓါတု ပစ္စည်း ပါဝင်တဲ့ ရေသောက်သုံးမှု
ကြောင့် ရရှိလာမယ့် ရောဂါတွေ ကလည်း ကာကွယ် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပယ်ဖျက်အပြီး အဆိုပါ မြစ်ကြီး ၄ သွယ်ရဲ့ ပေ ၃၀၀ ၀န်းကျင်မှာ ဓာတ်သတ္တု တူးဖော်မှုများကို ဆောင်
ရွက်ခဲ့ပါက မြန်မာ့ သတ္တုတွင်း ဥပဒေ၊ မြန်မာ့ သတ္တုတွင်း နည်းဥပဒေများ အပါအ၀င် တည်ဆဲ ဥပဒေများ အရ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အရင် ကတော့ အမိန့်ကို မထုတ်ပြန်ခင် ကတည်းက အဲဒီမြစ်ကြီး
၎ သွယ်ရဲ့ ပေ ၃၀၀ ၀န်းကျင် အတွင်းရှိ ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းတွေကို ဖယ်ရှားမှု များလည်းဆောင်
ရွက် ခဲ့တယ်လို့ သတင်း ရရှိရပါတယ်။
 Copy from http://www.mrtv4.net.mm

ဘီဘီစီ သတင်းထောက် ဦးဝင်းမြင့် ပေးပို့ထားတဲ့ သတင်းလေးကို နားဆင်တော်မူကြည့်ကြပါ
March 30 2012 Evening
Source Audio from http://www.bbcburmese.com