• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, March 30, 2012

တရုတ်နိုင်ငံတွင် ကျောင်းသား ၇၀ဦး အစာအဆိပ်သင့်ခဲ့

 
About 70 students sickened from SW China food poisoning incident 
Source Photo from http://www.beijingshots.com 

တရုတ်နိုင်ငံတွင် ကျောင်းသား ၇၀ဦး 

အစာအဆိပ်သင့်ခဲ့ 

Friday 30th March 2012

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guizhou ပြည်နယ်က ကျောင်းတစ်ကျောင်းမှာ ကလေးငယ် ၇၀ဦး အစာအဆိပ်သင့်တဲ့လက္ခဏာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Babu မြို့နယ်ရှိ မူလတန်းကျောင်းက အဆိုပါကျောင်းသား ၇၀ဦးဟာ ယမန်နေ့က နံနက်စာ စားပြီးနောက်မှာ မအီမသာဖြစ်ပြီး တစ်ချို့ဟာ အော့အန်တဲ့အ ထိ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာရှိတဲ့ ကျောင်းသား တစ်ထောင်
ကျော်ဟာ မနက်စာ တစ်မျိုးတည်းကိုသာ အတူစားသုံးခဲ့ကြပေမယ့် အယောက် ၇၀သာ အဲ့ဒီဝေဒနာ ခံစားခဲ့ရ
တာဖြစ်ပါတယ်။

 
About 70 students sickened from SW China food poisoning incident 
Source Photo from http://www.beijingshots.com

ကျန်းမာရေး ပညာရှင်တွေကတော့ နံနက်စာထဲမှာပါတဲ့ နို့ဟာ အစာအဆိပ်သင့်စေတဲ့ အကြောင်းရင်း ဖြစ်နိုင်
တယ်လို့ သံသယရှိနေကြပါ တယ်။ ဝေဒနာခံစားခဲ့ရ တဲ့ ကျောင်းသား ၇၀ကို ဆေးကုသမှုခံယူဖို့ ဆေးရုံကို ပို့
ဆောင်ပေးခဲ့ပါတယ်။

အဲ့ဒီနေ့ နေ့လည်ခင်းမှာတော့ ကျောင်းသား ၁၀ယောက်သာ ဆေးရုံ မှာဆေးကုသမှု ခံယူ လျက်ရှိပြီး  တစ်ဦး
တစ်ယောက်မှစိုးရိမ်ရတဲ့ ရောဂါအခြေအနေ မရှိကြောင်း သိရပါတယ်။ အဆိုပါကိစ္စရပ်နဲ့ ပတ်သက်ပြီး သက်
ဆိုင်ရာက စုံစမ်း စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

 Reference : Xinhua.com

 Copy from http://www.mrtv4.net.mm