• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, March 28, 2012

ကရင်လူထုအတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်မည့် သူများသို့

VOAသတင်းထောက် မအေးအေးမာ က KNU ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်
ကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်တွေ့ဆုံမေးမြန်းနေစဉ်
Source Photo from http://www.voanews.com/burmese

တခြားခေါင်းဆောင်တွေ တခြားရဲဘော်တွေမရခဲ့တဲ့အခွင့်အရေးတခုကိုကျွန်တော်ရလာခဲ့တယ်လို့ထင်ပါတယ်၊ ဘာဖြစ်သလဲဆိုလို့ရှိလျင် ကျွန်တော်တို့နဲ့ တသက်လုံးရန်ဘက်ဖြစ်လာခဲ့တဲ့ နိုင်ငံတော်အစိုးရအဖွဲ့အစည်းကို
အောက်ခြေက တပ်မှူးတပ်သားအဆင့်နဲ့ ကျွန်တော်ဆက်ဆံခဲ့ရတယ်၊ အလယ်အလတ်ခေါင်းဆောင်အဆင့်နဲ့
လည်း ကျွန်တော်ဆက်ဆံခဲ့ရတယ်၊ နိုင်ငံတော်ခေါင်းဆောင်အဆင့်နဲ့လည်း ကျွန်တော်ဆက်ဆံခဲ့ရတယ်။

တခုလုံးကို ကျွန်တော်က မြင်လာခဲ့ရတဲ့အခါကျတော့ ကျွန်တော်တို့နိုင်ငံတော်အင်အားစုဘက်က အစိုးရဘက်
က တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တွေ တကယ်ရှိတယ်ဆိုတာ ကျွန်တော်လက်တွေ့ ကျွန်တော်ကြုံတွေ့ခဲ့ရတယ်။
ဒါကြောင့်မို့လို့ ကျွန်တော်တို့ဘက်က သံသယတွေလျှော့ချဘို့ လိုတယ်လို့ကျွန်တော်ထင်တယ်။

ကျွန်တော်တို့နိုင်ငံတော်အစိုးရဘက်က တကယ့်တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တွေရှိတယ်ဆိုတာကို ကျွန်တော်တို့အ သိအမှတ်ပြုပြီးတော့ သူတို့နဲ့ရင်းရင်းနှီးနှီးကျွန်တော်တို့လက်တွဲပူးပေါင်းဆောင်ရွက်လို့ရှိလျင် ပြည်တွင်းစစ်ရပ်စဲ တာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်တာ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလုပ်ငန်းစဉ်တွေဟာ အောင်မြင်မယ်လို့ ဖါးတီအနေနဲ့ကတော့ ယုံကြည်ပါတယ်။

ပဒိုမန်းငြိမ်းမောင် ပြောစကား
(March 27 2012 Tuesday VOA နှင့်တွေ့ဆုံမေးမြန်းခန်းမှ ကူးယူဖေါ်ပြပါသည်)

သမ္မတရဲ့ မိန့်ခွန်းတွေကို ရေးပေးခဲ့တဲ့ ဒေါက်တာ နေ၀င်းမောင်က “လောလောဆယ်ကတော့ စိတ်လှုပ်ရှားစရာ
ကောင်းတဲ့ စမ်းသပ်ကာလပေါ့ဗျာ။ မကြာခင်မှာတော့ စိတ်ပျက်စရာ ကောင်းတဲ့ အချိန်ကာလတခု ရောက်လာပါ
လိမ့်မယ်” လို့ ပြောပါတယ်။


ကရင်လူထုအတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်မည့် သူများသို့

By မင်းစိုးစံ

March 28 Wednesday evening

ဗျိုင်းကတကယ့်ကို သာသာယာယာနဲ့ အစာရေစာပေါတဲ့ရေကန်ကိုပြခဲ့သလို၊ ငါးကလည်း သူမြင်ရတဲ့ ရေကန်ရဲ့ အခင်းအကျင်းကို မြင်တဲ့အတိုင်းသူ့မိတ်ဆွေတွေကို မကွယ်မ၀ှက်ပဲပြောပြခဲ့တာပါ။ ဒါပေမယ့် ခံတက်ပင်ကို ငါး သတိမပြုမိပါဘူး၊ သတိမပြုမိတာကတော့ ရေကန်ဘေးမှာ အပင်တွေက အရောရောအနှောနှော ဖြစ်နေတာ
ကိုး။
ဒီတော့ ရေနည်းတဲ့ကန်ထဲကငါးတွေဟာ ဗျိုင်းအတွက် လွယ်ကူအေးဆေးတဲ့ စားကျက်ဖြစ်သွားတော့တာပေါ့၊ တ
ကယ်လို့များ ဂဏန်းသာ ဥာဏ်မသုံးခဲ့ဘူးဆိုလျင် နောက်ထပ်ရေခမ်းနေတဲ့ကန်တွေထဲက ငါးတွေဘယ်လောက်
တောင် ပျက်ဆီးကြဦးမလဲမသိဘူး၊ ဂဏန်းကြောင့် ဗျိုင်းပျက်ဆီးသွားတော့ ကျန်တဲ့ရေခမ်းနေတဲ့ကန်ထဲက ငါးတွေ
အသက် ချမ်းသာရာရသွားတာပေါ့နော။

အခုအခြေအနေကလည်း ဗျိုင်းက ရေကန်ကိုပြပြီးသွားလို့ ငါးကိုတော့လွှတ်ပေးလိုက်ပါပြီ၊ ငါးကလည်း သူမြင်တာတွေ
တွေ့ထားတာတွေကို ပြောပြနေတာတွေ့ရပါတယ်၊ ခံတက်ပင်အကြောင်းတော့ မပါပါဘူး၊ အပင်တွေရောနေလို့လား ဒါမှမဟုတ် မရှိလို့လားဆိုတာတော့ မပြောတတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ငါးလေးတွေလိုတော့ အမှုမဲ့အမှတ်မဲ့ ဗျိုင်းရဲ့နှုတ်သီးကြားထဲ လိုက်မသွားမိပါစေနဲ့၊ ဂဏန်းလို ဗျိုင်းရဲ့လည်မြိုကို အင်မတန်သန်မာတဲ့လက်မကြီးတွေနဲ့ အပိုင်ညှပ်ပြီးလိုက်သွားမိဘို့တော့လိုကြောင်းပါ။
ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

KNU ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်၏ ပြောစကားများကို နားဆင်ပြီးနောက် တွေးမိသမျှရေးမိပါသည်။

March 27 2012 Tuesday
VOAသတင်းထောက် မအေးအေးမာ နှင့်KNU ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်
တို့ တွေ့ဆုံမေးမြန်းခန်းအပြည့်အစုံကို နားဆင်နိုင်ပါသည်။


Source Audio from http://www.voanews.com/burmese