• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, March 7, 2012

တိုက်မိခဲ့သည့် ငမိုးရိပ်တံတားကို နည်းပညာပိုင်းဖြင့် စစ်ဆေးသွားမည်

ကျောက်စရစ်ကျင်း ၁၁၀ စီတင်ဆောင်လာသော

စီဘီတွဲနှစ်တွဲမှဝင်ရောက်တိုက်မိခဲ့သည့်

ငမိုးရိပ်တံတား(ကမာကြည်)ကို နည်းပညာပိုင်းဖြင့်

စစ်ဆေးသွားမည်


Thursday, 08 March 2012 02:

ကျောက်စရစ်ကျင်း ၂၀၀ ကျော် တင်ဆောင်လာသည့် စီဘီတွဲနှစ်တွဲမှ ၀င်ရောက်တိုက်မိခဲ့သည့် ငမိုးရိပ်တံတား
(ကမာကြည်)ကို နည်းပညာပိုင်းဖြင့် သေချာစွာ စစ်ဆေးသွားမည်ဖြစ်ကြောင်းကို သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့
ဆောက်လုပ်ရေးလုပ်ငန်းမှလက်ထောက် အင်ဂျင်နီယာဖြစ်သူ ဦးရဲညွန့်က ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကို ၂၀၁၂ ခုနှစ် မတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ပြီး ကျောက်စရစ်များတင်
ဆောင်လာသည့် စီဘီတွဲနှစ်တွဲစလုံးမှာ ယင်းနေ့ ညနေ ၄ နာရီခွဲအချိန်တွင် ငမိုးရိပ်ချောင်းအတွင်း မြုပ်သွားခဲ့ကြောင်း
သိရှိရသည်။

ငမိုးရိပ်တံတား(ကမာကြည်) ရေလယ်တိုင်အမှတ် ၆၊၇ ကို ၀င်ရောက်တိုက်မိခဲ့သည့် မြစ်ကျောက်စရစ်တင် စီဘီတွဲ
အမှတ် ၈၁၇၊ ၈၂၃တို့မှာ မတ်လ ၄ ရက်နေ့ ညနေပိုင်းတွင် ဆိပ်ကြီးခနောင်တိုမှ တောင်ဒဂုံမြို့နယ်ရှိ ပုဂ္ဂလိက ကျောက်
စရစ်ဒိုင်တစ်ခုသို့ သွားရောက် ပို့ဆောင်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ထောက်အင်ဂျင်နီယာ ဦးရဲညွန့်က
''ဖြစ်တဲ့နေ့က တံတားရဲ့ ရေလယ်တိုင်အမှတ် ၅၊ ၆၊ ၇ ကိုလှည့်ပတ်ပြီး ကြည့်ရှုစစ်ဆေးတဲ့ အခါမှာတော့ ပျက်စီးမှုတွေ မတွေ့ရပေမယ့် မတ်လ ၇ ရက်နေ့ ရေကျသွားတဲ့အချိန်မှာ စစ်ဆေးကြည့်တော့ တိုင်အမှတ် ၆ နဲ့ ၇ မှာရှိတဲ့ ဘိုးပိုင်ကို သံထည်ပတ်ထားတဲ့ တစ်လုံးစီမှာ တစ်ပေခွဲစီလောက် ပြတ်ထွက်နေတာကို တွေ့ရပါတယ်။ ၀င်တိုက်မိလိုက်တဲ့ စီဘီနှစ်တွဲက ရေအရှိန်ပါတယ်။ ၀ိတ်ပါတယ်။ ဒါကြောင့် တံတားရဲ့ ခံနိုင်ရည်ကို မျက်လုံးနဲ့ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ နည်းပညာနဲ့ တိုင်းတာ ပြီးတော့ စစ်ဆေးသွားပါမယ်''
ဟု ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် စီဘီတွဲမှ တာဝန်ရှိသူအချို့ကို သုဝဏ္ဏရဲစခန်းမှ (ပ) ၉၉/၂၀၁၂၊ ပုဒ်မ ပပက၆(၁) ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ ငမိုးရိပ်ချောင်းအတွင်း နစ်မြုပ်သွားသည့် စီဘီနှစ်တွဲကို မတ်လ ၁၂ ရက်နေ့တွင် အပြီးဆယ်တင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။