သံသယရှိသူများ၏ မော်တော်ယာဉ်များကို GPS စနစ်ဖြင့်
ခြေရာခံခြင်းမပြုရန် FBI တို့အမိန့်ချခံရ
ခြေရာခံခြင်းမပြုရန် FBI တို့အမိန့်ချခံရ
8 Mar, 2012
အမေရိကန် ပြည်ထောင်စုရှိ အစိုးရ ထောက်လှမ်းရေး ဗြူရို FBI မှာ သံသယရှိ သူတို့၏ မော်တော် ယာဉ်များတွင် GPS စနစ်ကို တပ်ဆင်ပြီး အသုံးပြုမှုများ အတွက် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကာ လက်ရှိ အသုံးပြု ထားသည့် GPS စက်ပေါင်း
၃၀၀၀ ခန့်ကိုလည်း ပြန်လည် သိမ်းဆည်း တော့မည် ဖြစ်သည်။
ယခုလို ပိတ်ပင်မှုကို လွန်ခဲ့သည့် ဇန်နဝါရီလက အထက် တရားရုံးတွင် ဖြစ်ပွားသည့် Antoine Jones ၏ အမှုအတွင်း ဆန်းစစ်မှု ပြုရာက တစ်ဆင့် ပြည်သူများ၏ အခွင့်အရေးကို ချိုးဖောက်မှု ဖြစ်စေသည့် အတွက် ယခုလို ကန့်ကွက်မှု ဖြစ်လာရခြင်း ဖြစ်ကာ ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်။
FBI ဥပဒေ အရာရှိချုပ် ဖြစ်သူ Andrew Weissmann မှပြောရာ၌ ထောက်လှမ်းရေး သမားများ အနေဖြင့် သံသယရှိ သူများ၏ မော်တော်ယာဉ် များတွင် တပ်ဆင် ထားသည့် GPS များကို ပိတ်ပစ်ကာ ဥပဒေကို ချိုးဖောက်မှု မရှိစေဘဲ ပြန်လည် ဖြုတ်ပေးရမည် ဖြစ်ပြီး ၎င်းတို့ အနေဖြင့် သံသယရှိ သူများကို ခြေရာခံနိုင် စေရန် အတွက် လမ်းညွန်ချက် နှစ်ခု ဖြစ်သည့် GPS များကို ဥပဒေဘောင် အတွင်းမှ မည်ကဲ့သို့ အသုံးပြု နိုင်မည် ဆိုသည့် အချက်နှင့် နောက်ထပ် ခြေရာခံ နိုင်စေမည့် ပစ္စည်းများကို မည်သို့ အသုံးပြု နိုင်မည် ဆိုသည့် အချက်များကို ရှာဖွေနေ ကြကြောင်း ကိုလည်း ပြောကြား သွားခဲ့သည်။
source : RT
Copy from http://www.mrtv4.net.mm