
ကျပ်တက် ဘတ်ကျ ဒေါ်လာမြတ်
By ဦးအောင်ကျော်ဦး (BBC)
February 6, 2012
ထိုင်းမြန်မာနယ်စပ် ငွေကြေးဈေးကွက်မှာ မြန်မာငွေဈေးတက်သွားရတာက မြန်မာကုန်သည်တွေက ကုန် ပစ္စည်းဝယ်ဘို့်အတွက်နယ်စပ်ကို မြန်မာငွေကို သယ်မလာတော့ပဲ အမေရိကန်ဒေါ်လာကိုသာ ယူဆောင်လာ တာကြောင့် နယ်စပ်မှာ မြန်မာငွေပြတ်ပြီးတော့ ငွေဈေးတက်သွားရတာလို့ မြန်မာကုန်သည်တွေကပြောပါ တယ်။
မြန်မာကုန်သည်တွေဟာ မြန်မာငွေအစား အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘက်ကိုကုန်ဝယ်လာကြရာမှာဘတ်ငွေ ရဘို့ ဒေါ်လာကိုရောင်းတဲ့အတွက် အမြတ်အစွန်းပါရတာကြောင့် ဒေါ်လာတွေနယ်စပ်ကိုသွားတာများလာတဲ့ အကြောင်း ကုန်သည်တယောက်ပြောတာက
ရန်ကုန်မှာက ဒေါ်လာအများကြီးရှိနေတော့ လူတွေဟာ ဒေါ်လာတွေဝယ်ပြီးတက်လာကြတယ် အဲဒီမှာလာ တည်းပြီးတော့ ဘတ်ပြန်ဖေါ်လိုက်တယ်
ကုန်သည်ပြောသွားတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မြန်မာငွေကျပ် ၁၀၀ကို ထိုင်းဘတ် ၃ဘတ်၇၆ပြားနှုံးနဲ့လဲလှယ်နေရာက မနေ့က ၃ဘတ်၈၁ပြားအထိဖြစ်သွားတာကြောင့် မြန်မာငွေဈေးတက်သွားပြီးတော့ ဘတ်ငွေဈေးကျသွားပါတယ်၊ သင်္ကြန်ပွဲတော်အချိန်နီးလာပြီဖြစ်လို့ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တဖွဲဖွဲနဲ့ နေရပ်ကို ပြန်နေတာကြောင့် ဘတ်ငွေဈေးထပ်ကျနိုင်တယ်လို့ ကုန်သည်ကပဲ အခုလိုဆက်ပြောပါတယ်။
ဒီထက်ကျဘို့ရှိတယ် ဘာလို့လဲဆိုတော့ ဒီရက်ကနေစပြီး သင်္ကြန်အထိအောင် အရမ်းပြန်ကြမယ် ပြန်လျင် ဗမာတွေက ရှိသမျှပိုက်ဆံလွှဲပြီ ရန်ကုန်အပြန် ပြန်တဲ့အတွက်ဘတ်ပစ္စည်းထွက်လာတာပေါ့လေ ဘတ်ထွက် လာတော့ ဘတ်ဈေးကျဘို့ရှိတယ်
ကုန်သည်ဖြစ်ပါတယ်။
သင်္ကြန်ပွဲတော်လိုကာလမျိုးမှာ သိန်းနဲ့ချီတဲ့ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ကီလိုမီ တာ ၁၈၀၀ ကျော်ရှည်လျှားတဲ့ နယ်စပ်တလျှောက်က မယ့်ဆိုင် မယ့်ဟုန်ဆောင် မယ့်စလျန်း ထာ့ဆောင် ယန်း မယ့်ဆောက် စံခရပ်ဘူလီ စင်ခေါင် နဲ့ ရနောင်း စတဲ့လမ်းကြောင်းတွေကနေ မြန်မာနိုင်ငံက မွေးရပ်မြေ ကိုပြန်ကြလေ့ရှိပါတယ်၊ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂သန်းကျော်အလုပ်လုပ်ကိုင်နေတယ် လို့ မြန်မာအစိုးရက ထိုင်းအစိုးရကို ပြောခဲ့ကြောင်း မကြာခင်ကပဲ မယ့်ဆောက်ကိုရောက်လာတဲ့ ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးကပြောပါတယ်။

ဘီဘီစီ သတင်းထောက် ဦးအောင်ကျော်ဦး သတင်းပေးပို့ထားချက်