Source Photo from http://www.google.com/images
စနေဂြိုဟ်၏ အရံလ Dione ပတ်ပတ်လည်တွင်
အောက်ဆီဂျင် လေထုအလွှာပါး တွေ့ရှိခဲ့
6 Mar, 2012အောက်ဆီဂျင် လေထုအလွှာပါး တွေ့ရှိခဲ့
စနေဂြိုဟ်ရဲ့ အရံလ တစ်ခုဖြစ်တဲ့ Dione ရဲ့ ပတ်ပတ်လည်မှာ ပါးလွှာတဲ့ အောက်ဆီဂျင် လေထုကို ရှာဖွေ တွေ့ရှိတယ်လို့ သိရပါတယ်။ ကမ္ဘာ မြေမျက်နှာပြင်ရှိ လေထက် ၅ ထရီလီယံ သိပ်သည်းဆ ပိုနည်းတဲ့ အဆိုပါ လေ ထုကို နာဆာရဲ့ Cassini အာကာသ စူးစမ်းရေး ယာဉ်က သတိပြုမိခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ အောက်ဆီဂျင် လေထု အလွှာပါးဟာ ကမ္ဘာမြေပြင် အထက် ၄၈၀ ကီလိုမီတာမှာ ရှိတဲ့ လေထုနဲ့ သိပ်သည်းဆခြင်း ညီမျှပါတယ်။ အရံလ Dione ရှိ လေထုရဲ့ ၁၁ ကုဗ စင်တီမီတာ တိုင်းမှာ အောက်ဆီဂျင် အိုင်ယွန် တစ်ခုစီ ရှိတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဘူမိဗေဒ သုတေသန စာတမ်း တစ်စောင်မှာ ဆိုထားပါတယ်။ ဒါကြောင့် စနေဂြိုဟ်ရဲ့ နောက်ထပ် အရံလ တစ်ခုဖြစ်တဲ့ Rhea အပြင် အရံလ Dione ဟာ အောက်ဆီဂျင် မော်လီကျူးတွေရဲ့ အရင်းအမြစ် ဖြစ်နိုင်ပြီး စနေဂြိုဟ် အဖွဲ့အစည်းမှာ အောက်ဆီဂျင် ရှိတယ်ဆို တာ ဖော်ပြနေတာ ဖြစ်ပါတယ်။

http://en.wikipedia.org
အဆိုပါ အောက်ဆီဂျင် လေထု အပါးလွှာဟာ ဆိုလာဖိုတွန်တွေ ဒါမှမဟုတ် လရဲ့ရေခဲနေတဲ့ မျက်နှာပြင်ကနေ ထွက်ပေါ်လာတဲ့ေ အာက်ဆီဂျင် မော်လီကျူးတွေ ကနေ ရရှိတာ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ Cassini အာကာသယဉ်ကို ၁၉၉၇ ခုနှစ်မှာ စတင် လွှတ်တင်ခဲ့ပြီး ၂၀၁၀ ခုနှစ်ကလည်း စနေဂြိုဟ်ရဲ့ အရံလ Rhea ပတ်လည်မှာ အခုလို လေထု အလွှာပါး တစ်ခု တွေ့ခဲ့ဖူးတယ်လို့ သိရပါတယ်။
Copy from http://www.mrtv4.net.mm