
ပျော်စရာကြီးပါလားဟေ့
(ညိုမြ)
ကုန်ချောမလုပ်တတ်လို့ ကုန်ကြမ်းလေးတွေကို ပေါင်းစားပြီး ရောင်းစားနေရပါတယ်ဆိုနေမှ အခုတော့ ကုန်ပါပြီဗျာ..ကုန်ပါပြီ.
လောင်လိုက်တဲ့မီး
ဖြစ်လိုက်ကြတဲ့ရန်
ခိုးလိုက်ကြတဲ့ မဲ
ကျလိုက်ကြတဲ့ အောက်တန်း
ထိုးလိုက်ကြတဲ့ ခြေ
ချလိုက်ကြတဲ့ အပုတ်
ပြလိုက်ကြတဲ့ အာဏာ
စားလိုက်ကြတဲ့ နိုင်ငံတော် ပိုင်ဆိုင်မှု
ဖြစ်လိုက်ကြတဲ့ရန်
ခိုးလိုက်ကြတဲ့ မဲ
ကျလိုက်ကြတဲ့ အောက်တန်း
ထိုးလိုက်ကြတဲ့ ခြေ
ချလိုက်ကြတဲ့ အပုတ်
ပြလိုက်ကြတဲ့ အာဏာ
စားလိုက်ကြတဲ့ နိုင်ငံတော် ပိုင်ဆိုင်မှု
ဟေး ဟေး
ပျော်ဖို့တောင် ကောင်းသလိုဘဲ..
#1 ညိုမြ 2012-03-26 22:45
ပျော်ဖို့တောင် ကောင်းသလိုဘဲ..
#1 ညိုမြ 2012-03-26 22:45






သီလ၀ါဆိပ်ကမ်းရှိ သစ်လုံးများထားရှိသောနေရာ၌
မီးလောင်မှုဖြစ်ပွား
မီးလောင်မှုဖြစ်ပွား
Monday, 26 March 2012
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ သီလ၀ါဆိပ်ကမ်း သစ်လုံးများထားရှိသောနေရာမှ မတ်လ
၂၆ ရက်နေ့ မွန်းလွဲ ၂နာရီ ၁၅ မိနစ်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုစတင်ဖြစ်ပွားသောနေရာမှာ သီလ၀ါဆိပ်ကမ်းရှိ CIFG သစ်ဝိုင်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး သစ်လုံးများမှတဆင့် အနီးရှိကိုင်းတောများကိုပါ မီးကူးဆက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ထို့နောက် ထူးသစ်ဝိုင်းရှိ သစ်လုံးများကိုပါ ဆက်လက်လောင်ကျွမ်းခဲ့ပြီး ည ၉နာရီခွဲအချိန်အထိ မီးလောင်
ကျွမ်းမှု ဖြစ်ပွားဆဲဖြစ်ကြောင်း သိရှိရသည်။
မီးလောင်ရာသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်ဌာနများမှ မီးသတ်ယာဉ်များ လာရောက်ငြိမ်း
သတ်ခဲ့ကြပြီး လေတိုက်ခတ်မှုအရှိန်ကြောင့် မီးကူးဆက်လောင်ကျွမ်းမှုကို ထိထိရောက်ရောက် မထိန်း
သိမ်းနိုင်ခဲ့သဖြင့် ယခုကဲ့သို့ အချိန်ကြာမြင့်စွာ မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
မီးလောင်ကျွမ်းမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ချို့ မီးခိုးငွေ့များကြောင့် မူးလဲမှုများဖြစ်ပေါ်ခဲ့ပြီး အခြားထိခိုက်
ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများမရှိကြောင်း သိရှိရသည်။




