The official state news agency reported that dry weather or a leak in the line was the source of one of the explosions. (File photo)Source Image from http://www.alarabiya.net
ဆီးရီးယားနိုင်ငံအရှေ့ပိုင်းတွင် ဓါတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံရ
Monday 26th March 2012
ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Deir al-zour ပြည်နယ်ရှိ ဓါတ်ငွေ့ပိုက်လိုင်း တစ်လိုင်းကို ပြီးခဲ့တဲ့ စနေနေ့က လက်နက်
ကိုင် အကြမ်းဖက်သမား အုပ်စုတစ်စုကဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်းဟာ Deir al-zour နဲ့ Homs ပြည်နယ် အလယ်ပိုင်းကို ဖြတ်ကျော် သွယ်တန်း ဖောက်လုပ်
ထားတဲ့ ပိုက်လိုင်း တစ်လိုင်းဖြစ်ပြီး ဟွန်းမ်စ်မြို့ရှိ လျှပ်စစ်ဓါတ်အားပေး စက်ရုံတစ်ရုံကို စွမ်းအင် ထောက်ပံ့ပေးနေ
တာ ဖြစ်ပါတယ်။
ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် ဓါတ်ငွေ့ ကုဗမီတာ ခုနှစ်သိန်းခန့် ယိုစိမ့်ခဲ့တဲ့အတွက် ဓါတ်ငွေ့ထုတ်ယူမှုကို
ချက်ချင်း ရပ်ဆိုင်းခဲ့ရပါတယ်။
အခုအခါ အဆိုပါ ပိုက်လိုင်း များကို ၇၂နာရီအတွင်း ဓါတ်ငွေ့ပြန်လည် ထုတ်ယူနိုင်ဖို့အတွက် သက်ဆိုင်ရာအာဏာ
ပိုင်တွေက ချက်ချင်း ပြန်လည် ပြုပြင်လျက်ရှိတယ်လို့ သိရပါတယ်။
ရီးယား နိုင်ငံအ တွင်း ပြီးခဲ့တဲ့နှစ် မတ်လက စတင်ခဲ့တဲ့ မငြိမ်မသက်မှုတွေရဲ့ နောက်ပိုင်းမှာ ဓါတ်ငွေ့ ပိုက်လိုင်း
၉လိုင်းထက်မနည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပါတယ်။
အခုလို နိုင်ငံရဲ့ ရေနံနဲ့ ဓါတ်ငွေ့ ပိုက်လိုင်းများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဥရောပသမဂ္ဂရဲ့ ဆီးရီးယား
နိုင်ငံမှ ရေနံတင်ပို့မှုအပေါ် ပိတ်ဆို့မှုတွေကြောင့် ဆီးရီး ယားနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍကို အကြီးအကျယ် ထိခိုက်စေပြီး အမေရိကန်ဒေါ်လာ ၂ဘီလီယံ အရှုံးပေါ်ခဲ့ရတယ်လို့ ဆီးရီးယား ရေနံဝန်ကြီး Sufian Allow က ပြောကြား ခဲ့တယ်
လို့ သိရပါတယ်။
Reference : Xinhua.com
Copy from http://www.mrtv4.net.mm




