• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, March 26, 2012

ကျေးဇူး

ကျေးဇူး

(မင်းစိုးစံ)

March 26, 2012 Monday evening

ကျေးဇူးဆိုတာကျုပ်သိတာကတော့ အကြွေးပါ၊ အကြွေးဆိုတာက လူတဦးဦးတယောက်ယောက်စီကနေ ကိုယ် သိနေသူဖြစ်စေ ကိုယ်မသိသူဖြစ်စေ ကိုယ့်ဘ၀တလျှောက်လုံးအတွက်ဖြစ်ဖြစ် တဒင်္ဂတခဏအတွက်ပဲဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ကာယကံ(ကိုယ်ထိလက်ရောက်) ၀စီကံ(အပြောအဆို) မနောကံ(စိတ်
ဖြင့်) တစုံတခုကို တချိန်ချိန်တနေရာရာမှာ ရလိုမှုမရှိတဲ့(ဘာမျှော်လင့်ချက်မျှမထားတဲ့) ဆန္ဒနဲ့ကူညီဆောင်
ကျဉ်းပေးမှုကို ရယူပိုင်ဆိုင်ခဲ့ရဘူးတယ်ဆိုလျင် အဲဒါ ကိုယ့်အတွက်အဲဒီလူဟာအကြွေးရှင်ပါ။

တကယ်လို့များ စာဖတ်နေသူဟာ လူတယောက်ယောက်ကို နောက်နောင်သူလည်း ငါ့ကိုကူညီမှာပါ၊ ငါအကူအ ညီတောင်းလျင်ပေးမှာပါ ဆိုတဲ့မျှော်လင့်ချက်နဲ့ ကူညီမယ်ဆိုလျင် မိတ်ဆွေဟာ လုံးဝကိုကျေးဇူးအတင်ခံထိုက် သူမဟုတ်တဲ့အတွက် ကျေးဇူးတင်ပြောစကားဆိုလှာသူကို အကြောက်အကန်ငြင်းဘို့အထူးလိုအပ်ပါတယ်။

ဆိုလိုချင်တာကတော့ အကျိုးလိုလို့ ညောင် ရေလောင်း တာမျိုး မဟုတ်တဲ့အကူအညီမျိုးဆိုလျင် မိတ်ဆွေအနေ
နဲ့ စိတ်ချလက်ချ ကျေးဇူးအတင်ခံထိုက်တယ်ဆိုတာကိုပါ၊ အဲဒီလိုကူညီတဲ့ လူမျိုးကိုလည်း အကြွေးရှင်အဖြစ်
သတ်မှတ်ဘို့ ၀န်မလေးပါနဲ့၊ ကျေးဇူးတင်စကား ချက်ခြင်းပြောလိုက်ပါ။

ကျုပ် ကရင်ဒုက္ခသည်စခန်းကနေ ဘန်ကောက်ကိုရောက်လာတော့ အလုပ်မရှိအကိုင်မရှိဖြစ်နေတဲ့အချိန်မှာ
KNU အဖွဲ့ဝင်ဟောင်းတဦးက နေစရာအခန်း(ရေချိုးခန်း၊ အိမ်သာ၊ အိပ်ယာ၊ တယ်လီဖုံး) စားစရာ၊ တကိုယ်
ရည် သန့်ရှင်းရေး စတာတွေအတွက်ကူညီပါတယ်။ အဲဒီတော့ ကျုပ်က ပဒိုကို ကျုပ် ကျေးဇူးတင်လိုက်တာဗျာ လို့ ဆိုလိုက်တော့ မင်းငါ့ကို ကျေးဇူးတင်စရာမလိုဘူး မင်းကို အလကားကျွေးမွေးစောင့်ရှောက်ထားတာမဟုတ်ဘူး အခုကုန်ကျစားရိတ် အားလုံးအတွက် မင်းငါ့ကို အလုပ်လုပ်ပေးရမှာဖြစ်လို့ပဲ ဆိုပြီးကျေးဇူးအတင်မခံပါဘူး။

ဘယ်သူလဲ နံမည်ဘယ်လိုခေါ်လဲ မသိချင်ပါနဲ့၊ သူဟာ အင်မတန်စည်းကမ်းကြီးတဲ့ ဆရာဝန်တယောက်ဖြစ်ပါ
တယ်၊ သူ့ကြောင့်လို့ ပြောနိုင်တဲ့ ပိုးကရင်ဘာသာနဲ့ Dictionary စာအုပ်၂အုပ် ပိုးကရင်တွေအတွက်(စာပေမှတ်
တိုင်တခုလို့ ဆိုစမှတ်ပြုလောက်အောင်) ပထမဆုံး Drum Publication ကနေ ရိုက်ထုတ်နိုင်ခဲ့ပါတယ်။

အဲဒီစာအုပ်ကို ထုတ်သင့်တယ်လို့ ပြောတဲ့သူက အဲဒီအချိန်ကာလမှာ အင်မတန်နည်းခဲ့ပါတယ်၊ ဘာကြောင့်လဲ
ဆိုတာကိုတော့ ကျုပ်လည်းမခန့်မှန်းတတ်ပါဘူး၊ ကျုပ်မှတ်မိသလောက်ဆိုလျင် နိုင်ငံသစ်စာစောင်မှာ မြစ်ဆုံ အ ရေးအခင်းကို ရေးတော့ မရေးသင့်ဘူး၊ ရေးသင့်တယ် ဆိုတဲ့ ဝေဘန်သံတွေထွက်သလို ဒီ ပိုးကရင် မြန်မာ
English အဘိဓာန်စာအုပ်ကို ကန့်ကွက်ကြတာများလား မသိပါဘူး။

ပြည့်စုံလုံလောက်တဲ့ စာအုပ်မဖြစ်ဘူးဆိုလျင်တောင် လက်ရှိအခြေအနေမှာတော့ ပိုးကရင်စာပေ လေ့လာလို
သူတွေအတွက် ပိုးကရင်စာပေကို ရေးသားလိုသူတွေအတွက် အကျိုးကျေးဇူးရှိနေတာမငြင်းနိုင်ပါဘူး။ Picture Dictionary ကြောင့်လည်း ဒီကနေ့ ဘာသာပြန်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းနေသူများအတွက် တစုံတခု အထောက်အကူပေးနေပါတယ်ဆိုတာလည်း သိရပြန်ပါတယ်။

လူတွေဆိုတာက အတ္တသမားတွေလေ၊ ကိုယ့်အတွက်ကိုယ်ကြည့်ကြတာချည်းပါ၊ ထမင်းစားဘို့ အသက်ရှင်နေ
တဲ့လူပဲဖြစ်ဖြစ် အသက်ရှင်ဘို့ ထမင်းစားနေသူပဲဖြစ်ဖြစ် ကိုယ့်ယုံကြည်ချက်ကို ဘယ်သူတဦးတယောက်ကမျှ
အပွန်းအပဲ့ ခံကြမှာမဟုတ်ပါဘူး။ (ကျုပ်အပါအ၀င် အားမတန်လို့ မာန်လျှော့နေရသူတွေက လွဲလျင်)

ကျုပ်ဘတ်ခဲ့ဘူးတဲ့ စာတကြောင်းရေးချပြချင်ပါတယ်၊ အိမ်တွင်းပန်းခြံတခုမှာ အပင်တွေမလန်းမဆန်းဖြစ်နေတဲ့
အတွက် ဘယ်လိုလုပ်ရပါ့မလဲလို့ ကြံရာမရဖြစ်နေတဲ့လူတယောက်ကို စိတ်ပညာရှင်ဆရာဝန်တယောက်က မနက်
ခင်းအိပ်ယာ ထထခြင်း ပန်းခြံထဲကိုသွားပြီး အပင်တွေကို စိတ်ထဲကနေ အားပေးစကားပြောဘို့ နှုတ်ဆက် စကား
ဆိုဘို့ လုပ်ခိုင်းတယ်ဆိုပဲ မကြာမတင်လေးမှာပဲအပင်တွေအားလုံးလိုလိုဟာ တဖြည်းဖြည်းချင်း လန်းလန်းဆန်းဆန်း
ဖြစ်ကုန်တယ်လို့ဆိုပါတယ်။

ဆိုလိုချင်တာက လူတယောက်ရဲ့ တိုးတက်မြင့်မားမှုကို တကယ်ဖြစ်စေချင်တယ်ဆိုလျင် စိတ်ထဲကနေအစဉ်အ မြဲပြောပေးနေလိုက်ပါ အဲဒီပုဂ္ဂိုလ်ဟာ သိသိသာသာကို အခြေအနေတိုးတက်မြင့်မားလာပါလိမ့်မယ်၊ မယုံလျင် စမ်းသပ်ကြည့်ပါ။ စောစောက ပြောခဲ့တဲ့ အကျိုးလိုလို့ ညောင် ရေလောင်း စိတ်ထားမျိုး သန့်ရှင်းကင်းစင်နေဘို့ အလွန်အရေးကြီးပါတယ်။

နောက်တခုက ကိုယ့်ကိုအကူအညီလာတောင်းတဲ့လူတဦးတယောက်ဟာ တချိန်တုန်းက ကိုယ့်ကိုကူညီခဲ့လို့ပါ
ဆိုတဲ့ လူ့လောက၀တ္တရားအရ ပြန်ကူညီတယ်လို့ သဘောမထားမိပါစေနဲ့၊ အဲဒါ မိတ်ဆွေအတွက်အင်မတန်
လေးပင်တဲ့ ၀န်ထုပ်ဝန်ပိုးတခုကို ထမ်းထားရသလို အလွန်ပင်ပမ်းသွားပါလိမ့်မယ်။

ကိုယ့်ကိုအကူအညီလာတောင်းတဲ့လူကို ကူညီတဲ့အခါ စိတ်ထားတတ်ဘို့လိုပါတယ်၊ ကျုပ်နားလည်ခံစားရသလို ရေးသားတင်ပြပါရစေ၊ ရေတခွက်လောက် သောက်ပါရစေဗျာဆိုရင်းလေးလံတဲ့
အထုပ်ထမ်းပြီးနေပူထဲကလာတဲ့ လူတယောက်က ရေတောင်းသောက်တာနဲ့၊ နေပူထဲမှာ ပြေးဆော့ကစားရင်း အမောတကောလေးနဲ့ ပြေးလာတဲ့ သုံးနှစ်သားအရွယ် မပီကလာပီကလာ စကားလေးနဲ့ ရေတောင်းသောက်တဲ့ ကလေးငယ်ကို ရေခပ်ပေးတာချင်း တူပေမယ့် အဲဒီပုဂ္ဂိုလ်နှစ်ဦးအပေါ် ထားတဲ့စေတနာကတော့ ကွာလိမ့်မယ်
လို့ထင်ပါတယ်။

အဖြစ်သင့်ဆုံးကတော့ စကားမပီကလာပီကလာ ပြောရင်းရေတောင်းသောက်တဲ့ကလေး ငယ်လေးအပေါ်ထား တဲ့စေတနာမျိုးနဲ့ အကူအညီပေးနိုင်ဘို့ပဲဖြစ်ပါတယ်။
ဒါကတော့ လူတယောက်နဲ့တယောက် ကူညီကြရာမှာ ရှိနေကျဖြစ်နေကျ ပြောနေကျ သမားရိုးကျ ကျေးဇူး ဆို တာနဲ့ပတ်သက်လို့ ကျုပ်မြင်တာလေးရေးပြတာပါ၊

လက်ဝှေ့ယှဉ်ပြိုင်ထိုးသတ်ကြတဲ့သူအချင်းချင်း ကျတော့ ပြိုင်ပွဲမှာ နိုင်တဲ့လူကပဲဖြစ်ဖြစ် ရှုံးတဲ့လူကပဲဖြစ်ဖြစ် မိမိရဲ့ပြိုင်ဘက်ကို အခုလို ကျုပ်ကို ထိုးသတ်အနိုင်ယူသွားတဲ့ ခင်ဗျားကိုကျေးဇူးတင်ပါတယ် လို့ရှုံးတဲ့လူက
ဘယ်သောအခါမျှ မပြောသလို နိုင်တဲ့လူကလည်း ခင်ဗျားကို အနိုင်ရလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ဘယ်တော့မျှ ပြောလေ့ပြောထရှိမှာမဟုတ်ပါဘူး။

နောက်တခုက ကျေးဇူတရားကို ဘယ်လိုနားလည်ပါသလဲ၊ အပြုအမူနဲ့ လုပ်ရပ်တွေကို မြင်နိုင်အောင်ရေးပြချင် ပါသေးတယ်၊ မျောက်သတ္တ၀ါနဲ့ အသက်မွေးတဲ့သူနဲ့ နွားနဲ့အသက်မွေးတဲ့သူဆိုပါစို့ အဲဒီသတ္တ၀ါတွေဟာ လူတွေ ရဲ့စားဝတ်နေရေးကို သူတို့တတ်နိုင်တဲ့နေရာက ကိုယ်စီကိုယ်ငှ စွမ်းဆောင်ဖြည့်ဆည်းပေးခဲ့ကြပြီး အရွယ်ကျ
လာတဲ့အခါ သူတို့ပိုင်ရှင်တွေက ဘာလုပ်ပစ်မယ်ထင်သလဲ။
အဲဒါဟာ ကျေးဇူးတရားကိုနားလည်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ ပဒိုမန်းငြိမ်းမောင်ကို ဗမာစစ်အုပ်စုက KNUကိုပြန်ပေးတဲ့ ကိစ္စကိုကြည့်ကြစို့။ ဗမာစစ်အုပ်စုဆိုတာ ကျုပ်တို့ရဲ့ ကျေးဇူးရှင်တယောက်လိုနေရာမျိုးမဆိုထားနဲ့ မိတ်ဆွေအဆင့်တောင်မထားအပ်တဲ့ အဖွဲ့ပါ။ သူတို့
စနက်ကြောင့် ကျုပ်တို့ကရင်လူမျိုးနဲ့တကွ တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်းရင်းသား (ဗမာအပါအ၀င်)အားလုံး ဆင်းရဲဒုက္ခရောက်ကြရ၊ ဘ၀ပျက်ကြရ၊ အိမ်နီးချင်းနိုင်ငံတွေမှာ သိက္ခာကျကြ၊ စော်ကားမော်ကားလုပ်တာ
ခံကြ ရ၊ အကြောင်းမဲ့ ထိတ်လန့်ညှိုးငယ်နေကြရတဲ့အထိ အနိုင်ကျင့်နှိပ်စက်ခဲ့တဲ့ အဖွဲ့ပါ။

အဲဒီတော့ ဒီစစ်အုပ်စုဟာ ကျုပ်တို့တတွေရဲ့ ရန်သူလား ပြိုင်ဘက်လား၊ ဆရာမန်းကိုကို ကတော့ အဲဒီစစ်အုပ်စု
ကို အခုလိုသုံးသပ်ထားပါတယ်။

လက်ရှိနအဖဟာ ပြိုင်ဖက်လို့ သတ်မှတ်ရမှာ အတော်ခက်နေတယ်။
ရန်သူလို့ ပြောဖို့ကတော့ တချို့နေရာတွေ မှာတော့ လုံလောက်ပေမယ့် ၁၀၀% လည်း
မဟုတ်ပြန်ဘူး။

ပြိုင်ပွဲတစ်ခုမှာ ကျင်းပသူ၊ ဒိုင်၊ ပရိသတ်နဲ့ဝင်ပြိုင်သူ နေရာတွေအားလုံးကို ယူထားတဲ့ လမ်းထဲက ကလေးဗိုလ်
တွေနဲ့များ ပိုနီးစပ်တယ်လို့သာ ယာယီခေါ်လိုက်ချင်ပါတယ်။

ကဲ အဲဒီလို မအူမလည်နဲ့ အူကြောင်ကြောင်နိုင်တဲ့အဖွဲ့က ကျုပ်တို့ရဲ့ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို ဓါးစားခံ လုပ်ပြန်ပေးဆွဲပြီး ကျုပ်တို့ ကရင်ပြည်ထဲက သူတို့စစ်စခန်းတွေကို ရိက္ခာပို့တယ် သူတို့ကိစ္စတွေပြီးပြတ်ကုန်မှ ကျုပ်တို့လက်ထဲပြန်ပေးတာလေဗျာ။

ဗမာစစ်အုပ်စုကိုကျေးဇူးတင်နေတဲ့
KNU အထွေထွေအတွင်းရေးမှူးချုပ် Naw Zipporah Sein

အဲဒီလို အဖွဲ့အစည်းမျိုးကို ကျုပ်တို့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်လုပ်နေတဲ့ Naw Zipporah Sein ကကျေး ဇူး
တင်တယ်လို့ အားရှိပါးရှိပြောနေတော့ ကျွတ်.... ကျွတ်..... ကျွတ် .......ခင်ဗျားတို့တော့ မသိဘူး
ကျုပ်ဖြင့်လေ မျက်နှာဘယ်နေရာ သွားထားရမှန်းမသိတော့တာ အမှန်ပဲ။
နှစ်ကိုယ်ကြားဆို တော်သေး အခုဟာက တကမ္ဘာလုံးကြားအောင် ပြောရက်လိုက်တာ။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

မှတ်ချက်

အနီရောင်စာလုံးများသည် ဆရာမန်းကိုကိုမှ Saturday, July 25, 2009 နေ့ မှတ်ချက်ရေးသားထားခြင်းဖြစ်
ပြီး ပြိုင်ဘက်နဲ့ ရန်သူ ဟု အမည်ပါရှိသည့် http://klosayhtoo.blogspot.com တွင် ကူးယူထားခြင်းဖြစ်ပါ
သည်။