မြစ်ကျိုးအင်း
Sunday, 04 March 2012
ငသိုင်းချောင်းမြို့အနီးရှိ င၀န်မြစ်ထိန်းဗောဓိတာသည် မိုးတွင်းကာလ လွန်မြောက်ချိန်မှစတင်၍ ဆိုးရွားစွာ တာကမ်းပါးပြို ကျပျက်စီးမှုများ ရှိနေသဖြင့် ၎င်းတာကျိုးသည့်နေရာတွင် ပမ်းတာတစ်ခုဆောက်ခြင်းနှင့် မြစ်ကြောင်းဖြောင့်ခြင်း လုပ်ငန်း များအား သက်ဆိုင်ရာ ရေလမ်းထိန်းသိမ်းရေးဌာန၊ ဆည်မြောင်းဌာနနှင့် ကုမ္ပဏီများပူးပေါင်း၍ အချိန်မီပြီးစီးနိုင်ရေးအ
တွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''တာဆိုးဆိုးဝါးဝါး ပြိုကျတဲ့နေရာကတော့ ငသိုင်းချောင်းမြို့နဲ့ ကပ်လျက်မှာပါပဲ။
တာက ဟင်္သာတကနေ သာပေါင်းမြို့နယ်အထိ ၇၄ မိုင် ရှည်ပါတယ်။
အခု ဆိုးဆိုးဝါးဝါး ပြိုကျနေတဲ့တာက မိုင်တိုင် ၄၄ နဲ့ ၄၆ ကြား နေရာတွေမှာပါ။ တောင် မရှိတော့ဘူး။ ပြိုကျတဲ့နေရာတွေကလည်း အရှည်ပေ ၂၀၀ ၀န်းကျင်လောက်စီ ရှိတယ်။
မနှစ်တုန်းကတည်းက အရေးပေါ်ပမ်းတာတစ်ခု သက်ဆိုင်ရာက ဆောင်ရွက်ခဲ့တာပါ။
ဒါပေမယ့်ပမ်းတာကမြေသားအသစ် ဆိုတော့ရေဖိအားနဲ့ တွန်းအားဒဏ်ကို မခံနိုင်လောက်ဘူး''
ဟု ငသိုင်းချောင်း မြို့မှဒေသခံတစ်ဦးကပြောကြားသည်။
ယခုကဲ့သို့ ရေထိန်းတာများ ပြိုကျရခြင်း၏ အဓိကအကြောင်းအရင်းသည် မြစ်အလယ်တွင်ရှိသည့် သောင်ခုံများ ကျယ်ပြန့်
မြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
''ကျွန်တော်တို့အခုပေါက်နေတဲ့နေရာကတော့ သောင်ကြီးကျေး ရွာအုပ်စု အထက်စုကျေးရွာကနေ ဒေါင့်ကြီးကျေးရွာ
အုပ်စု သောင်ဖျားကျေးရွာ အထိပါ။
မြစ်ကြောင်းက ဂငယ်ကွေ့ဖြစ်နေတော့ မြစ်ကြောင်းမြို့ရဲ့ တိုင်းတာတွက်ချက်မှုနဲ့ နဂိုမြစ်ကြောင်း ဟောင်းကို အတည့်အ
တိုင်းဖြစ်အောင် ဖောက်လုပ်သွားမှာပါ။
ပေအရှည်ကတော့ ၇၃၈၀ ရှိပါမယ်။ ထိပ်ဝအကျယ်က ပေ ၁၆၀၊ အနက်ကတော့ ၄၂ ပေရှိမှာပါ။
တဖြည်းဖြည်း ဒီဘက်ကို မြစ်ကြောင်းပြောင်းသွားရင် တာဘက်ခြမ်းကတော့ မြစ်ကျိုးအင်း ဖြစ်သွားမှာပါ''
ဟု ဆည်မြောင်း ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသိန်းဝင်းထွန်းက ပြောပြသည်။
ယခင် မြစ်ကြောင်းတူးဖော်ရာတွင် မြေကျင်းပေါင်း ၃၂၉၆၀၀ ကျော်အား တူးဖော်သွားမည်ဖြစ်ပြီး ဆည်မြောင်းဦးစီးဌာနနှင့်
အတူ မြန်မာ့အလှကုမ္ပဏီနှင့် MMIC မြန်မာ့စွမ်းပကားကုမ္ပဏီတို့မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစတင်၍ ဧပြီလလယ်ခန့်
အ ထိဖောက်လုပ်သွားမည်ဟု သိရသည်။
ယခုဖောက်လုပ်နေသော အနက်သည် လက်ရှိမြစ်ကြမ်းပြင်အနက်နှင့် တစ်ညီတည်းရှိနေခြင်းကြောင့် ဖောက်လုပ်ပြီးစီး
ပါက မြစ်ကြောင်းသွား ယာဉ်များအတွက် စိုးရိမ်ရဖွယ် အနေအထားများမရှိဟု သိရသည်။
မြစ်ကြောင်းဖောက်လုပ်ရာတွင် မြစ်ကြောင်းနှင့်မလွတ်သည့် အိမ်ခြေ ၅၁ လုံးအားဖယ်ရှား၍ ရွာ၏ နောက်ဘက်တစ်မိုင် ခန့်အကွာ ပ,လပ်အိမ်ရာကွက်များ သတ်မှတ်၍ ပြန်လည်နေရာချထားပေးကြောင်း သိရသည်။