• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, March 3, 2012

ကြာအင်းရွာမှာ ကြာတွေနဲ့ ပြည့်နေတဲ့အင်း ရှိခဲ့တယ်

ကြာအင်းရွာမှာ ကြာတွေနဲ့ ပြည့်နေတဲ့အင်း ရှိခဲ့တယ်

(မင်းစိုးစံ)

March 4, 2012

ကြာအင်းဆိုကတည်းက ကြာတွေပေါက်နေတဲ့အင်းကိုခေါ်ကြတယ်ဆိုတာ လူတိုင်းသိမှာပါ၊ ကရင်ပြည်နယ်မှာ ကြာအင်း ဆိပ်ကြီးမြို့နယ်ဆိုတာရှိသလို တောင်ပိုင်းနဲ့မြောက်ပိုင်းခွဲထားရတဲ့အထိရှည်လျားပါတယ်၊ ဘယ်လောက်ကျယ်ပြီး ဘယ်
လောက်ရှည်တယ်ဆိုတဲ့အတိုင်းအတာကိုတော့ စာဖတ်အားနည်းတဲ့ကျုပ် မသိရိုးအ မှန်ပါ။

စာရေးဆရာမန်းသင့်နောင်(ကော့ကရိတ်) ရေးသားပြုစုတဲ့ ကရင်ပြည်နယ် အလှ ဆိုတဲ့စာအုပ်ထဲမှာတော့ရှိ လိမ့်မယ်
လို့ ထင်တာပါပဲ၊ မှတ်တမ်းတိတိကျကျရှိသလား မရှိဘူးလားဆိုတာတော့ ကျုပ်မသိပါဘူး၊ ရှမ်းပြည်နယ်ဘက်က အင်း
လေးကန်အကြောင်းကိုတော့ Website တခုမှာရေးထားတာကတော့ အောက်ကအတိုင်းပဲဖြစ်ပါတယ်။

အင်းလေးကန်သည် ၁၉၃၄ခုနှစ် မြေတိုင်းမြေပုံများအရ ကန်အကျယ်အ၀န်းမှာ ၁၀၄စတုရန်းမိုင်၊၂၀၀၅ခုနှစ် တွင် ၈၇
ဒသမ ၅၄ စတုရန်းမိုင်၊၂၀၀၇ ခုနှစ်တွင် ၆၃ စတုရန်းမိုင်သာရှိတော့ကြောင်း ရှမ်း ပြည်နယ်မြေစာရင်း ဦးစီးဌာနမှရရှိ
သောသတင်းများအရ သိရှိရသည်။

အင်းလေးကန်အတွင်း ရေ၀င်ချောင်းစုစုပေါင်း ၂၉ ချောင်းရှိကာ အဓိကစီးဝင်သည့်ချောင်းများမှာ နမ့်လတ်ချောင်း၊ နယ်ခြားချောင်း၊ ကလောချောင်းနှင့် ဘီလူးချောင်းတို့ဖြစ်ကာ ရေဆင်းဧရိယာ စုစုပေါင်း ၁၄၂၂ စတုရန်းမိုင်ရှိကြောင်း
လည်း သိရှိရသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်းတွင်းရေချိုအိုင်ကြီးဖြစ်ကြောင်းလည်း သိရှိရသည်။

ကျုပ်တို့ကရင်ပြည်နယ်မှာ ကြာအင်းဆိုတဲ့ နာမည်နဲ့ အင်းတွေဘယ်လောက်ရှိသလဲဆိုတာ မသိရပေမယ့် ကျုံပိုင်းဆိုတဲ့
ကျေးနယ်ထဲမှာ ကြာအင်းရွာဆိုတာရှိပါတယ်၊ ကရင်လိုကတော့ ဏံင်းတ်ုက၀် လို့ခေါ်ပါတယ်၊ လွန်ခဲ့တဲ့ အတိတ်ကာလ တုန်းက ကြာတွေ၊ ဗေဒါတွေနဲ့အင်မတန်သာယာလှပတဲ့ အင်းတအင်းပေါ့ဗျာ၊ အဲဒီ အင်းဘေးမှာရှိတဲ့ရွာကို ကရင်တွေက ဏံင်းတ်ုက၀် လို့ခေါ်ခဲ့ကြတာပါ၊ ရေက လက်ခုပ်တဖေါင်စာရှိတယ်။

သာယာလှပတဲ့ကြာအင်းရွာရှိသလို ညောင်ကုန်းဆိုတဲ့ရွာမှာလည်း ညောင်ပင်တွေနဲ့ပြည့်နေတဲ့တောလေးတစ်တောဆို
တာ အခုတော့ပုံပြင်လိုလို ဘာလိုလိုဖြစ်နေလောက်ပြီထင်ပါရဲ့၊ ဒါပေမယ့် နှစ်ချို့ညောင်ပင်ကြီးတွေကတော့ညောင်ကုန်း
ရွာမှာရှိနေပါသေးတယ်၊ ကရင်လိုကတော့ ကေါဝ်ခႜုင်း လို့ခေါ်ပါတယ်။

အဲဒီလိုပဲ ကနစိုးတောရှိတဲ့နေရာမှာ ရွာတည်တဲ့အတွက် ကရင်လို ကေါဝ်သာဆူၟ ဗမာလိုကျတော့ ကေါ့သာ ဆူးလို့ခေါ်ပါ တယ် ကရင်ဝေါဟာရကို ဗမာမှုပြုလိုက်တာပါ၊ တတောလုံး အနန်းပန်းတွေဝေေ၀ဆာဆာရှိတဲ့ တောင်ကုန်းပေါ်မှာ တည်
ထားတဲ့ရွာကို ကရင်လို ဏါင်ၟခေါဟ်လံင် လို့ခေါ်ပါတယ်၊ အဲဒါကိုဗမာတွေက နိုင်းခလောင် ဆိုပြီးဗမာမှုပြုပါတယ်။

မျှော့တွေပေါတဲ့ အင်းနားမှာတည်ထားတဲ့ရွာကို ဗမာတွေကနောင်လီလို့ခေါ်သလို ၀ါးပိုးတောရှိတဲ့ရွာကိုကျတော့ကော့
ဝါးကလူးလို့ခေါ်ပါတယ်၊ မျှော့ပေါတဲ့အင်းနားကရွာကိုကရင်တွေက ဏံင်းလီ လို့ခေါ်ပြီး၊ ၀ါးပိုးတော မှာတည်ထားတဲ့ရွာ
ကိုတော့ ကရင်လို ကေါဝ်၀းကႜူး လို့ခေါ်ပါတယ်။

ကရင်တွေက ရွာနာမည်ကိုမှည့်ခေါ်တဲ့အ ခါ အများအားဖြင့် သစ်ပင် ပန်းပင် အကောင်တွေအပေါ် ဒေသန္တာရအပေါ် အ
ခြေခံပြီးခေါ်ဝေါ်သတ်မှတ်တတ် ကြတာမို့ ကုန်းမြင့်နဲ့မြေပြန့်ကြားမှာ ဆက်စပ်ပေါက်ရောက်နေတဲ့ တောမျိုးကိုကျပြန်
တော့ ကေါဝ်ဍိင်ဆိင် လို့ခေါ်တဲ့အတွက် ကျုံပိုင်းမှာ ကေါဝ်ဍိင်ဆိင် ဆိုတဲ့အမည်နဲ့ရွာကို ဗမာတွေက ကေါ့ဒေဆိုင် လို့ ဗမာ
မှုပြုကြပြန်ပါ တယ်။

အဲဒီလို သဘာဝသစ်တောတွေပေါက်ရောက်နေလို့ အင်မတန်သာယာနေတဲ့ ကရင်ရွာလေးဟာ ဧချမ်းသာယာခြင်းနဲ့ ကင်းကွာနေခဲ့တာဟာ ဒီကနေ့အထိပါပဲ၊ ဖဆပလ ခေတ်တုန်းကဆိုလျင် ဗမာပြည်ကာကွယ်ရေးတပ်ဆိုတာကို ကျုံပိုင်း မှာဖွဲ့စည်းထားပေးတယ်ဗျ၊ ခုခေတ်အခေါ်အဝေါ်နဲ့ဆိုလျင် ပြည်သူ့စစ်ပေါ့ဗျာ။

တနေ့မှာတော့ KNU ဘက်ကတပ်အောင်နိုင်ရေးအတွက်ဆိုပြီး ကောက်ခံထားတဲ့ငွေကို ကျုံပိုင်းတနယ်လုံးက စုပြီးပို့မယ်အ
လုပ် အဲဒီဗမာပြည်ကာကွယ်ရေးတပ်က တာဝန်ရှိသူတွေက ဖြတ်သိမ်းပြီး မပေးပဲနေတဲ့အပြင် သတ္တိရှိလျင်လာယူဆိုပြီး KNU ကိုပြောလိုက်တော့ တပ်အင်အားအလုံးအရင်းနဲ့ ဆင်းချလာတော့တာပေါ့ တိုက်ပွဲတွေဖြစ်ပြီး ပစ်ခတ်ကြတဲ့နောက် အင်အား
မမျှတဲ့ ဗမာပြည်ကာကွယ်ရေးတပ်သားတွေဟာ စောစောကပြောတဲ့ ကြာအင်းထဲကိုခုန်ချပြီး ဗေဒါပင်တွေအောက်မှာပုန်း
အောင်းနေကြရသတဲ့ အဲဒါကို ကရင်စာဆိုရှင် တစ်ယောက်က စာချိုးလေးချိုးခဲ့သတဲ့။

ဆ်ုလုထီးယိုဝ် မွဲါအ်ုလာ ထီ့လ်ုယွာ ဆွဲထါင်လင်ယွာ ကးကးဟှယ်ဟှယ် လင်နုင့်ဏါ ယှင်းတ္ဒုက်တယ် မေံထီ့ယွာ အဓိပ္ပါယ်
ကတော့ ဒီအချိန်ဒီကာလကတော့ အင်မတန်တွေးရခက်ပါတယ် ရေမစီးပဲနဲ့ ဗေဒါတွေမျောနေကြသလို အခက်အခဲနဲ့
ဆင်းရဲဒုက္ခတွေကြောင့် မျက်ရည် တွေတွေကျနေရပါတယ် တဲ့ဗျား။
အခုချိန်မှာတော့ တိုက်ပွဲဖြစ်လို့ အဲဒီအင်းထဲ ယောင်ပြီးခုန်မချလိုက်နဲ့ ရေကခါးလောက်တောင်မရှိတော့ဘူး။

ဆိုလိုချင်တာကတော့ ထိန်းသိမ်းဘို့မပြောနဲ့ ဒီနေရာမှာတချိန်တခါတုန်းက အင်မတန်သာယာလှပပြီး ကြာဖူး ကြာစွယ်
တွေနဲ့ပြည့်နေတဲ့ အင်းတအင်းရှိခဲ့လို့ ဒီရွာကိုကြာအင်းရွာလို့ ခေါ်တာကွယ့်လို့ပြောလိုက်လျင် နောင်မျိုးဆက်သစ်လေး
တွေက ပုံပြင်ပါကွာလို့ထင်မှတ်သွားနိုင်တဲ့ အခြေအနေမျိုးရောက်နိုင်ပါကြောင်း။

တဆက်တည်း BBC မြန်မာပိုင်းအစီအစဉ်က မစန္ဒာစီစဉ်တင်ဆက်ထားတဲ့ အင်းလေးကန်နဲ့ပတ်သက်တဲ့ အမေ့ခံပုံရိပ်
များအစီအစဉ်ကို နားသောတဆင်တော်မူနိုင်ပါကြောင်း။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက်ကရင်ဒုက္ခသည်တဦး)


Source Audio from http://www.bbcburmese.com