
Wednesday, 14 March 2012
The Voice ဂျာနယ်၌ ဖော်ပြခဲ့သော ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်
ဆးတွေ့ရှိသတင်းပါ ရေးသားချက်များနှင့် ပတ်သက်ပြီး
တရားစွဲရန် မသင့်တော်ဟု ရှုမြင်ကြ၊
အစိုးရသတင်းစာပါ ရေးသားဖော်ပြချက်သည် ကျင့်ဝတ်နှင့် ညီညွတ်မှုမရှိဟု ၀ါရင့် သတင်းစာဆရာများနှင့် ဥပဒေပညာရှင်များ သုံးသပ်
The Voice ဂျာနယ်၌ ဖော်ပြခဲ့သော “၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေး
တွေ့ရှိ” သတင်းပါ ရေးသားချက်များနှင့်ပတ်သက်ပြီး တရားစွဲရန် မသင့်တော်ကြောင်းနှင့် အစိုးရသတင်းစာ
ပါ သတင်းရေးသား ဖော်ပြချက်များသည် ကျင့်ဝတ်နှင့် ညီညွတ်မှုမရှိကြောင်း ၀ါရင့်သတင်းစာ ဆရာကြီးများ
နှင့် ဥပဒေပညာရှင် များက သုံးသပ်ခဲ့ကြပါသည်။
မတ်လ ၁၄ ထုတ် အစိုးရ သတင်းစာများတွင် “The Voice ဂျာနယ်တွင် ရေးသားထားသော သတ္တုတွင်းဝန်ကြီး
ဌာနနှင့် စပ်လျဉ်းသည့် ရေးသားချက်မှာ မှန်ကန်မှုမရှိ၊ စာစောင်ထုတ်ဝေသူနှင့် သတင်းရေးသား သူတို့အား ဥပ
ဒေကြောင်းအရ ဆောင်ရွက်သွားမည်”ဟု သတင်းဖော်ပြခဲ့ ခြင်းဖြစ်ပြီး အဆိုပါသတင်း၌ ဖော်ပြထားချက်များမှာ
ကျင့်ဝတ်နှင့် ညီညွတ်ခြင်းမရှိကြောင်း သုံးသပ်ခဲ့ခြင်း ဖြစ်ပါသည်။
အစိုးရ သတင်းစာများ၌ ဖော်ပြထားချက်မှာ "မတ်လ ၁၂-၁၈ ရက်စွဲပါ The Voice ဂျာနယ် အတွဲ(၈)၊ အမှတ်(၁၃)
တွင် "၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ”ဟူသော ခေါင်းစီးစာလုံးများဖြင့် သတင်းရေးသား ဖော်ပြခဲ့ရာ ယင်းသတင်း၌ သတ္တုတွင်းဝန်ကြီးဌာနနှင့် စပ်လျဉ်း၍ မမှန်မကန် ဖော်ပြမှုများ ပါဝင်
နေကြောင်း သိရှိရသည်”ဟု သတင်းပထမပိုဒ် တွင် ဖော်ပြခဲ့ပါသည်။
ထို့နောက် သတင်းဒုတိယပိုဒ်တွင် "စာနယ်ဇင်းများသည် နိုင်ငံတော်၏ စတုထ္ထမဏ္ဍိုင်ဖြစ်ရာ ပြည်သူ့အကျိုးစီးပွား
အတွက် မျက်နှာမလိုက်၊ ဘက်မလိုက်ဘဲ မှန်ကန်သည့် အကြောင်းအရာများအပေါ် အခြေခံပြီး တိကျမှန်ကန်စွာ အပြုသဘောဆောင် ရေးသားရမည်ဖြစ်သည်။
သို့မှသာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်(၃) ရပ် အပါအ၀င် ဌာနဆိုင်ရာ အသင်းအဖွဲ့၊ လူပုဂ္ဂိုလ်များအနေဖြင့် မီဒီယာ၏ အပြုသဘောဆောင်သည့် ထောက်ပြ၊ ပြုပြင်၊ တည့်မတ်မှုများ အပေါ် လေးစား
တန်ဖိုးထားပြီး လိုအပ်သည့် တည့်မတ်၊ ပြုပြင်၊ ထိန်းသိမ်း၊ အရေးယူမှုများကို ဆောင်ရွက် သွားနိုင်မည်ဖြစ်သည်”
ဟု ဖော်ပြခဲ့ ပါသည်။
သတင်းတတိယပိုဒ်တွင် “ယခု ကဲ့သို့ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေချိန်တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် မညီ၊ အပြုသဘောမဆောင်၊ ဂုဏ် သိက္ခာမ
ရှိသော အရေးအသားများဖြင့် ဌာနများ၊ အသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူပုဂ္ဂိုလ်များအပေါ် မမှန်မကန်စွပ်
စွဲရေးသားပါ တည်ဆဲ ဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူခြင်းခံရမည်သာ ဖြစ်သည်”ဟု ဆက်လက်ဖော်ပြ
ခဲ့ပါသည်။
သတင်းနောက်ဆုံးပိုဒ်၌ “သတ္တုတွင်းဝန်ကြီးဌာနသည် The Voice ဂျာနယ်တွင် ဖော်ပြပါရှိသကဲ့ သို့ ငွေကြေးအလွဲ
သုံး စားမှုနှင့် ငွေစာရင်းလိမ်လည်မှု၊ ဖုံးကွယ်မှု၊ ထိမ်ချန်မှု၊ လွှဲပြောင်းဖော်ပြမှု လုံးဝမရှိခဲ့ကြောင်း၊ The Voice ဂျာ
နယ်တွင် ရေးသားထားသော သတ္တုတွင်းဝန်ကြီးဌာနနှင့် စပ်လျဉ်းသည့် ရေးသားချက်မှာ မှန်ကန်မှုမရှိ၊ သတ္တုတွင်း
ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ပြည်သူလူထု၏ ယုံကြည်အားထားမှုကို ယုတ်လျော့နစ်နာစေသော မမှန်
မကန်စွပ်စွဲဖော်ပြ ရေးသားမှုများသာ ဖြစ်သည့်အတွက် The Voice ဂျာနယ်ထုတ်ဝေသူနှင့် သတင်းရေးသားသူတို့
အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနမှ သတင်းရရှိသည်”ဟု ဖော်ပြခဲ့
ပါ သည်။
ထိုသို့ဖော်ပြခဲ့သော သတင်း၌ ခိုင်မာသော သတင်းရင်းမြစ် မပါရှိ ခြင်း၊ The Voice ဂျာနယ်တွင် ဖော် ပြပါထား
သောအချက်များမှာ မမှန်မကန်စွပ်စွဲဖော်ပြ ရေးသားမှုများဖြစ် သည်ဟုဆိုလျှင်လည်း အဆိုပါဖော် ပြမှုကို ချေ
ဖျက်ပြောဆိုနိုင်သည့် မှန်ကန်သောအချက်များကို ရေးသားမှု မရှိခဲ့ခြင်း၊ အထူးသဖြင့် သတင်း၌ သတင်းအင်္ဂါရပ်
နှင့် သွေဖီသော ထင်မြင်ယူဆချက်များကိုသာ ဖော်ပြခဲ့ခြင်း အစရှိသောအချက်များက သတင်းစာကျင့်ဝတ်နှင့် ညီညွတ်မရှိကြောင်း ၀ါရင့်သတင်းစာ ဆရာကြီးများက သုံးသပ်ခဲ့ပါသည်။
“သတင်းစာက ဖော်ပြချက်ဟာ စွပ်စွဲချက်ပဲ ရှိပါတယ်။ သက်သေပြချက် အထောက်အထားကို ဖော်ပြနိုင် ခြင်းမရှိ
ဘဲ တစ်ဖက်သတ်စွပ်စွဲချက် ကိုသာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ကျင့်ဝတ်နဲ့ မညီပါဘူး။
သတင်းစာတိုက်ကလူတွေဟာ စာနယ်ဇင်းကျင့်ဝတ်ကို နားလည်တယ်၊ သိတယ်ဆိုရင် ဒီလိုသက်သေမရှိပဲ တစ်ဖက်
သတ် စွပ်စွဲချက်ဖြစ်နေတဲ့ သတင်း မျိုးကို ထည့်ဖို့တောင် မလိုပါဘူး”
ဟု ၀ါရင့်သတင်းစာဆရာကြီး လူထုဦး စိန်ဝင်းကပြောပါသည်။
လက်ရှိအချိန်တွင် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင်က ဒီမိုကရေစီ ကျင့်စဉ်များကို လက်ခံကျင့်သုံးနေ ချိန်၌ အစိုးရ
ဝန်ကြီးများ အနေဖြင့် လည်း နိုင်ငံတော် သမ္မတကြီးကဲ့သို့ ဒီမိုကရေစီကျင့်စဉ်များကို နားလည် ရန်လိုအပ်ကြောင်း
Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောပါသည်။
“ကျွန်တော့်အနေနဲ့ သမ္မတကြီးကို သမ္မတကြီးအနေနဲ့ clean government လို့ ဆိုထားပေမယ့် သမ္မတကြီးရဲ့ အစိုးရအဖွဲ့ဝင်တစ်ချို့ဟာ လာဘ်ပေးလာဘ်ယူ ကိစ္စတွေမှာ အရင်ကလိုပဲ ရှိနေသေး တယ်။
ခေါင်မလုံရင် အိမ်က ပျက်စီးမှာပဲလို့ ဝေဖန်ဖူးပါတယ်။
ဒါကို သမ္မတကြီးလို အစိုးရအဖွဲ့တာဝန်အ ရှိဆုံးသူကတောင် အစိုးရအဖွဲ့ဂုဏ်သိက္ခာထိပါးတယ်လို့ မယူဆခဲ့ဘူး။
ဒါဟာ အမှန်တရားပဲလေ။ ဒါဟာ သတင်းမီဒီယာရဲ့ အလုပ်ပဲ။
အခု ကိစ္စမှာ The Voice အနေနဲ့ ဘာမှမှားယွင်းခဲ့တယ်လို့ မမြင်ပါဘူး။ မယူဆပါဘူး။
အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေအနေနဲ့လည်း သမ္မတကြီး လို ဒီမိုကရေစီကျင့်စဉ်တွေကို နားလည်ဖို့လိုမယ်”
ဟု ဒေါက်တာသန်း ထွဋ်အောင်က ပြောကြားခဲ့ပါသည်။
အစိုးရသတင်းစာတွင် ဖော်ပြခဲ့သော သတင်းမှာကျင့်ဝတ်နှင့် လျော်ညီမှုမရှိသည့်အပြင် သတင်းပါ စွပ်စွဲချက်အ
တိုင်း တရားစွဲမည်ဆိုပါကလည်း အပြစ်ကျခံနိုင်စရာမရှိကြောင်း လူထုဦးစိန်ဝင်းက ဆက်လက်ပြော ကြားခဲ့ပါသည်။
“အခုကိစ္စမှာ တရားစွဲမယ်ဆိုရင်လည်း အပြစ်ကျခံရမှာ မဟုတ် ဘူး။ The Voice အပါအ၀င် ဂျာ နယ်တွေရေးခဲ့
တာက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာကို ရေးသားခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့ လွှတ်တော်ကို အစီရင်ခံခဲ့တယ်။
ဒီ အစီရင်ခံစာကို ဂျာနယ်တွေက သတင်းပြန်ရေးခဲ့တာဖြစ်တယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အစီရင် ခံစာကို ပြန်ပြီးသတင်းရေးတာဖြစ် တဲ့အတွက် ဒီထက်ခိုင်မာစရာ ဘာမှ မရှိတော့ဘူး။
ဂျာနယ်တွေမှာ လုံးဝ အပြစ်မရှိဘူး။ စတုထ္ထမဏ္ဍိုင်ပီသအောင် လုပ်ခဲ့တာပဲ ဖြစ်တယ်။
အခု အစိုးရသတင်းစာမှာ ဖော်ပြထားမှု က ဂျာနယ်တွေကို ခြိမ်းခြောက်တဲ့ သဘော ခြိမ်းခြောက်မှုဖြစ်နေတယ်။ ဂျာနယ်တွေကတောင် ပြန်ပြီးတရားစွဲဖို့ ကောင်းတယ်။
အစိုးရအဖွဲ့ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အစီရင် ခံစာကို ပြန်ပြီး သတင်းရေးသားတဲ့ သတင်းဂျာနယ်ကို
တရားစွဲမယ်ဆို တာဟာ တရားစွဲမယ်ဆိုတဲ့သူတွေရဲ့ ဆင်ခြင်တုံတရား အင်မတန်နည်းပါးလို့ပဲလို့ယူဆတယ်။
ဘယ် တရားရုံးမှ ဒီကိစ္စကို အရေးယူ ဆောင်ရွက်မယ်မထင်ဘူး”
ဟု လူထုဦးစိန် ၀င်းက ပြောကြားပါသည်။
ဝါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းနည်းတူ သတင်းစာဆရာကြီး ဦးသာဘန်းကလည်း အစိုးရသတင်းစာများ၏ သတင်းဖော်ပြမှာ ပေးတာရေး၊ ပါတာဖတ်ဖြစ်နေသည့်အတွက် အမြင်လွဲမှားမှုဖြစ်စေပြီး ကျင့်ဝတ်နှင့်အညီ တိတိ
ကျကျ ရေးသားသင့်ကြောင်း ထောက်ပြခဲ့ပါသည်။
“တစ်ပါတီအာဏာရှင် ခေတ်မှာ သတင်းအမှန် ဖော်ပြမှုတွေကို ပိတ်ထား၊ ဆို့ထားခဲ့ရာက ဒီနေ့လို ဒီမိုကရေစီသွား
နေတဲ့အချိန်မှာ ပြည်သူလူထု သိသင့်သိထိုက်တဲ့ အခုလိုသတင်းတွေကို ဂျာနယ်တွေက ဖော်ပြလာတာဟာ ၀မ်းသာ
စရာကောင်း ပါတယ်။
တစ်ပါတီအာဏာရှင်ခေတ် မှာ သတင်းစာတွေရဲ့ ရပ်တည်ချက် ကတော့ အမှန်ကို ဖော်ပြတာမဟုတ်ပဲသူတို့တွေက
ပေးတာရေး၊ စာဖတ်ပရိသတ်တွေက ပါတာဖတ်ဆို တဲ့ ဆိုတဲ့အဆင့်ပဲ ရှိပါတယ်။
သတင်းဆိုတာကတော့ မှန်တာကိုရေးရမယ်။ တိတိကျကျဖြစ်ရမယ်။
မှန် တယ်ဆိုလည်း မှန်တဲ့အကြောင်း၊ မှားတယ်ဆိုလည်း မှားတဲ့အကြောင်း ကို တိတိကျကျဖော်ပြရမယ်။
အခု ကိစ္စမှာတော့ ဂျာနယ်တွေဘက်က တိတိကျကျ ဖော်ပြထားတာ ဖြစ်လို့ တရားစွဲလာမယ်ဆိုရင် ပြန်ပြီးတော့ ခုခံသွားရမှာပေါ့ဗျာ။
ဖြစ်နိုင်မယ်ဆိုရင် သတင်းဂျာနယ်တွေအနေနဲ့ ဖြစ် ခဲ့တဲ့ ငွေကြေးအလွဲသုံးစားဖြစ်မှုတွေ ကို အတွင်းကျကျ စုံစမ်းဖော်
ထုတ်ပြီး ခိုင်မာတဲ့ရင်းမြစ်တွေနဲ့ သတင်းဖော် ပြသင့်ပါတယ်။
ဥပမာ - ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာ့အလင်း သတင်းစာတိုက် ငွေကြေးအလွဲသုံးစား ပြုမှုရဲ့ နောက်ကွယ်က ကိစ္စမျိုးတွေ ကို အတွင်းကျကျ ဖော်ထုတ်ရေးသား သင့်ပါတယ်”
ဟု ၀ါရင့်သတင်းစာ ဆရာကြီး ဦးသာဘန်းက ပြောကြား ခဲ့ပါသည်။
အစိုးရသတင်းစာပါ သတင်းဖော်ပြချက်နှင့်ပတ်သက်ပြီး တရား လွှတ်တော်ရှေ့နေ ဦးသန်းမောင်က သုံးသပ်ခဲ့ရာတွင် အကြောင်းအရာအရThe Voice သတင်းဂျာနယ်၏ဖော်ပြမှုသည် မှားယွင်းမှုဟုမဆိုနိုင်ကြောင်းပြောကြားခဲ့ပါသည်။
“အကြောင်းအရာအရ ကြည့်မယ်ဆိုရင် The Voice ရဲ့ဖော်ပြမှုက မှားယွင်းတယ်လို မဆိုနိုင်ပါဘူး။
သူတို့ရေးတဲ့ သတင်းကို ပြန်ကြည့်ရင်လည်း ဒီအချက်ကိုတွေ့ရမှာပါ။
သူတို့အနေနဲ့ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးက ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့တဲ့ အစီရင်ခံစာကို အခြေခံပြီး
ရေးသားခဲ့တယ်လို့ သူတို့သတင်း မှာ သတင်းရင်းမြစ် ဖော်ပြခဲ့ပါတယ်။
နောက်ပြီး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ပြောစကားကိုလည်း သတင်းရင်းမြစ် ထုတ်ဖော်ပြီး ရေးသားခဲ့
ပါတယ်။
ဒါကြောင့် သတ္တုတွင်းဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စဟာ မှားယွင်နေတယ်၊ မှားယွင်းဖော်ပြမှု သာဖြစ်တယ်ဆိုရင် ဒီအ
ချက်တွေကို ဖော်ထုတ်တဲ့၊ အဓိကတာဝန်ရှိတဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက တာဝန်ရှိသူတွေနဲ့သာ ဖြေရှင်းရ
မှာ ဖြစ်ပါတယ်။
The Voice နဲ့မဆိုင်ပါဘူး။
သူတို့သတင်းမှာလည်း ပြည် ထောင်စုစာရင်းစစ်ချုပ်ရုံး အစီရင်ခံ စာမှာပါတဲ့ အချက်အလက်တွေနဲ့ ပြည်သူ့လွှတ်
တော် ကိုယ်စားလှယ် တွေရဲ့ စကားကိုပဲ ဖော်ပြတာပါ။ သူတို့ထင်မြင်ယူဆချက် မပါပါဘူး။
အများပြည်သူ သိသင့်သိထိုက်တာ ကိုပဲ သတင်းဂျာနယ်အနေနဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်”
ဟု တရားလွှတ် တော်ရှေ့နေ ဦးသန်းမောင်က ပြောကြားခဲ့ပါသည်။
The Voice ဂျာနယ်၌ ဖော်ပြခဲ့သော သတင်းသည် ကျင့်ဝတ်နှင့်အညီ ဖော်ပြခဲ့ခြင်းဖြစ်သည့်အတွက် ယခုကိစ္စရပ်
၌ Eleven Media Group အနေဖြင့် The Voice ဂျာနယ်ဘက်မှ ရပ်တည်သွားမည်ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။
“နောက်တစ်ခုက ၀န်ကြီးတစ်ဦးရဲ့လစာက ၅သိန်းပဲ ရတယ်။ အခု အစိုးရအဖွဲ့ သက်တမ်းတစ်နှစ်အတွင်းမှာ သူနဲ့သူ့သားသမီးတွေပိုင်ဆိုင်မှု က သိန်း ၅၀၀၀၀လောက်ရှိသွားပြီ လို့ ခန့်မှန်းရတယ်။
အဲဒီတော့ ကျွန် တော်တို့က လာဘ်ပေး၊ လာဘ်ယူမှု တွေ ဒီဝန်ကြီးဌာနမှာ ရှိလောက် တယ်လို့ ရေးတယ်။
ဒါကို မမှန်မကန် စွပ်စွဲတယ်။ ကျင့်ဝတ်နဲ့မညီဘူး။ အပြုသဘော မဆောင်ဘူးလို့ စွပ်စွဲလို့ မရဘူး။
ကျွန်တော်တို့ သတင်းမီဒီယာဆိုတာ ရဲမဟုတ်ဘူး။ သက်သေ အတိအကျ မရနိုင်ဘူး။
ကျွန်တော်တို့ ရေးတဲ့ သတင်းအပေါ် မှာ အငြင်းပွားရင် ရဲတို့၊ စသုံးလုံး တို့က စစ်ဆေး၊ အများသူငါ ထင်သာ မြင်
သာအောင် သတင်းထုတ် ပြန်ပေါ့။ အခုကိစ္စမှာလည်း အငြင်းပွားဖွယ်ရှိရင် ပြည်ထောင်စုလွှတ်တော်၊ စာရင်းစစ်ချုပ်၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့က ၀င်စစ်ဆေးပေါ့ဗျာ။ ကျွန်တော်တို့ သတင်းမီဒီယာ မှာ ထောက်ပြ
စရာတွေထပ်ရှိသေးရင်လည်း ထောက်ပြမှာပေါ့။
ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကို တင်ပြထားတဲ့ အစီရင်ခံစာ
လည်း ရှိပါ တယ်။
ဒီကိစ္စမှာ The Voice ရဲ့ သတင်း ဖော်ပြချက်တွေဟာ ကျင့်ဝတ် နဲ့အညီ ဖော်ပြခဲ့တာဖြစ်တယ်။
ဒါကြောင့် Eleven Media Group အနေနဲ့ The Voice ဂျာနယ်ဘက်က ရပ်တည်သွားမယ်”
ဟု ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။
The Voice ဂျာနယ်အနေဖြင့် မတ်လ၁၀ရက်နေ့က ထုတ်ဝေခဲ့သော ဂျာနယ် အတွဲ-၈၊ အမှတ် ၁၃၌ ၀န် ကြီးဌာနအ
ချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိသတင်းကို မျက်နှာဖုံး သတင်းအနေဖြင့် ဖော်ပြခဲ့ခြင်းဖြစ်
ပါသည်။
သတင်း၏ပထမပိုဒ်၌ “ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန များ၏ ကျပ်သိန်း
ပေါင်း ထောင်ချီသော ငွေကြေး အလွဲသုံးစားပြုမှုများ နှင့် ငွေစာရင်း မမှန်မကန် ဖော်ပြမှုများကို ပြည်ထောင်စု
စာရင်း စစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်”
ဟု ဖော်ပြခဲ့သည်။
အဆိုပါသတင်း၌ သတ္တုတွင်း ၀န်ကြီးဌာနနှင့် ပတ်သက်ပြီး သတင်းစာ ပိုဒ်တစ်ပိုဒ်သာ ဖော်ပြခဲ့ပြီး ယင်းဖော်ပြချက်
မှာ”သတ္တုတွင်း ၀န်ကြီးဌာန အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၏ မုံရွာကြေးနီစီမံကိန်း၏ အစု ရှယ်ယာ ၅၀ရာခိုင်နှုန်း
အား ဒေါ်လာ သန်းတစ်ရာဖြင့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့သည့် ဖြစ်စဉ်တွင် ငွေပေးချေမှုများ၌ ဦးပိုင်လီမိတက်က ပေးချေရမည့်အစား နိုင်ငံခြား ကုမ္ပဏီတစ်ခုက ပေးချေခဲ့ခြင်း စသည့်ဖြစ်စဉ်များ ပါဝင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ရှင်းပြသည်”
ဟု ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။
voice ကရေးတာ မှားနေတာက ကျပ်သိန်းထောင်ချီမဟုတ်ပါဘူး .. ဒေါ်လာ သိန်ထောင်ချီဖြစ်နေလို့ နေမှာ
အင်း...ဒီကိစ္စကတော့ ညောင်မြစ်တူးသလိုနဲ့ ပုတ်သင်ဥပေါ်နိုင်တဲ့ကိန်းပဲ...နောက်ပြီး အထူးသတိထားမိတာ
က ..ပြန်ကျားရေးက ဆတ်ဆတ်ထိမခံ .ကိုဂွတို တစ်ယောက် ငြိမ်နေတာလား....ဒါမှမဟုတ် ..သူ့လက်ချက်လား
တော့မသိဘူး... ဒီလိုသတင်းမျိုးရေးနိုင်တာ မီဒီယာပဲ ရှိလို့ ခုကိစ္စမှာ.. မီဒီယာရဲ့ ဖော်ပြချက်ကို ...ထောက်ခံ
တယ်။
ps.. အပေါ်မှာ သတ်ပုံမှားအောင်ရိုက်ထားတာ...
ဝန်ကြီးတွေက ပြုတ်မှာမဟုတ်ပါဘူး..လယ်ဆည်ဝန်ကြီးဆို လယ်မြေတွေကို သိမ်းပြီး သူ့မြေးအမည်နဲ့တောင်
လုပ်ထားပြီးပြီ။
ညွှန်မှူးတွေ အားလုံးသိပေမဲ့ ဘာမှမပြောရဲဘူး။
ဘာလို့ မတိုင် ရဲလဲလို့ ကျွန်တော်မေးတော့ သူကိုဘာမှလုပ်လို့မရဘူးတဲ့။
စစစလုံးကလာစစ်တာ တောင်အေးဆေးပဲဟာတဲ့။
ကျွန်တော်ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး။
သိန်းတစ်သောင်းကုန်ပြီးတဲ့ ဆည်က ၃၅%နှုန်း ပဲပြီးသေးကြောင်း .... သိန်းတစ်ထောင်ကုန် ပြီးတဲ့ ဆည်က ၁%နှုန်းပဲ ပြီးသေးကြောင်း ၀မ်းနည်းစွာနဲ့သိရပါတယ်။
မင်းတို့ သတ္တိ ရှိတယ်ဆိုရင်တော့တရားဆွဲကြည့်လိုက်လေ။ ကိုယ့် လိပ်ပြာ ကိုယ်လုံတယ်ဆိုရင်ပေါ့။
စိန်ခေါ်ပြီးရင်တော့ ဘွာမခတ်ကြေးနော်။
မင်းတို့ဘာတွေလုပ်ထားတယ်ဆိုတာ မင်းတို့သိပါတယ်။
ဒါကိုဝန်ခံပြီး ရိုးရိုးသားသားရှင်းပေါ့။ မြန်မာလူမျိုးဆိုတာခွင့်လွှတ်တတ်ပါတယ်။
ဒါကိုမှ ကိုယ့် မိုက်ပြစ် ကိုယ်မသိပဲ ပြည်သူတွေကို စိန်ခေါ်ရင်တော့ မင်းတို့တွေ မင်းမိသားစုတွေအတွက် ထောင်
အပြင် တန်းမရှိပါဘူး။
ကိုယ့်ကိုကိုယ် လုံးဝ အပြစ်မရှိဘူးထင်ရင်တော့ ဆက်လုပ်ပါ။

အယ်ဒီတာ ကိုကျော်မင်းဆွေ နဲ့ VOA သတင်းထောက် ကိုသားညွန့်ဦးတို့ ရဲ့ ဆက်သွယ်မေးမြန်းထားချက်
Copy NEWS Audio from http://www.voanews.com/burmese/news/
Copy NEWS Audio from http://www.voanews.com/burmese/news/