
Source Photo from http://www.usmagazine.com
Charlize Theron မှ ကလေးငယ်တစ်ဦးကို မွေးစား
အကယ်ဒမီ ဆုရှင် သရုပ်ဆောင် Charlize Theron မှာ သူမ၏ အောင်မြင်မှုများထဲတွင် မိခင် ဘဝ၏ အောင်မြင်မှု
တစ်ခုကို ထပ်မံ ထည့်သွင်း လိုက်နိုင်ခဲ့ပြီဖြစ်သည်။
အသက် ၃၆ နှစ် ရှိပြီဖြစ်သည့် ဟောလီးဝုဒ် သရုပ်ဆောင် ဖြစ်သူ Theron အနေဖြင့် Jackson ဟု အမည်ရသည့်
ကလေးငယ် တစ်ဦးကို မွေးစားလိုက်ပြီ ဖြစ်ကြောင်း သူမ၏ ကိုယ်စားလှယ် ဖြစ်သူ မှ ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်ရပ်နှင့် ရင်းနှီးသူ တစ်ဦး၏ အပြောအရ ကလေးငယ်မှာ အာဖရိကန်- အမေရိကန် သွေးနှော
ကလေးငယ် တစ်ဦးဖြစ်ပြီး အမေရိကန်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ချစ်သူနှင့် ၂၀၁၀ ခုနှစ်ကပင် ပြတ်
စဲခဲ့သည့် Charlize Theron မှာ မိသားစု ဘဝကို လိုချင်ကြောင်း ယခင်ကပင် ပြောကြား ထားခဲ့သူ ဖြစ်ပြီး
ယခုလို ကလေး မွေးစားခွင့် ရခြင်းဖြင့် မိမိ၏ ဘဝတွင် အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှု အတွက် ဘုရားသခင်၏ ကောင်းချီးပေးမှုကို ကောင်းစွာ ရရှိထားပြီး ဖြစ်ကြောင်းနှင့် မိမိ အနေဖြင့် မိခင် တစ်ဦး
အဖြစ် နေထိုင်နိုင်မည့် ဘဝကိုလည်း ယခု ရရှိသွားပြီ ဖြစ်သည်ဟု သူမမှ ပြောကြား သွားခဲ့သည်။
source : US weekely
Copy from http://www.mrtv4.net.mm