View Photo Gallery — An assembled group of leaders and cultural icons speak about the humanitariancrisis faced by Sudanese before arrest.
Source Photo from http://www.washingtonpost.com
သရုပ်ဆောင် George Clooney ဆူဒန်သံရုံးအနီးတွင် အဖမ်းခံရ
Saturday 17th March 2012
သောကြာနေ့ နံနက်ပိုင်းက ဟောလီးဝုဒ်ရှိ နာမည်ကျော် သရုပ်ဆောင် ဖြစ်သူ George Clooney မှာ ဝါရှင်တန် ဒီစီရှိ ဆူဒန် သံရုံး ပြင်ပတွင် ဆန္ဒပြမှု
ပြုလုပ်နေစဉ် အတွင်း အဖမ်း ခံလိုက်ရပြီ ဖြစ်သည်။ အသက် ၅၀ ရှိပြီ ဖြစ်သည့် Clooney မှာ ဆူဒန် နိုင်ငံတွင် ဖြစ်
ပွားနေသည့် ပြဿနာများကို ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်ကာ သံတမန်ရေးရာအရ ကြားဝင်စေ့စပ်
ရန်လည်း ဖိအားပေး တိုက်တွန်းခဲ့သူ ဖြစ်သည်။
George Clooney မှာ ဆူဒန် ခရီးစဉ်ကို မိတ်ဆွေများနှင့် အတူ သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ဗုဒ္ဓဟူးနေ့က ကွန်ဂရက် ရှေ့မှောက်တွင် ပြောကြားခဲ့ခြင်း ဖြစ်ကာ ဆူဒန် နိုင်ငံတွင် ကြောက်လန့်စရာ အခြေအနေများ ဆက်တိုက် ဖြစ်ပွားနေရပြီ ဖြစ်ကြောင်း ဆီးနိတ် နိုင်ငံခြား ဆက်သွယ်ရေး ကော်မစ်တီသို့ လည်း ပြောခဲ့ပြီး ကလေးငယ်များမှာလည်း ဗုံးစများ ထိမှန်ခံရသည့် ကလေးငယ်များကို တွေ့ခဲ့ရကြောင်းနှင့် အသက် ၉ နှစ်
အရွယ် ကလေးငယ်မှာ ၎င်း၏ လက်နှစ်ဖက်လုံး ပြတ်နေသည်ကို တွေ့ခဲ့ရကြောင်းလည်း ပြောခဲ့သည်။
ယခု ဖြစ်ရပ်မှာ George Clooney အတွက် ခက်ခဲသည့် ရက်သတ္တပတ် တစ်ခု ဖြစ်ခဲ့ရပြီး လွန်ခဲ့သည့် ဗုဒ္ဓဟူး
နေ့ ညက ဝါရှင်တန်တွင် အိုဘားမားနှင့် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတို့နှင့် အတူ ညစားစားရန်
ဖိတ်ကြားခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။
source : CNN
Copy from http://www.mrtv4.net.mm
သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/---03_16_12_my-news-international----142991335.html




