• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, March 18, 2012

ဦးအောင်မြင့်(ဘိုကလေး)ကို စိတ္တဇ ဆေးရုံသို့ မတရား ပို့

U Aung Myint of NLD

ဦးအောင်မြင့်(ဘိုကလေး)ကို စိတ္တဇ ဆေးရုံသို့ မတရား ပို့


ဇာဏီ/Burma VJ Media Network
မတ် ၁၈၊ ၂၀၁၂

အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အကျဉ်းသား
ဝတ်စုံနှင့် သံခြေကျင်းကို ဝတ်ဆင်ပြီး တကိုယ်တော် ဆန္ဒထုတ်ဖော်နေသည့် ဘိုကလေးမြို့မှ ဦးအောင်မြင့်သည်
မတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ကို ရောက်ရှိလာစဉ် နေ့လည် ၃း၀၀ နာရီအချိန်မှာ အာဏာပိုင်တွေက လာ
ရောက် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်းရရှိပါသည်။ ဦးအောင်မြင့်၏ သမီးဖြစ်သူ မနှင်းထက်ထက်
အောင်ကိုပါ တပါတည်း ခေါ်ဆောင်သွားခဲ့ပါသည်။

ဦးအောင်မြင့် နှင့် အတူ ဖမ်းဆီးခံလိုက်ရသည့် သမီးဖြစ်သူ မနှင်းထက်ထက်အောင်ကို မတ်လ ၁၆ ရက်နေ့
နေ့လည် ပိုင်းက ပြန်လွှတ်ပေးလိုက်ပြီး ဦးအောင်မြင့်ကိုတော့ ရွာသာကြီး စိတ္တဇဆေးရုံကို ဒုရဲအုပ် ဇော်မိုးက သွားရောက်ပို့ဆောင်ခဲ့ပါသည်။ စိတ္တဇ ဆေးရုံမှာ ဦးအောင်မြင့်ကို ရိုးရိုးလူနာဆောင်မှာ လူနာပြည့်နေတယ်
ဆိုတဲ့ အကြောင်းပြချက်နဲ့ မှုခင်းအဆောင် (စိတ္တဇ ဝေဒနာရှင်တွေ မှုခင်းဖြစ်ပွါးလျှင် ထားသည့်အခန်း) မှာ
ထားရှိသည်ဟု သိရှိရပါသည်။

လာမည့် မတ်လ ၁၉ ရက်နေ့ နေ့လည် ၁၁း၀၀ နာရီမှာ ဆေးရုံမှ ဆရာဝန်တွေက အစည်းအဝေးထိုင်ပြီး ဦးအောင်မြင့်ကို ရောဂါရှိ/မရှိ စစ်ဆေးမှာဖြစ်ပါသည်။ စိတ္တဇဆေးရုံမှ တာဝန်ကျဆရာဝန်က လာမည့်
တနင်္လာနေ့မှာ စစ်ဆေးလို့ ရောဂါ မရှိဘူးဆိုရင် အုပ်ထိန်းသူထံ ပြန်လည် အပ်နှံမှာ ဖြစ်တယ်၊ ပြန်အပ်မယ်
ဆိုတာက လာရောက်ပို့ဆောင်ပေးသည့် ဒုရဲအုပ် ဇော်မိုးကိုပဲ ပြန်အပ်မလားဆိုတာ တနင်္လာနေ့ကျရင် လာ
ကြည့်ရမယ်။
အပြစ်မရှိတဲ့ လူကို ၂၄ နာရီကျော်ကြာ ထိန်းသိမ်းထားပြီး သူတို့အပြစ် ဖုံးကွယ်ချင်တဲ့အနေနဲ့ ဦးအောင်မြင့်မှာ
စိတ်ရောဂါ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို စိတ္တဇ ဆေးရုံကို ပို့လိုက်တာဟာ ဦးအောင်မြင့်၏ ဂုဏ်
သိက္ခာကို ညှိုးနွမ်းစေပါတယ်လို့ စိတ္တဇ ဆေးရုံကို သွားရောက်ကြည့်ရှုခဲ့သည့် မိသားစုဝင်တဦးက ဘားမား
ဗီဂျေ မီဒီယာကို ပြောပါသည်။

အကျဉ်းသားဝတ်စုံ အပြာရောင်ဝတ်ဆင်ထားခြင်းဟာ ရာဇဝတ်မှုမမြောက်ပေမဲ့ ဒုရဲအုပ် ဇော်မိုးက ထိုဝတ်စုံကို
အတင်းအဓမ္မ ချွတ်ပစ်ခဲ့တယ်လို့လဲ သိရှိရပါသည်။

Copy from http://moemaka.com/2012/03/u-aung-myint-of-nld/



Source NEWS Audio from
http://www.voanews.com/burmese