• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, April 4, 2012

တိုင်းမယ့် ပေတံ အရွေးမှန်ပါစေ


တိုင်းမယ့် ပေတံ အရွေးမှန်ပါစေ

 (မင်းစိုးစံ)

ဒီကေဘီအေ ခွဲထွက်အဖွဲ့ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မည် ဆိုတဲ့ခေါင်းစဉ်ရဲ့
20 12-03-29 ရက်စွဲနဲ့ သတင်းဖေါ်ပြချက်ရဲ့ အနှစ်ချုပ်ကတော့ အောက်ကအတိုင်းပဲဖြစ်ပါတယ်။

လောလောဆယ် မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲထားပြီး၊ နောက်တစ်ဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေး
ဖြေရှင်းရမယ်လို့ယုံကြည်ကြောင်း၊ အဲဒီလိုဖြေရှင်းတဲ့အခါ KNU ရဲ့ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်
ရွက်မှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ စောဂုဏ်အောင်က ပြောပါတယ်။ 

ကျနော်တို့ နိုင်ငံရေးအရလည်း ဆက်ပြီးတော့ဖြေရှင်းရမှာဖြစ်တယ် အဲဒီနိုင်ငံရေးအရဖြေရှင်းရတာတော့ မိခင်
ဖြစ်တဲ့ KNU ကနေပြီးတော့ဦးဆောင်ပြီးတော့ ဆွေးနွေးဘို့ အစီအစဉ်ရှိတယ်၊ အခု DKBA ကလိုထူးဘော အနေ
နဲ့ကတော့ ကျနော်တို့ပြည်သူလူထုတွေကလည်း စစ်ပမ်းနေတဲ့အတွက်ကြောင့်မို့လို့ အဲဒီပြည်သူလူထုတွေရဲ့ 
ဖွံဖြိုးရေးအတွက် ပြန်ပြီးတော့အခု အဆောက်အဦတို့လမ်းတို့ ဆေးရုံတို့ကျောင်းတို့ အဲဒါတွေပြန်ပြီးဆောက်
နေပါတယ်။ 

လာမယ့် ဧပြီလ ၁ရက်နေ့မှာ ကလိုထူးဘော(DKBA)အနေနဲ့ ညီလာခံတရပ်ခေါ်ယူဘို့ရှိနေပြီး အဖွဲ့ဝင်တွေအပြင်
 ပြည်သူလူထုကိုယ်စားလှည်တွေကိုလည်း တက်ရောက်ဘို့ ဖိတ်ခေါ်ထားပါတယ်၊ ဒီညီလာခံမှာလက်ရှိနိုင်ငံရေး
အခြေအနေအပေါ် သဘောထားတွေကို ဆွေးနွေးမှာဖြစ်သလို ကလိုထူးဘော(DKBA)ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းတ
ရပ်ကိုလည်း ချပြဆွေးနွေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ 

ဒီကေဘီအေ နိုင်ငံရေးအဖွဲ့ တခုတိုးချဲ့ဖွဲ့စည်း ဆိုတဲ့ ခေါင်းစဉ်ပါ သတင်းကိုတော့ April 03, 2012 ရက်စွဲနဲ့ အခုလိုတခါ ထွက်လာပြန်ပါတယ်၊ အနှစ်ချုပ်ကတော့ အောက်ကအတိုင်းပါပဲ။

ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)က ကလို့ထူးဘော ကရင်အစည်းအရုံး(KKO)လို့အမည်ပေးထားတဲ့ နိုင်ငံရေးအဖွဲ့တခုကို မနေ့က တိုးချဲ့ဖွဲ့စည်း လိုက်ပါတယ်။ 

KKO တွဲဘက်အတွင်းရေးမှူး (၂) စောလုံ့လုံက ကျနော်တို့အနေနဲ့ တကယ်လို့များပေါ့နော် လွှတ်တော်မှာ တက်ရောက်စကားပြောမယ့်အချိန်ရောက်လာမယ်ဆိုလို့ရှိလျင် အဆင်သင့်ဖြစ်အောင် KKO ဆိုတဲ့အဖွဲ့အ 
စည်းကိုဖွဲ့ပြီး ပါဝင်နိုင်အောင်ကြိုတင်ပြီးတော့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်၊ ကျနော်တို့ DKBA ကလိုထူးဘောစစ်တပ်အနေနဲ့ ပြောင်းသွားတဲ့ပုံစံတော့ မဟုတ်သေးဘူး၊ ဒါနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ဘာ
မျှ မချရသေးဘူး မကြာခင်တပ်မှူးညီလာခံလုပ်မယ်၊ ပြီးတော့မှ ဘာတွေများသဘောထားပြောင်းမလဲ။ မဆုံး ဖြတ်ရသေးဘူးခင်ဗျ။ 

DKBA ဌာနချုပ်မြ၀တီခရိုင် ဆုံဆည်းမြိုင်ရွာမှာ ဘာသာရေးခေါင်းဆောင်တွေ ကရင်လူထုနဲ့ ကရင့်နိုင်ငံရေးအ ဖွဲ့ကိုယ်စားလှည်တွေ တက်ရောက်ခဲ့တဲ့ မနေ့ကလူထုဆန္ဒခံယူပွဲမှာ KKO အဖွဲ့ရဲ့ ဖွဲ့စည်းပုံကို ဆွေးနွေးအတည် ပြု
ခဲ့ကြတယ်လို့ လည်းပြောပါတယ်။ KKO အဖွဲ့ဗဟိုလ်ကော်မီတီမှာ မန်းရောဘတ်ဘဇံက ဥက္ကဌ၊ ဗိုလ်ချုပ်စောမို
ရှေး က ဒု- ဥက္ကဌ၊ အတွင်းရေးမှူး က စောဂုဏ်အောင်တို့ ရွေးကောက်ခံခဲ့ရတယ်ဆိုတာ သိရှိရပါတယ်။ 

အဲဒီတော့ ဒီသတင်းနှစ်ခုဟာ တခုနဲ့တခု ဆက်စပ်နေတာတွေ့ရသလို ဒီကနေ့ ကျုပ်တို့ကရင့်အဖွဲ့အစည်းတွေ
အတွင်း လုပ်ကိုင်ဆောင်ရွက်မှုနဲ့ပတ်သက်လို့ တဖွဲ့နဲ့တဖွဲ့ဖြစ်စေ၊ အဖွဲ့အစည်းတခုအတွင်းမှာဖြစ်စေ ဟန်ချက် ညီမှညီရဲ့လားလို့ တွေးမိပါတယ်။
တည့်တည့်ပြောကြေးဆိုလျင် အမြင်သဘောထားတွေကို အကြေအလည်ညှိနှိုင်းဆွေးနွေးမှုအပိုင်းမှာ နည်း
နည်း အားပျော့နေတာကို ခံစားရသလိုလိုရှိမိပါတယ်။

ပထမထွက်လာတဲ့သတင်းက နောက်မှထွက်လာပြီး နောက်ထွက်လာတဲ့သတင်းက အဦးဆုံးသာဆိုလျင် အဲဒီ လို စောစောက တယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ အကြေအလည်မှရှိရဲ့လား ဆိုတဲ့ သံသယစိတ်မျိုး ဖြစ်ပေါ် လာနိုင်တဲ့ အနေအထားမျိုး ရောက်လာမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။

ဘာကြောင့်လဲဆိုတော့
အဲဒီနိုင်ငံရေးအရဖြေရှင်းရတာတော့ မိခင် ဖြစ်တဲ့ KNU ကနေပြီးတော့ဦးဆောင်ပြီးတော့ ဆွေးနွေးဘို့အစီအ စဉ်ရှိတယ်၊  အခု DKBA ကလိုထူးဘော အနေနဲ့ကတော့ ကျနော်တို့ပြည်သူလူထုတွေကလည်း စစ်ပမ်းနေတဲ့ အတွက်ကြောင့်မို့လို့ အဲဒီပြည်သူလူထုတွေရဲ့ ဖွံဖြိုးရေးအတွက် ပြန်ပြီးတော့အခု အဆောက်အဦတို့လမ်းတို့
ဆေးရုံတို့ကျောင်းတို့ အဲဒါတွေပြန်ပြီးဆောက် နေပါတယ်။ 

ကျုပ်နားလည်တာက နိုင်ငံရေးနဲ့ဆိုင်တာတွေကို မိခင်KNU ကဦးဆောင်ပါ ပြန်လည်တည်ဆောက်ရေးနဲ့ ပတ် သက်တာတွေကိုတော့ DKBA ကလိုထူးဘော ကတာဝန်ယူမယ် လို့ ဆိုလိုက်တာလို့ထင်ပါတယ်။
တကယ်လို့သာ DKBA ကလိုထူးဘော အနေနဲ့ အဲဒီလိုမပြောပဲ

အခုလက်ရှိအခြေအနေအရ ပြန်လည်ထူ ထောင်ရေးအတွက် နှစ်ဖွဲ့ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြမယ့်အပြင်
 နိုင်ငံရေးနဲ့ဆိုင်တဲ့ဘယ်လိုဆွေးနွေးမှုမျိုးမှာ မဆို မိမိတို့အနေဖြင့် မိခင်KNU ကို ၀န်းရံပြီး အတူတကွအကောင်
အထည်ဖေါ် ဆောင်ရွက်ကြမှာဖြစ်ပါတယ်။

လို့သာပြောလိုက်မယ်ဆိုလျင် နှစ်ဦးနှစ်ဝ အကျိုးရှိစေမယ့်အပြင် ကရင်လူထုကလည်း အင်မတန်ကိုအားရ ကြေ
နပ် ၀မ်းမြောက်ကြမှာပါ၊ အခုတော့ဗျာ DKBA ကလိုထူးဘောက နိုင်ငံရေးနဲ့ ပတ်သက်လာသမျှ KNU ကိုအလွန်
အကျွံ အားကိုးနေတယ်ဆိုတဲ့ အတွေးမျိုးရောက်သွားပြီးမျှ တခါ

ကျနော်တို့အနေနဲ့ တကယ်လို့များပေါ့နော် လွှတ်တော်မှာ တက်ရောက်စကားပြောမယ့်အချိန်ရောက်လာမယ် ဆိုလို့ရှိလျင် အဆင်သင့်ဖြစ်အောင် KKOဆိုတဲ့ အဖွဲ့အစည်းကိုဖွဲ့ပြီးပါဝင်နိုင်အောင်ကြိုတင်ပြီးတော့တည်ထောင်
ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်၊
လို့ ဆိုလိုက်တော့ KNU ရဲ့ ပါဝင်ပတ်သက်မှုအပိုင်းကို လျှော့ချချင်လို့ အခုလို နိုင်ငံရေးအဖွဲ့အစည်းတခုကို
နောက်မှဖွဲ့စည်းလိုက်တာများလားဆိုတဲ့ အတွေးမျိုး ဖြစ်ရပြန်ပါတယ်။

နိုင်ငံရေးဆိုတဲ့ စကားလုံးဟာ အင်မတန်နက်နဲပြီး ကျယ်ပြန့်လွန်းတဲ့အတွက် လုပ်ရကိုင်ရတာလည်း အင်မတန်
ကို အထိအရှမခံတဲ့ အပိုင်းမျိုးတွေရှိတတ်ပါတယ်၊ ကျုပ်ကတော့ အဲဒီအကြောင်းတွေကိုအထူးသင်ကြား ပို့ချပေး
တဲ့ နိုင်ငံရေးသိပ္ပံကျောင်းတွေ ဘာတွေမတက်ဘူးတော့ မပြောတတ်ဘူး၊ နားမလည်ဘူး။

ကျုပ်နားလည်သလိုရေးရလျင်ဖြင့် ကရင့်ရိုးရာချောတိုင်တက်ပွဲအားကစားမှာ တကိုယ်တော်ယှဉ်ပြိုင်ရတဲ့ ပွဲမျိုး
ရှိသလို အများနဲ့ စုဖွဲ့ယှဉ်ပြိုင်ရတဲ့ ပွဲမျိုးလည်းရှိပါတယ် တယောက်ချင်းစီက ယှဉ်ပြိုင်ဗိုလ်စွဲထားတဲ့သူတွေနဲ့ စု
 ပြီး ဖွဲ့ထားတဲ့ အုပ်စုအနေနဲ့တဘက်အသင်းကိုနိုင်ဘို့ဆိုတာ သူတို့အားလုံးရဲ့အယောက်စီတိုင်းရဲ့ အတွေ့အကြုံ
 တွေကို အိတ်သွန်ဖါမှောက် အားထုတ်အသုံးပြုနိုင်ရပါမယ်။

ငါကတော့ ဘယ်နေ့က ဘယ်ပွဲမှာ ဘယ်လိုနိုင်ခဲ့တဲ့လူကွ။ ငါကတော့ ဆယ်နှစ်တိတိအနိုင်ရခဲ့ဘူးတဲ့ လူကွ။
ငါကတော့ ယှဉ်ပြိုင်နေစရာမလိုပဲ နာမည်စာရင်းလေးပေးလိုက်ရုံနဲ့ ဆုကြေးရပြီးသား လူကွ။
 စတဲ့စတဲ့ ကိုယ်စီကိုယ်ငှ ရှိနေကြတဲ့ အရည်အချင်းကောင်းတွေကို တလွဲဆံပင်ကောင်းမနေကြပဲ၊ ကရင်ပြည်သူ
လူထုနဲ့ အဖိနှိပ် ခံပြည်သူလူထုတရပ်လုံးအတွက် အသုံးပြုနိုင်ကြစေလိုပါကြောင်း။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး